Li Auto အစီးရေ ၄ သိန်း ထုတ်လုပ်ပေးပို့သည့် မိုင်တိုင် ကျော်ဖြတ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Li Auto သည် နောက်ဆုံး ကားအစီးရေ ၁ သိန်း ပေးပို့မှုကို လေးလအတွင်း ပြီးမြောက်ခဲ့သည်။
Li Auto သည် မကြာသေးမီက ၎င်း၏ ကားအစီးရေ ၄သိန်းမြောက်ကို မှာကြားထားသူထံ ပေးပို့ပြီးစီးခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ကြေညာခဲ့သည်။
၄ သိန်းမြောက်ကားမှာ ၅ ယောက်စီး SUV Li L7 မော်ဒယ် ဖြစ်ပါသည်။
Li Auto သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ပထမဆုံးကားကို မှာကြားထားသူထံ ထုတ်ပေးပြီးနောက် ၄၂ လအတွင်း အစီးရေ ၄ သိန်း မိုင်တိုင်သို့ ရောက်ရှိခဲ့သည်။
မတ်လ ၂၄ ရက်တွင် Li Auto စုစုပေါင်း ပေးပို့သည့် အစီးရေသည် ၃ သိန်း ကျော်လွန်ခဲ့သည်။
နောက်ထပ် ၁ သိန်းကို ၄ လ မပြည့်ခင်မှာ ပေးပို့နိုင်ခဲ့ပြီး အစီးရေ ၄ သိန်း မိုင်တိုင်ကို ကျော်ဖြတ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် Li Auto သည် လစဉ် L series မော်ဒယ် အစီးရေ ၄ သောင်း ပေးပို့မှု အောင်မြင်ရန် ရည်မှန်းထားသည်။
Li Auto ၏ လက်ရှိရောင်းချနေသော မော်ဒယ်များအားလုံးသည် ခရီးပိုဝေးဝေး သွားနိုင်သည့် လျှပ်စစ်ကားများ extended-range electric vehicles (EREVs) ဖြစ်ပါသည်။ သို့ဖြစ်ရာ မော်ဒယ်များ အားလုံး ပလပ်ထိုး အင်ဂျင်သုံး ဟိုက်ဘရစ်များ ဖြစ်ပြီး ၅ ယောက်စီး Li L7 ၊ ၆ယောက်စီး Li L8 ၊ ၆ယောက်စီး Li L9 တို့ ဖြစ်ပါသည်။
ဇွန်လတွင် ၃၂,၅၇၅ စီး ပေးပို့နိုင်ခဲ့သည်။
Source CnEVPost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL