လယ်သာကားထိုင်ခုံများကြာရှည်ခံစေရန်လုပ်သင့်သည့်အချက်များကို ဖော်ပြပေးထားပါသည်။
သားရေ(လယ်သာ)ကားထိုင်ခုံများဆိုလျှင်ဗီနိုင်း၊ ပိတ်သားများထက်ထိုင်ရတာပိုပြီးနူးညံ့ပျော့ပျောင်းပြီး သက်သောင့်သက်သာရှိသောကြောင့်ကားပိုင်ရှင်အတော်များများသဘောကျကြပါသည်။
လယ်သာထိုင်ခုံများသုံးထားသည်ဆိုလျှင်လည်းစနစ်ကျသည့်ပြုပြင်ထိန်းသိမ်းမှုမျိုးရှိရန်လိုအပ်ပြီး ဂရုမစိုက်ပဲဖြစ်သကဲ့သို့ထားပါကပြုပြင်စရိတ်ထောင်းနိုင်သောကြောင့်လုပ်ဆောင်သင့်သည်များကိုဖော်ပြပေး လိုက်ပါသည်။
လယ်သာသန့်စင်ဆေးသုံးပါ။
လယ်ယာပစ္စည်းများအတွက်သီးသန့်ထုတ်ထားသည့်သန့်စင်ဆေးရည်နှင့်ထိုင်ခုံမျက်နှာပြင်များကိုသန့်စင်ပေးရန်လိုအပ်ပါသည်။
ခုံအကြိုအကြားနှင့်အချိုင့်အပေါက်များထဲတွင်ဆေးရည်ဝင်အောင်လိုက်သုတ်ပြီးမိနစ်အနည်းငယ်ကြာပါက အဝတ်သန့်တစ်ခုနှင့်သုတ်ပေးနိုင်ပါသည်။
လယ်သာသန့်စင်ဆပ်ပြာသုံးပါ။
လယ်သာပစ္စည်းများသန့်စင်ရန်အတွက်သီးသန့်ထုတ်လုပ်ထားသည့်ဆပ်ပြာ(Saddle Soap) ကိုအဝတ်စများနှင့်ပွတ်ပြီးအမြှုုပ်များများထွက်အောင်လုပ်ပြီးမာကျောကွဲအပ်နေသည့်ခုံများကိုအကြိုအကြားမကျန်သေချာပွတ်တိုက်ဆေးကြောပါ။
ထို့နောက်အဝတ်သန့်တစ်ခုနှင့်အမြှုပ်များကုန်အောင်သုတ်ပေးရန်လိုပါသည်။
လယ်သာဆေးဆပ်ပြာတွင်အလှဆီနှင့်သိုးမွေးမှရသည့်ဆီပါရှိသည့်အတွက်လယ်သာများကိုစိုစိုပြည်ပြည်လေးဖြစ်နေစေမည်ဖြစ်ပါသည်။
အရောင်တင်ဆေးသုံးခြင်း
ခုံအရောင်စိုပြည်တောက်ပြောင်စေရန်အတွက်လယ်သာအရောင်တင်ဆေးပမာဏများများကိုအဝတ်သန့်(သို့မဟုတ်) ဖော့တုံးအသုံးပြုပြီးထိုင်ခုံများကိုလိုက််သုတ်ပေးရန်လိုပါသည်။
မင့်ခ်အဆီသုံးခြင်း
လယ်သာပစ္စည်းများကြာရှည်ခံစေရန်မင့်ခ်ဆီ(Mink Oil)ကိုလည်းသုံးလို့ရပါသည်။
သတိထားရသည်မှာအရောင်ဖျော့သည့်လယ်သာများတွင်စွန်းပေခြင်းမျိုးဖြစ်တတ်သောကြောင့် အရောင်ရင့်သည့်လယ်သာများအတွက်ပိုပြီးသင့်တော်ပါသည်။
ထို့နောက်ပမာဏနည်းနည်းသာသုံးရန်လိုအပ်ပါသည်။