၂၀၁၇ မူဝါဒနှင့် ကိုက်ညီသော ဘယ်မောင်းကားများစုစည်းမှု(၂)


လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ကားစျေးများမှာ အမျိုးအစား၊ ဂရိတ်နှင့် ရန်ကုန်လိုင်စင်ဖြစ်မဖြစ်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ဆယ်မှ ကျပ်သိန်းငါးဆယ်အထိ စျေးများမြင့်တက်သွားခဲ့သည်။

ယခုအပတ်တွင် ၂၀၁၇ မူဝါဒနှင့် ကိုက်ညီသော ဘယ်မောင်းကားများထဲမှ (၄) စီးကိုရွေးချယ်ဖော်ပြ ပေးလိုက်ပါသည်။

(၁) Toyota Kia 3000

Toyota Kia 3000 သည် 3.0L ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားပါသည်။

ထို့အပြင် 5 Speed Manual ဂီယာကိုအသုံးပြုထားပြီ 1.5တန်ကို သယ်ဆောင်နိုင်ပါသည်။

Toyota Kia 3000 ၏ စျေးနှုန်းမှာ (လူအမည်ပေါက်နှင့် ဝင်ငွေခွန်အပြီးအစီး) 18500 ဒေါ်လာဖြစ်ပြီး ငါးနှစ်အရစ်ကျကို ၂၀ရာခိုင်နှုန်းလက်ငင်းပေးချေ၍ နှစ်နှစ်အတိုးမဲ့  ကျန်ရှိသည်ကို အတိုးနှုန်း ၃၆.၅ရာခို်င်နှုန်းဖြင့် ရိုးမဘဏ်မှတဆင့်ဝယ်ယူနိုင်ပါသည်။

ရန်ကုန်လိုင်စင်မဟုတ်ဘဲ နယ်လိုင်စင်ရရှိမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပတ်မှာ ရန်ကုန်တွင် အမှတ် (၂၂ဘီ၊၂၃အေ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း- 0973180000, 09977008888, 09977442239 ဖြစ်ပြီး၊ မန္တလေးတွင် အမှတ်(၇၄)၊ ရန်ကုန်-မန္တလေးလမ်းနှင့် ကျွဲဆည်ကန် (၁၁)လမ်းထောင့်၊ ချမ်းမြေ့သာယာရပ်ကွက်၊ မန္တလေး၊ ဖုန်း - 09977448836, 09977895937 ဖြစ်ပါသည်။

 

(၂) Mercedes-Benz V-Class

V-Class တွင် ဆလင်ဒါလေးလုံးထိုး 2.2L V-220 CDI ဒီဇယ်အင်ဂျင် တပ်ဆင်အသုံးပြုထားပြီး 3800Rpm တွင် မြင်းကောင်ရေ ၁၃၆ကောင်အားထုတ်လုပ်ပေးပါသည်။

သုညမှ ကီလိုတစ်ရာအရှိန်ရရှိရန် ၁၁ ဒသမ ၉စက္ကန့်သာ ကြာမည်ဖြစ်ပါသည်။

ဂီယာက Auto/ Manual အသုံးပြုနိုင်သော 7G-Tronic Plrs Automatic Transmission ဂီယာအသုံးပြုထားပါသည်။

Sport စတိုင်လ် မောင်းနှင်ချင်ပါက Paddle Shift ကို အသုံးပြုပြီး မောင်းနှင်ရမည် ဖြစ်ပါသည်။

၂၀၁၇မိုဒယ် Mercedes-Benz V-Class အရောင်းပြခန်းတွင် ဝယ်ယူရရှိနိုင်ပါသည်။

စျေးနှုန်းက အမေရိကန်ဒေါ်လာ ၁၅၅၀၀၀ ဝန်းကျင်ဖြစ်ပြီး မိမိတပ်ဆင်အသုံးပြုလိုသော Optional ပစ္စည်းများအပေါ်မူတည်၍ စျေးနှုန်းပြောင်းလဲမှုရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေနှင့် ၂နှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံဖြင့် ရောင်းချလျက်ရှိပါသည်။

 

(၃) GAC LUXURY SUV GS8

ဘောနပ်၏အောက်တွင် 2.0L Turbocharged ဓာတ်ဆီအင်ဂျင် တပ်ဆင်အသုံးပြုထားပြီး ထိုအင်ဂျင်မှ မြင်းကောင်ရေ  ၂၀၂ကောင်အားနှင့် လိမ်ကျစ်အား 320Nm ကို ထုတ်လုပ်ပေးနိုင်ပါသည်။

ပျှမ်မျှဆီစားနှုန်းသည် ကီလိုမီတာ၁၀၀ကို ၆ ဒသမ ၄ လီတာခန့် ကုန်ကျမည်ဖြစ်ပါသည်။

ဂီယာသည် 6-Speed Auto Transmission ကိုအသုံးပြုထားပါသည်။

2WD နှင့် 4WD ကို လိုအပ်သလို ချိန်ညှိပြောင်းလဲပေးနိုင်ပြီး Sundy၊ Muddy၊ Snowy၊ Intelligent Auto၊  Sports နှင့် Eco Mode စသော မောင်းနှင်မှုပုံစံ ခြောက်မျိုးပြောင်းလဲမောင်းနှင်ပါသည်။

၂၀၁၇မိုဒယ် GS8 ၏စျေးနှုန်းက အမေရိကန်ဒေါ်လာ ၆၂၈၈၈ဝန်းကျင်ဖြစ်ပြီး ဟံသာဝတီအဝိုင်းအနီး စမ်းချောင်းမြို့နယ်တွင်ရှိသော GAC Motor အရောင်းပြခန်းတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံ၊ သုံးနှစ် သို့မဟုတ် ကီလိုခြောက်သောင်း Free Maintenance Service များနှင့် ရောင်းချပေးလျက်ရှိပါသည်။

 

(၄) Suzuki Ciaz

Suzuki Ciaz တွင် ဆလင်ဒါလေးလုံးထိုး K14B VVT ဓာတ်ဆီအင်ဂျင်အသုံးပြုထားပါသည်။

Displayment က 1373 CC ဖြစ်ပြီး အင်ဂျင်တစ်မိနစ်လည်ပတ်အား 6000 Rpm တွင် ၆၈ကီလိုဝပ်နှုန်း ထုတ်လုပ်ပေးနိုင်ပါသည်။

ဂီယာတွင် 4Speed Automatic Transmission ကို အသုံးပြုထားပါသည်။

2017မိုဒယ် Ciaz ၏ စျေးနှုန်းက ကျပ် ၂၄၅သိန်း (ဝင်ငွေခွန်နှင့် ကညနခွန် မပါဝင်) ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်မြို့များတွင်ရှိသော Suzuki ကားအရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံဖြင့် ရောင်းချပေးလျက်ရှိပါသည်။

 

Read 7495 times