၂၀၁၇ မူဝါဒနှင့် ကိုက်ညီသော ဘယ်မောင်းကားများစုစည်းမှု(၁)


လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ကားစျေးများမှာ အမျိုးအစား၊ ဂရိတ်နှင့် ရန်ကုန်လိုင်စင်ဖြစ်မဖြစ်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ဆယ်မှ ကျပ်သိန်းငါးဆယ်အထိ စျေးများမြင့်တက်သွားခဲ့သည်။

ယခုအပတ်တွင် ၂၀၁၇ မူဝါဒနှင့် ကိုက်ညီသော ဘယ်မောင်းကားများထဲမှ (၅) စီးကိုရွေးချယ်ဖော်ပြ ပေးလိုက်ပါသည်။

(၁)Toyota Fortuner

လေးဘီးယက်မောင်းနှင်မှုစနစ်သုံး Fortuner တွင် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သော်လည်း 3.0 Liter Turbo ဒီဇယ်အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါသည်။

အမြင့်ဆုံးထွက်ရှိမည့် စွမ်းအားသည် 3400 Rpm တွင် မြင်းကောင်ရေ ၁၆၃ကောင်အားကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်။

Transmission အနေနှင့် 5-Speed Automatic ဂီယာအသုံးပြုထားပါသည်။

ထိုကဲ့သို့အကြမ်းခံပြီး မိသားစုသုံး ဇိမ်ခံ SUV ကားအမျိုးအစား၊ Toyota Fortuner ကို ရန်ကုန်မြို့တွင်ရှိသော Toyota Aye & Sons နှင့် Toyota Mingalar ၊ မန္တလေးတွင်ရှိသော Toyota GW Lion အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၃၁၀၀ဖြစ်ပြီး သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

(၂) Land Cruiser Prado 2016

Land Cruiser Prado တွင် ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပေးစွမ်းနိုင်ရန် ဆလင်ဒါ လေးလုံးထိုး 3.0 L ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပါသည်။

5-AT Electronically Controlled Transmission ဂီယာက အပြောင်းအရွှေ့ညင်သာရုံသာမက ဂီယာကို စိတ်ချပြောင်းနိုင်သော Sequential Shift စနစ်ကိုလည်း အသုံးပြုထားပါသည်။

Toyota Land Cruiser Prado ၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၈၈၀၀၀ ဝန်းကျင်ရှိပြီး Toyota ၏ မြန်မာပြည်တရားဝင် အရောင်းကိုယ်စားလှယ်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေနှင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပါသည်။

 

(၃) Toyota Kia 2700

Toyota Kia 2700 သည် 2.7 ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားပါသည်။

ထို့အပြင် 5 Speed Manual ဂီယာကိုလည်းအသုံးပြုထားပါသည်။

ဝန်တင်နိုင်စွမ်းမှာ ၁တန်ဖြစ်ပါသည်။

Toyota Kia 2700 ၏ စျေးနှုန်းမှာ (လူအမည်ပေါက်နှင့် ဝင်ငွေခွန်အပြီးအစီး)17900ဒေါ်လာဖြစ်ပြီး ငါးနှစ်အရစ်ကျကို ၂၀ရာခိုင်နှုန်းလက်ငင်းပေးချေ၍ နှစ်နှစ်အတိုးမဲ့ ကျန်ရှိသည်ကို အတိုးနှုန်း ၃၆.၅ရာနှုန်းဖြင့် ရိုးမဘဏ်မှတဆင့် ဝယ်ယူနိုင်ပါသည်။

 ရန်ကုန်လိုင်စင် မဟုတ်ဘဲ နယ်လိုင်စင်ရရှိမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပတ်မှာ ရန်ကုန်တွင် အမှတ် (၂၂ဘီ၊၂၃အေ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း- 0973180000, 09977008888, 09977442239 ဖြစ်ပြီး၊ မန္တလေးတွင် အမှတ်(၇၄)၊ ရန်ကုန်-မန္တလေးလမ်းနှင့် ကျွဲဆည်ကန် (၁၁)လမ်းထောင့်၊ ချမ်းမြေ့သာယာရပ်ကွက်၊ မန္တလေး၊ ဖုန်း - 09977448836, 09977895937 ဖြစ်ပါသည်။

 

(၄) Chevrolet Cruze 2017

၂၀၁၇မိုဒယ် All-New Cruze တွင် မျိုးဆက်သစ်နည်းပညာနှင့် တည်ဆောက်ထားသော 1.4 L Turbocharged အင်ဂျင်ကို Auto ဂီယာခြောက်ချက်နှင့် တွဲဖက်တပ်ဆင်ပေးထားပါသည်။

အင်ဂျင်၏ Cylinder Block နှင့် Head များကို အလူမီနီယမ်နှင့် တည်ဆောက်ထားသောကြောင့် ယာဉ်အလေးချိန်ကို ပိုပြီးပေါ့ပါးသွားပါသည်။

 အင်ဂျင်၏စွမ်းဆောင်ရည်က မြင်းကောင်ရေ ၁၅၃ ကောင်အားရှိပြီး ယခင်မိုဒယ်များထက်ပိုပြီး ပေါ့ပါးသောကြောင့် စွမ်းဆောင်ရည်လည်းပို၍ ကောင်းမွန်စေမည်ဖြစ်ပါသည်။

၂၀၁၇မိုဒယ် Chevrolet All-New Cruze ၏ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃၆၀၀၀ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်ရှိသော Chevrolet အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေနှင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

 

(၅) Kia Rio

ကား၏ဒီဇိုင်းက Ford Fiesta ST၊ Peugeot 208 GTi၊ Renaultsport Clio များနှင့် ဆင်သည့်အတွက် ဥရောပအငွေ့အသက်များ ပါဝင်နေပါသည်။

Hatchback အမျိုးအစားဖြစ်သော်လည်း လေခွင်းအားကောင်းရန် ဒီဇိုင်းဆင်ထားပြီး ဂရိတ်မြင့်ကားများတွင် Sunroof ပါသည့်အတွက်လည်း လူငယ်ကြိုက် ကားအမျိုးအစားတစ်ခုဖြစ်ပါသည်။

Audio အပိုင်းတွင် MP3၊ USB များနှင့် ချိတ်ဆက်နိုင်သော စနစ်များပါဝင်ပြီး Steering Volume Control နှင့် Bluetooth စနစ်များလည်းပါရှိပါသည်။

Rio ၂၀၁၇မိုဒယ်ကို KIA Showroom တွင် အမေရိကန်ဒေါ်လာ ၂၅၅၀၀ ဝန်းကျင်ဖြင့် ရောင်းချနေပြီး ၂၀၁၅၊ ၂၀၁၆မိုဒယ်နံပါတ်ထွက်ပြီးသား ကားများသည် ကျပ်သိန်း၁၅၀ နှင့် ၁၉၀ကြားတွင်ရှိပါသည်။

 

Read 9369 times