Lexus ရဲ့ အဦးဆုံး အပြည့်အဝ လျှပ်စစ်ကား RZ 450e


Lexus ရဲ့ အဦးဆုံး အပြည့်အဝ လျှပ်စစ်ကား RZ 450e

Lexus က ပထမဆုံး အပြည့်အဝ လျှပ်စစ်ကား မော်ဒယ် RZ 450e ကို မိတ်ဆက်ပြသခဲ့ပါတယ်။ crossover SUV အမျိုးအစား ဖြစ်ပါတယ်။
Toyota Motors က ၂၀၃၀ မတိုင်ခင် အီးဗီမော်ဒယ် ၃၀ ခု ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၆ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး အကောင်အထည် ဖော်နေတဲ့ အစီအစဉ်ရဲ့ အီးဗီမော်ဒယ် တစ်ခု ဖြစ်ပါတယ်။ 
Toyota Motors ရဲ့ အီးဗီပလက်ဖောင်း e-TNGA (Toyota New Global Architecture) ဖြင့် ထုတ်လုပ်ပါတယ်။

 ရှေ့မျက်နှာစာ BEV Spindle Body တပ်ဆငမထားပြီး လေခွင်းအား ကောင်းစေရေးအတွက် ဒီဇိုင်းဖော်ထုတ်ထားပါတယ်။

 

 

ဒက်ရှ်ဘုတ်ကို ဒီဇိုင်းအနည်းငယ် မွမ်းမံပေးထားပါတယ်။ တို့ထိ စေခိုင်းဖို့ ၁၄ လက်မ စခရင်မှာ infotainment system ကို လိုသလို ထိန်းချုပ်စေခိုင်းနိုင်ပါတယ်။ ဆော့ဖ်ဝဲက Lexus NX မှာ သုံးထားတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

ပါဝါထရိန်းမှာ မော်တာ တစ်လုံး ထိုင်ပေးထားတယ်။ ပါဝါ 308 hp အထိ ရနိုင်ပြီး ရုန်းအား 435 Nm အထိ ထုတ်ပေးနိုင်ပါတယ်။
သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ သို့ အရှိန်တင်ဖို့ ၅.၆ စက္ကန့် အချိန်ယူပါတယ်။
အားအပြည့်ထည့်ပြီး ခရီးတာ ၃၆၂ ကီလိမီတာအထိ သွားနိုင်ပါတယ်။

 

 ယာဉ်မောင်းထောက်ကူ ဘေးကင်းရေး အတွက် နောက်ဆုံးပေါ် Lexus Safety System+ 3.0 ထည့်ပေးထားပါတယ်။  Pre-Collision System, Dynamic Radar Cruise Control, Lane Departure Alert, Emergency Driving Stop System တို့ ပါဝင်ပါတယ်။

 


 

ယခုနှစ်ကုန်ပိုင်း အာရှနိုင်ငံအချို့မှာ စတင်ရောင်းချဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ ရောင်းဈေး အသိပေး ပြောကြားခြင်း မပြုသေးပါ။ 

Read 581 times