Lexus မျိုးဆက်သစ် အီးဗီ ၂၀၂၆ တွင် ထုတ်လုပ်ရန် Toyota စီစဉ်


Lexus မျိုးဆက်သစ် အီးဗီ ၂၀၂၆ တွင် ထုတ်လုပ်ရန် Toyota စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota ၏ ပထမဆုံးအီးဗီ Lexus RZ ကို ယခုနှစ်အတွင်း စတင်ရောင်းချသွားမည်ဖြစ်သည်။

ဂျပန်မော်တော်ကားထုတ်လုပ်သူ Toyota သည် တန်းမြင့် စည်းစိမ်ကားများ၏ ၀ယ်လိုအား မြင့်တက်လာမှုကို ဖြည့်ဆည်းရန်အတွက် လာမည့် မျိုးဆက်သစ် အီးဗီ Lexus မော်ဒယ်ကို 2026 ခုနှစ်တွင် တီထွင်ရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ် Koji Sato က ပြောကြားခဲ့သည်။

"ဘက်ထရီနဲ့ ပလက်ဖောင်းတွေကအစ ကားတည်ဆောက်ပုံအထိ အရာအားလုံးကို ဘက်ထရီသုံး လျှပ်စစ်ကားတွေအတွက် အကောင်းဆုံးဖြစ်အောင် Lexus အမှတ်တံဆိပ်ဖြင့် မျိုးဆက်သစ် ဘက်ထရီသုံး အီးဗီကို တီထွင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု Koji Sato က ပြောကြားသည်။

Koji Sato သည် Lexus ၏ brand အကြီးအကဲအနေဖြင့် ယခုနှစ်တွင် ထွက်ရှိရန် မျှော်လင့်ထားသည့် Lexus ၏ ပထမဆုံး အီးဗီ Lexus RZ ဖန်တီးမှုကို ကြီးကြပ်ခဲ့သည်။

အခြားကားလုပ်ငန်းများက လျှပ်စစ်ကား EV ဟု သုံးနှုန်းကြသော်လည်း Toyota က  BEV(Battery Electric Car)ဟု သုံးနှုန်းသည်။hybrid, plug-in hybrid, fuel-cell တို့နှင့် ကွဲပြားစေလိုသဖြင့် BEV ဟု သုံးနှုန်းသည်ဟု ဆိုသည်။

တိုယိုတာ၏ဥက္ကဋ္ဌ president နှင့် စီအီးအို အသစ်အဖြစ် ဧပြီလတွင် Akio Toyoda နေရာကို ဆက်ခံမည့်  Sato က သူနှင့်အတူ လုပ်ကိုင်မည့် စီမံခန့်ခွဲရေးအဖွဲ့အသစ်မှာ ပါဝင်မည့်သူ ၇ ဦးအမည်ကို သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ထို့နောက်သူက ကုမ္ပဏီကို mobility ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲပေးမည့် သူ့အစီအစဉ်ကို ပြောကြားသည်။
"ဆွဲဆောင်မှုရှိသော BEVs များ ထုတ်လုပ်ပေးအပ်ရန်အတွက် ကျွန်တော်တို့  "BEV သာ ပထမ" ဆိုတာကို ဦးထိပ်ပန်ဆင်ထားပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်၊ ထုတ်လုပ်မှုမှ အရောင်းနှင့် ဝန်ဆောင်မှုဆီသို့ သိသိသာသာပြောင်းလဲရန်လိုအပ်ပါတယ်" ဟု Sato မှပြောကြားခဲ့သည်။  " Lexus က ဒီအပြောင်းအလဲကို ဦးဆောင်လိမ့်မယ်" ဟု သူက ဆိုသည်။

Lexus brand ၏ အဓိက ဈေးကွက်များဖြစ်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အီးဗီဆီသို့ ကူးပြောင်းနေကြသဖြင့် Toyota သည် အီးဗီကို ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူက ပြောကြားသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 509 times