Toyota ရဲ့ ထပ်ခွဲဇိမ်ခံအမျိုးအစားထဲမှ လူကြိုက်များရေပန်းစားနေတဲ့ Lexus IS 200T


Lexus IS ဆိုတာကတော့ ဂျပန်နိုင်ငံအခြေစိုက် Toyota ရဲ့ လက်အောက်ခံ ဇိမ်ခံအမှတ်တံဆိပ်ဖြစ်တဲ့ Lexus ကနေထုတ်လုပ်ပေးထားတဲ့ Entry-Level Sport Model လို့ပြောရမှာဖြစ်ပါတယ်။

Lexus LS ရဲ့မြစ်ဖျားခံရာကတော့ Toyota Allezza ပါ။ ဂျပန်နိုင်ငံအတွက် ၁၉၉၈ ခုနှစ်ကနေ စတင်ထုတ်လုပ်ပေးခဲ့ပြီး ဒုတိယမျိုးဆက်အရောက် ၂၀၀၆ ခုနှစ်မှာတော့ Lexus is သီးသန့် ဖြစ်လာပါတယ်။ လက်ရှိမှာတော့ တတိယမျိုးဆက်ကိုရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်ကစလို့ ထုတ်လုပ်ပေးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုထုတ်လုပ်ပေးရာမှာ အင်ဂျင်ပါဝါ 2000 cc 2500 cc၊ 3500 cc နဲ့ Hybrid တွေလည်းပါဝင်ခဲ့ပါတယ်။ အင်ဂျင်ပါဝါ 2500 cc ကတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိသာ ထုတ်လုပ်ပေးခဲ့ပြီး 3500 နဲ့ Hybrid တွေကသာ ၂၀၁၃ ခုနှစ်ကနေ လက်ရှိအထိထုတ်လုပ် ပေးနေတုန်းဖြစ်ပါတယ်။ အင်ဂျင်ပါဝါ 2000 cc ကတော့ ၂၀၁၅ ခုနှစ်မှသာ စတင်ထုတ်လုပ်ပေးခဲ့တာဖြစ် ပြီးကျွန်တော်တို့အကြိုက်နဲ့ ထပ်တူကျနိုင်မယ့်အမျိုး အစားလေးဖြစ်လို့ ဒါလေးကိုရွေးချယ် တင်ဆက်ပေးချင်ပါတယ်။

Lexus IS 2000 CC

ဂျပန်လေလံမှာတော့ ၂၀၁၅ ခုနှစ် ၈ လပိုင်းကစ လို့တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Chassis number ကတော့ ASE30 ပါ။ IS200T ၊ IS200T F SPORT နဲ့ IS 200T VERSION L ဆိုပြီး ဂရိတ် ၃ မျိုးရှိမှာဖြစ်ပါတယ်။ ဆီတိုင်ကီ ဝင်ဆံ့မှုက ၆၆ လီတာရှိပြီး ဆီစားနှုန်းကတော့ 10.8L/ 100km လောက်အထိရှိမယ်လို့ ဖော်ပြထားတာကိုတွေ့ ရမှာဖြစ်ပါတယ်။ အော်တိုဂီယာ ၈ ချက်နဲ့တွဲဖက်ပေးထားပြီး မြင်းကောင်ရေ ၂၄၅ ကောင်အားအထိရရှိစေ မှာဖြစ်ပါတယ်။ ဒါကြောင့် Sport ဆန်ဆန်ကားတစ်စီးကို အင်ဂျင်ပါဝါ အနေတော်လောက်နဲ့ သုံးချင်သူတွေအ တွက် အဆင်ပြေစေမယ့် ကားတစ်စီးလို့ဆိုချင်ပါတယ်။

Is200T မှာတော့ HID မီးကြီး ၊ နှင်းခွဲမီး ၊ ဘတ်မှန် မီးကျောက် ၊ ကိုယ်ထည်အရောင်တံခါးလက်ကိုင် ၊ ရှေ့နောက်ဒစ်ဘရိတ်နဲ့ ငါးမန်းဆူးတောင်အင်တာနာတို့ကို အပြင်ဘက်မှာတွေ့မြင်ရမှာပါ။ Push Start ၊ စတီယာရင်ကြီးချုပ် ၊ ထိုင်ခုံကြိုးချုပ် ၊ဂီယာအုံအစွပ်ကြီးချုပ်နဲ့ ထိုင်ခုံချိန်ညှိမှု Power စနစ် စတဲ့အဆင့်မြင့် အပြင်အဆင်တွေအပြင် အဲကွန်း dualzone တို့ကိုရရှိစေမှာပါ။ နောက်ခန်းအတွက် လေအေး ပေးစနစ်လည်းပါဝင်လို့ Round ဖြစ်တယ်လို့ဆိုရမှာပါ။ စတီယာရင်မှာတော့ Volume Control ၊ တယ်လီဖုန်းချိတ် ဆက်မှု ၊ Display အသုံးပြုမှုတို့အတွက် Button တွေနဲ့ Paddle Shift တွေအပြင် Cruise Control တို့လည်း တပ်ဆင်ပေးထားပါတယ်။ ဂီယာမှာလည်း +/- ပါဝင်လို့ Sport Type ဆန်ဆန်ရသကို ခံစားစေရမှာသေချာပါတယ်။

