လက်ဝဲလက်ယာ
နိုင်ငံပေါင်း ၁၆၃ နိုင်ငံသည် လက်ယာကပ်မောင်း စနစ် အသုံးပြုကြပါတယ်။
နိုင်ငံပေါင်း ၇၆ နိုင်ငံသည် လက်ဝဲကပ်မောင်း စနစ် အသုံးပြုကြပါတယ်။
အာရှမှာ လက်ဝဲ ကပ်မောင်းစနစ် ကျင့်သုံးတဲ့ နိုင်ငံ ၁၅ နိုင်ငံရှိပါတယ်။ ယေယုယျအားဖြင့် ဗြိတိန်နိုင်ငံက လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတာကြောင့် ဗြိတိသျှ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာ လက်ဝဲကပ်မောင်းစနစ် အမွေကျန်ရစ်ပါတယ်။
မြန်မာက ဗြိတိသျှ လက်အောက်မှာ လက်ဝဲကပ်မောင်းစနစ် သုံးခဲ့ပြီး လွတ်လပ်ရေး ရပြီးချိန်မှာ လက်ဝဲကပ်မောင်းစနစ်ကို ဆက်လက်သုံးစွဲခဲ့ပါတယ်။
၁၉၇၀၊ ဒီဇင်ဘာ ၆ ရက် နံနက် ၆ နာရီတွင် မြန်မာနိုင်ငံရဲ့ ယာဉ်မောင်းစနစ်ကို
လက်ဝဲကပ်မောင်းစနစ်အစား လက်ယာကပ်မောင်းစနစ်သို့ ပြောင်းလဲအသုံးပြုခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ လက်ယာကပ်မောင်းစနစ်ကို ချောမွေ့စွာပြောင်းလဲရန် တစ်လမ်းမောင်းစနစ်ကိုလည်း ရန်ကုန်မြို့တွင် ၁၉၇၀၊ မေလ ၂၄ ရက်မှစ၍ စတင်အသုံးပြုခဲ့ပါတယ်။
အာရှမှာ ဟောင်ကောင်၊ အိန္ဒိယ၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာ တို့ဟာ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးပါတယ်။
ဂျပန်မှာ အီဒိုခေတ်(၁၆၀၃-၁၈၆၇) မှာ လက်ဝဲကပ်မောင်းစနစ် စတင်ခဲ့ပါတယ်။
အရှေ့တီမောက အင်ဒိုနီးရှား လက်အောက်မှာ လက်ဝဲကပ်မောင်းစနစ် သုံးခဲ့ပြီး ယခုအထိ ဆက်လက်သုံးစွဲပါတယ်။
တရုတ်ပြည်မကြီးမှာ လက်ယာကပ်မောင်း သုံးစွဲပေမဲ့ ဟောင်ကောင်နဲ့ မကာအိုတို့မှာ လက်ဝဲကပ်မောင်းစနစ် သုံးစွဲပါတယ်။
ထိုင်းနိုင်ငံက ဗြိတိသျှ လက်အောက်မရောက်ဖူးပေမဲ့ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးပါတယ်။
ဩစတေးလျနဲ့ နယူးဇီလန် နိုင်ငံများမှာ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးပါတယ်။
ဥရောပမှာ လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတဲ့ နိုင်ငံ ၄ နိုင်ငံရှိပြီး ကျွန်းနိုင်ငံများ ဖြစ်ကြပါတယ်။
ယူနိုက်တက်ကင်းဒမ်း၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ မော်လ်တာနှင့် ဆိုက်ပရပ်စ် တို့ ဖြစ်ပါတယ်။