Li Auto ပထမဆုံး လျှပ်စစ်ကားစစ်စစ် မတ်လတွင် ကားပေးပို့အပ်နှံခြင်း စတင်မည်


Li Auto ပထမဆုံး လျှပ်စစ်ကားစစ်စစ် မတ်လတွင် ကားပေးပို့အပ်နှံခြင်း စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်နိုင်ငံမှ Li Auto Inc က ၎င်း၏ ပထမဆုံး လျှပ်စစ်ကားစစ်စစ်ကို မတ်လ ၁ ရက်တွင် စတင်ရောင်းချပြီး ပေးပို့အပ်နှံရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

 
Li Auto ၏ ပထမဆုံး လျှပ်စစ်ကားစစ်စစ်သည် multi-purpose vehicle (MPV) အမျိုးအစား ဖြစ်ပြီး မော်ဒယ် အမည်မှာ MEGAဖြစ်ပါသည်။
 နိုဝင်ဘာလမှစ၍ ကြိုတင်အမှာစာများ စတင်လက်ခံနေပြီဖြစ်ပြီး ဈေးနှုန်းမျာ ယွမ် ၆ သိန်း yuan ($84,533.24) အောက်ဟု ခန့်မှန်းသည်။

 Li Auto က MEGA MPV သည် ၎င်း၏ ပေကျင်းစက်ရုံတွင် ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ် ဖြစ်လာမည်ဟု နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ ၎င်းစက်ရုံကို တနှစ်လျှင် အစီးရေ ၁ သိန်းအထိ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ 

Li Auto ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိသားစု အသုံးပြုသူများအတွက် ဒီဇိုင်းထုတ်ထားသည့် ယွမ် ၃ သိန် နှင့်အထက် စျေးနှုန်းရှိသော ဟိုက်ဘရစ် SUV မော်ဒယ် ၄ မျိုး ထုတ်လုပ်ထားသည်။ မော်ဒယ် အားလုံးသည် ဘက်ထရီအားသွင်းရန် ဓာတ်ဆီအင်ဂျင် ပါသည့် ခရီးတာ ပိုဝေးဝေး သွားနိုင်သော extended range  ဟိုက်ဘရစ်များ ဖြစ်သည်။

၂၀၂၃ ခုနှစ် ပထမ ၁၀ လတွင် တရုတ်ပြည်မှာ အရောင်းရဆုံး ကားအမှတ်တံဆိပ် (၁၀) စာရင်းတွင် သတ္တမနေရာကို Li Auto ရရှိထားသည်။ 

Li Auto သည် ယခုအထိ ပြည်ပဈေးကွက်သို့ ချဲ့ထွင်မည့် အစီအစဉ် မရှိသေးပါ။


Li Mega ကို ၂၀၂၃ ဒီဇင်ဘာလတွင် ကားပေးပို့ အပ်နှံမှု စတင်ရန် လျာထားသော်လည်း ကားမှ ဒုတိယ ထိုင်ခုံတန်းကို မွမ်းမံရန် လိုအပ်သဖြင့် အချိန်ရွှေ့ဆိုင်းခဲ့ပါသည်။

Li Mega သည် MPV အကြီးစားဖြစ်ပြီး
အလျား 5350 mm
အကျယ် 1965 mm
အမြင့် 1850 mm
ခါးအလျား 3300 mm
ရှိပါသည်။ 

မော်တာ ၂ လုံး(ရှေ့ 155 kW နှင့် နောက် 245 kW)
ပါသည့် ၄ ဘီးယက် ဖြစ်ပါသည်။ 
0 – 100 km/h အရှိန်တင်ရန် ၅.၅ စက္ကန့် ကြာပါသည်။ 
CATL မှ ထုတ်လုပ်သည့် Qilin 5C  102.7 kWh ဘက်ထရီ သုံးထားပါသည်။ ခရီးတာ ၇၁၀ ကီလိုမီတာအထိ သွားနိုင်ပါသည်။ 

ထိုင်ခုံတန်း ၃ တန်း ပါပြီး 2+2+3 စုစုပေါင်း ၇ ယောက်စီး ဖြစ်ပြီး ထိုင်ခုံများကို Nappa သားရေထည်ဖြင့် ချုပ်ထားပါသည်။


Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 968 times