Lexus ES 300h


Lexus ၏ပုံစံမှာ သဲနာရီပုံစံ လေဝင်ပေါက် ပုံစံရှိပြီး အမေရိကနှင့် ဥရောပ ဈေးကွက်အတွက် အလေးပေးဖန်တီးထားခြင်းဖြစ်သည်။

ဇိမ်ခံမော်ဒယ်စစ်စစ်အနေဖြင့် ကောင်းမွန်လှပါသည်။

ES 300h သည် Hybrid အနေဖြင့် ထုတ်လုပ်ထားသောကြောင့် ဆီးစားနှုန်းနည်းခြင်းသည် တခြားမော်ဒယ်များထက်သာလွန်သော အချက်ပင်ဖြစ်ပါသည်။

အထူးသဖြင့် လျှပ်စစ်စွမ်းအင်ပိုင်း သိုလှောင်မှုနှင့်ပြန်လည်အသုံးချမှု အပိုင်းနည်းပညာကောင်းမွန်သောကြောင့် ဆီစားအထူးနည်းသွားခြင်းဖြစ်သည်။

အတွင်းခန်းအပြင်အဆင်မှာ ဇိမ်ခံစစ်စစ်ပုံစံအတိုင်း အကောင်းဆုံးပြင်ဆင်ထားကြောင်းသိရသည်။

ကား၏ကိုယ်ထည်မှာ အနည်းငယ်နိမ့်ချင်သော်လည်း အလျားရှည်သောကြောင့် ခရီးဝေးစီးနှင်းမှုအတွက် သက်သောင့်သက်သာဖြစ်စေပါသည်။

မော်ဒယ်မှာ အရောင်အနေဖြင့် အပြင်ဘက်အရောင်ကို ၁၀ ရောင်သာထုတ်လုပ်ရောင်းချပြီး အတွင်းဘက်တွင် သားရေဖြင့်ဦးစားပေးဖန်တီးထားသော အရောင်တွဲ ၈ မျိုးထိရနိုင်သည်ကိုတွေ့ရသည်။

အကြီးစားဆီဒင်တန်းဝင် မော်ဒယ်ဖြစ်ပြီး အလျား ၁၆ ပေနှင့် ၁.၃ လက်မရှိပါသည်။

မျက်နှာစာအကျယ်မှာ ၅ ပေနှင့် ၁၁.၇ လက်မရှိပြီး အမြင့်မှာ ၄ ပေနှင့် ၉.၁ လက်မသာရှိသောကြောင့် ပုံမှန်ထက်နိမ့်နေသည် ကိုတွေ့ရသည်။

Suspension နှင့် အောက်ဘက်အထိုင်ကို အတတ်နိုင်ဆုံးနှိမ့်ထားပြီး Sport ဆန်သောကိုယ်ထည်နှင့် အတွင်းခန်းကျယ်ဝန်းအောင်ဖန်တီးထားကြောင်းတွေ့ရသည်။]

အတွင်းခန်းအကျယ်မှာ ရှေ့ဘက်ခန်းသည် ၅၇.၆ လက်မကျယ်ပြီး နောက်ဘက်ခန်းမှာ ၅၅ လက်မကျယ်ဝန်းပါသည်။

တခြားမော်ဒယ်တွေထက် ရှေ့ဘက်ခန်းအကျယ်အဝန်းတူသော်လည်း နောက်ဘက်ခန်းတစ်လက်မလောက်ကျဉ်းသွားသည်ကို တွေ့ရသည်။

မော်ဒယ်တွင် တပ်ဆင်ထားသောအင်ဂျင်မှာ ၂.၅ လီတာသုံး ပုံမှန်လေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားသည်ကိုတွေ့ရသည်။

၃၆၈၂ ပေါင်လေးသော လမ်းကြောင်းကို ပြေးနိုင်စေရန်အတွက် အင်ဂျင်လည်ပတ်အားတစ်မိနစ်လျှင် အပတ်ရေ ၅၇၀၀ မှာ စွမ်းအင်မြင်းကောင်ရေ ၂၀၀ အားထိထွက်ရှိလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

အမြန်ဆုံးမောင်းနှင်းမှုမှာ စွမ်းဆောင်ရည်ဦးစားပေးမော်ဒယ်အဟုတ်သည့် အတွက် မိုင် ၁၀၀ ကျော်ထိသာ အကောင်းဆုံးဖြစ်ပါသည်။

Lexus ES 300h မော်ဒယ်၏ အမြန်နှုန်း မြှင့်တင်မောင်းနှင်း နိုင်မှုအပိုင်းမှာ တစ်နာရီ မိုင် ၆၀ နှုန်းဖြင့် အချိန် ၇.၈ စက္ကန့်ထိကြာနေကြောင်းတွေ့ရသည်။

ဆီစားနှုန်းမှာ ပျမ်းမျှတစ်ဂါလံလျှင် မိုင် ၄၀ ထိမောင်းနှင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုကားကို ရှေ့ဘီးယက်စနစ်ဖြင့် ဖန်တီးထားပြဲိး ဂီယာပိုင်းမှာ CVT စနစ်ပါဝင်သောကြောင့် အမျိုးသမီးကားမောင်းသူများအတွက်လည်း အဆင်ပြေစေနိုင်ကြောင်းသိရသည်။

 

Read 2954 times