ညာမောင်းကားများ ပြန်လည်တင်သွင်းခွင့်ပြုရန် ဆွေးနွေးထားမှုလုံးဝမရှိသေးဟု ကြီးကော်ဆို


အိမ်စီးကားများနှင့် လုပ်ငန်းသုံးကားများအား ညာမောင်းကားများ ပြန်လည်တင်သွင်းခွင့်ပြုမည်ဆိုသော သတင်းများထွက်ပေါ်နေရာ ထိုသတင်းများမှာ မဟုတ်မမှန်ဘဲ ညာမောင်းကားများ ပြန်လည်တင်သွင်းခွင့်ပြုရန် ဆွေးနွေးထားမှုလုံးဝမရှိသေးဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှုကော်မတီ မှသိရပါသည်။

ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းခြင်းကို ညာမောင်းကားများပြန်လည်တင်သွင်းခွင့်ပြုမည်ဟူသောသတင်းများ ထွက်ပေါ်နေလျက်ရှိရာ ထိုသတင်းများမှာ ပြီးခဲ့သော ၂၀၁၇ ခုနှစ်က သတင်းအဟောင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏လမ်းစနစ်အရ လက်ယာကပ်မောင်းစနစ်ဖြစ်သည့်အတွက် ဘယ်မောင်းကားများသာ တင်သွင်းရန် သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း ညာမောင်းကားတင်သွင်းရန် ဆွေးနွေးထားမှုများလည်း မရှိကြောင်းသိရပါသည်။

"အပြင်မှာသတင်းထွက်နေသလို ညာမောင်းကားတွေ ပြန်ဖွင့်ပေးမယ်ဆိုတဲ့သတင်းဟာမဟုတ်ပါဘူး။ မြန်မာပြည်ရဲ့လမ်းစနစ်အရ ဘယ်မောင်းကားတွေပဲ တင်သွင်းဖို့သတ်မှတ်ထားတာပါ။ ညာမောင်းကား ပြန်တင်သွင်းခွင့့်ကို ဆွေးနွေးထားတာ လုံးဝမရှိပါဘူး။" ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှုကော်မတီ မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

၂၀၁၇ ခုနှစ်မှစတင်၍ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ပြုခြင်းအား ဘယ်မောင်းကားများကိုသာ တင်သွင်းရန်သတ်မှတ်လိုက်ခြင်းကြောင့် ဂျပန်ညာမောင်းကားတင်သွင်းခွင့် မရှိတော့သဖြင့် အိမ်စီးကားလေးများမှာ ဈေးနှုန်းအဆမတန်မြင့်တက်လာခဲ့ပါသည်။

Read 1364 times