ားရေ (လယ်သာ)ကားထိုင်ခုံ တွေဆိုရင် ဗီနိုင်းတို့၊ ပိတ်သားတို့ထက်ထိုင်ရတာ ပိုပြီးနူးညံ့ပျော့ပျောင်းပြီး သက်သောင့်သက်သာရှိတာကြောင့် ကားပိုင်ရှင်အတော်များများ သဘောကျကြပါတယ်။
လယ်သာထိုင်ခုံတွေ သုံးထားတယ်ဆိုရင်လည်း စနစ်ကျတဲ့ ပြုပြင်ထိန်းသိမ်းမှုမျိုးရှိဖို့ လိုအပ်ပြီး ဂရုမစိုက်ဘဲဖြစ်သလို ထားရင် ပြုပြင်စရိတ်ထောင်းနိုင်တာကြောင့် လုပ်ဆောင်သင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
လယ်သာသန့်စင်ဆေးသုံးပါ
လယ်သာပစ္စည်းတွေအတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်နဲ့ ထိုင်ခုံမျက်နှာပြင်တွေကို သန့်စင်ပေးဖို့လိုပါတယ်။ ခုံအကြိုအကြားနဲ့ အချိုင့်အပေါက်တွေထဲပါ ဆေးရည်ဝင်အောင် လိုက်သုတ်ပြီး မိနစ်အနည်းငယ်ကြာရင် အဝတ်သန့်တစ်ခုနဲ့ သုတ်ပေးနိုင်ပါတယ်။
လယ်သာသန့်စင်ဆပ်ပြာသုံးပါ
လယ်သာပစ္စည်းတွေသန့်စင်ဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆပ်ပြာ (Saddle Soap) ကို အဝတ်စလေးနဲ့ပွတ်ပြီး အမြှုပ်များများထွက်အောင်လုပ်ပြီး မာကျောကွဲအက်နေတဲ့ ခုံတွေကို အကြိုအကြားမကျန် သေချာပွတ်တိုက်ဆေးကြောပါ။ ပြီးရင် အဝတ်သန့်တစ်ခုနဲ့ အမြှုပ်တွေကုန်အောင် သုတ်ပေးဖို့လိုပါတယ်။ လယ်သာဆေးဆပ်ပြာမှာ အလှဆီနဲ့ သိုးမွေးမှရတဲ့ ဆီပါရှိတဲ့အတွက် လယ်သာတွေကို စိုစိုပြည်ပြည်လေးဖြစ်နေစေမှာပါ။
အရောင်တင်ဆေးသုံးခြင်း
ခုံအရောင်စိုပြည်တောက် ပြောင်စေဖို့အတွက် လယ်သာအ ရောင်တင်ဆေး ပမာဏများများ ကို အဝတ်သန့် (ဒါမှမဟုတ်) ဖော့တုံးအသုံးပြုပြီး ထိုင်ခုံတွေကို လိုက်သုတ်ပေးဖို့လိုပါတယ်။
မင့်ခ်အဆီသုံးခြင်း
လယ်သာပစ္စည်းတွေ ကြာရှည်ခံဖို့အတွက်ဆိုရင် မင့်ခ်ဆီ (Mink Oil)ကိုလည်း သုံးလို့ရပါတယ်။ တစ်ခုသတိထားရမှာက အရောင်ဖျော့တဲ့ လယ်သာတွေဆိုရင် စွန်းပေတာမျိုးဖြစ်တတ်တာကြောင့် အရောင်ရင့်တဲ့လယ်သာတွေဆို ပိုပြီးသင့်တော်ပါတယ်။ နောက်ပြီး ပမာဏနည်းနည်းလေးပဲသုံးဖို့ လိုပါတယ်။