ဒါ့အပြင်ရွေးချယ်မောင်းနှင်နိုင်မယ့် Eco ၊ Normal နဲ့ Sport ဆိုတာတွေကိုလည်း အသုံးပြုနိုင်မှာပါ။ Auto stop-start ပါဝင်သလို Traction Control Button ကိုလည်းဂီယာနောက်မှာ ထည့်သွင်းပေးထားပါတယ်။ ပါကင်ထောက်ပံ့မှု Blind Spot Monitoring (BSM) တို့ပါဝင်ပေမယ့် တစ်စီးနဲ့တစ်စီး ပါဝင်မှုတော့မတူကြပါဘူး။ Automatic High Beam Switch Button conson ကားအတင်အချ ခလုတ်တို့လည်းရှိနေပေမယ့် ဂရိတ်အ မြင့်တွေမှသာပါဝင်လာဖို့ရှိပါတယ်။ စတီယာရင်အပူ ပေးစနစ်လည်းရှိပေမယ့် အခြေခံဂရိတ်မှာတော့ မျှော် လင့်လို့မရတာအမှန်ပါ။ Seat Memory ကလည်း ပါဝင်ပေမယ့် ဂရိတ်အမြင့်မှာသာ ပါဝင်နိုင်ပါမယ်။ ဒါ့အပြင် ယာဉ်မောင်းညာဘက်ခြမ်း ခလုတ်အတန်းလေးမှာတော့ မိုင်နှုန်း၊ Instrument Panel အလင်းအမှောင်ချိန် ညိုမှုအတွက် Button တွေရှိမှာဖြစ်ပါတယ်။ ဂီယာဘေးမှာတော့ Remote Touch နဲ့ Lexus Display Audio Controller တို့ရှိမှာပါ။

F Sport မှာတော့ ရှဲလ်ပြောင်းသွားပြီး အတန်းလိုက်ကနေဆန်ခါကွက် ဖြစ်လာပါတယ်။ အပူပေးနိုင် မယ့်ထိုင်ခုံတွေနဲ့ ထိုင်ခုံလေဝင်လေထွက်စနစ်တို့ပါ ဝင်လာပါတယ်။ အလွိုင်းဘီးခွေတွေလည်း ပြောင်းသွားပြီး Sun Roof လည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသေမှတ်လို့တော့မရပါဘူး။ ပါကင်ထောက်ပံ့မှုရော BSM ရောပါဝင်လာပါတယ်။ ဒိုင်ခွက် တစ်ခွက်တည်းဖြစ်သွားပြီး စတီယာရင်ညာဘက်မှာတော့ ထိန်းချုပ်မှုမှာလည်း Vehicle to vehicle distance Buttons နဲ့ Lane departure alert button တို့ပါဝင်လာပါတယ်။ ဒီလိုပဲ F Sport အမှတ်တံဆိပ် အပြင်အဆင်တွေကို လည်း ထည့်သွင်းပေးထားခဲ့ပါတယ်။

Vesion L ကတော့ ဂရိတ်အမြင့်ဖြစ်ပြီး ထိုင်ခုံအပူပေး ၊ ထိုင်ခုံလေဝင်လေထွက်စနစ် ၊ Vehicle to Vehicle Distance Button တို့ပါဝင်လာပါတယ်။ Sunroof လည်းပါလာတတ်ပါတယ်။ ဒါပေမဲ့ Option ဖြစ်ဖို့များပါတယ်။၂၀၁၆ ခုနှစ် ဧပြီလမှာတော့ ခပ်ပါးပါးလေး ရုပ်ပြောင်းပေးခဲ့ပါတယ်။ ဒီမှာတော့ ရှေ့မီးကြီးသစ်၊ ရှေ့ဘက်ရုပ်ထွက်အသစ်၊ စက်ဖုံးအသစ်နဲ့အတူ အတွင်းခန်းနည်းပညာအသစ်တို့ ပါဝင်လာခဲ့ပါတယ်။ အပြင်ပိုင်းမှာတော့ရှေ့ဘက်ကို ပိုမိုနုပျိုမာန်ပါဖို့အတွက် အသားပေးထားပြီး ပြန်လည်ပုံဖော်ထားတဲ့ ဘီးဒီဇိုင်းတွေနဲ့ အရောင်အသစ်တွေ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့အရမ်းကြီးတော့ မသိသာပါဘူး။

Myanmar Automobile Directory

Read 1026 times