မထင်မှတ်ဘဲ တအားရောင်းကောင်းသွားသည့် ကားအလှဆင် မီးလင်းစတစ်ကာ တနှစ် ဒေါ်လာ ၅ သိန်း‌ကျော် အရောင်းဝင်ငွေ


မထင်မှတ်ဘဲ တအားရောင်းကောင်းသွားသည့် ကားအလှဆင် မီးလင်းစတစ်ကာ တနှစ် ဒေါ်လာ ၅ သိန်း‌ကျော် အရောင်းဝင်ငွေရ  

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကောလိပ်အငယ်တန်း ကျောင်းသား Jayson Siu ၏ ဘေးပန်းအလုပ်သည် နှစ်နှစ်အတွင်းအရောင်းဝင်‌ငွေ ကန်ဒေါ်လာ ၁ သန်းကျော် ရရှိခဲ့သည်။


၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် Siu ထုတ်လုပ်သည့် ပစ္စည်းများထဲမှ LED-စီတန်းထားသော နောက်ကြည့်မှန်အကြောင်း TikTok ဗီဒီယိုကို ကြည့်ရှုသူ များပြားပြီး သဘောကျသူများ များပြားခဲ့သည်။
တရက်တည်းမှာ $12,000 ဖိုး ရောင်းချရသည်အထိ အားပေးခဲ့ကြသည်။ အသည်းအသန် အချိန်မီ ပြီးစီးအောင် လုပ်ကိုင်ခဲ့ရသည်။
ထိုစဉ်က Siu သည် University of Hawaii တွင် ပညာသင်ယူနေသည်။
 


နောက်တစ်နှစ်အကြာတွင် LED စတစ်ကာတမျိုးကို ရိုက်ပြထားသည့် ဗီဒီယို ပေါက်သွားခဲ့ပြန်သည်။ ၂၄ နာရီအတွင်း $38,000 ဖိုး ရောင်းရသည်။
၂၀၂၂ အရောင်းဝင်ငွေ $512,000 ရရှိခဲ့ပြီး အကြမ်းအားဖြင့် ၃၀% အမြတ်ရရှိသည်။

Siu ၏ ဝဘ်ဆိုက်မှာ
https://invalid.jp/
ဖြစ်ပါသည်။ 

အသက် ၂၁ နှစ်အရွယ် Siu သည် မိဘနှင့် အတူနေထိုင်ပြီး သူ့အိပ်ခန်းသည် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သည့် အခန်းဖြစ်ခဲ့သည်။ ယခုအခါ ဂိုထောင်တစ်ခု တလ $1500 ဖြင့် ငှားရမ်းပြီး လုပ်ကိုင်သည်။
တက္ကသိုလ် ဆက်တက်နေဆဲဖြစ်ပြီး လုပ်ငန်းရှင်နှင့် ကျောင်းသား ဘဝ ၂ မျိုးဖြင့် နေထိုင်သည်။
သူ့မှာ Nissan Rogue SUV တစ်စီး ရှိသည်။ 
သူကားစရိတ်အတွက် အပိုဝင်ငွေရရန် ဗီနိုင်းစတစ်ကာများ ထုတ်လုပ်ပြီး ရောင်းချသည်။ 

နောက်ကြည့်မှန်မှာ မီးလင်းစတစ်ကာ ထည့်သည့် စိတ်ကူးကို Instagram မှာ သူတေ‌ွ့ခဲ့ရာမှ လက်တွေ့ လုပ်ကြည့်သည်။ တရုတ်ပြည်ရှိ စက်ရုံတခုမှ $20 တန် နောက်ကြည့်မှန် တစ်ခု မှာယူပြီး “drive safe.” ဟု စာသား ဖော်ပြသည့် မီးလင်းစတစ်ကာကို သူ ဖန်တီးသည်။
သူငယ်ချင်းက TikTok မှာ ပြသပြီး လူသိများအောင် လုပ်ဖို့ပြောသည်။ TikTok မှာ နောက်ကြည့်မ‌ှန် မီးလင်းစတစ်ကာအကြောင်း ဗီဒီယိုများ မကြာခဏ ပို့စ်တင်သည်။ ဗီဒီယိုတခုက ပေါက်သွားရာမှ သူ့လုပ်ငန်း လျင်မြန်စွာ ကြီးထွားသွားခဲ့ပါသည်။ 

 

ရောင်းအားသည် ကြာရှည်မခံချေ။ ရိုးသွားသည့်အခါ ရောင်းအားကျသွားသည်။ 
Snapchat, YouTube  Twitter (ယခု X) လူမှုကွန်ရက်များတွင် ငွေကုန်ခံပြီး ကြော်ငြာသော်လည်း ရောင်းအား တက်မလာချေ။ ကြော်ငြာစရိတ် ထောင်းသည်သာ အဖတ်တင်သည်။ သို့ဖြစ်ရာ လူမှုမီဒီယာများ ပြောင်းလဲသုံးစွဲသည်။
သူက ကြော်ငြာကို TikTok, Google, Facebook, Instagram တို့မှာ ပြသသည်။ ထိုအခါကျမှ အပ်စပ်သွားပြီး အဆင်ပြေသွားသည်။


 ပစ္စည်းသယ်ဖို့ ပိုသင့်တော်သည့်  Toyota 4Runner SUV ပြောင်းစီးသည်။
မနက်မှ နေ့လည်အထိ နေ့တဝက် ကျောင်းတက်သည်။ 
မွန်းလွဲမှာ Invalid.jp အလုပ် လုပ်ကိုင်သည်။ 
Source cnbc

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 210 times