Leapmotor တွင် Stellantis ယူရို ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ


Leapmotor တွင် Stellantis ယူရို ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Stellantis သည် Leapmotor နှင့် ဖက်စပ်လုပ်ငန်းတစ်ခုကို Leapmotor International အမည်ဖြင့် ထူထောင်မည်ဖြစ်ပြီး ပြည်ပတင်ပိူ့မှုကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်လယ်ပိုင်းတွင် စတင်မည်။


Leapmotor

Leapmotor ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Nio ထက် ၁ နှစ် နောက်ကျသည်။ 

• ၂၀၂၀ ပြည့်နှစ်တွင် ၇,၃၈၀ စီး
• ၂၀၂၁ ခုနှစ်တွင် ၄၃,၁၂၁ စီး
• ၂၀၂၂ ခုနှစ်တွင် ၁၁၁,၁၆၈ စီး
မှာကြားသူများထံ ကားအပ်နှံခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာတွင် ၈၈,၈၂၇ စီး မှာကြားသူများထံ ကားအပ်နှံခဲ့သည်။


 


Stellantis 

Stellantis ကို ၂၀၂၁ ခုနှစ်တွင် ထူထောင်သည်။ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသည့် ကားလုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစုကြီး ၂ ခုဖြစ်သည့်  Peugeot Citroën Group နှင့် Fiat Chrysler Group တို့ ပေါင်းစည်းပြီး Stellantis အမည်ဖြင့် ရပ်တည်ခြင်း ဖြစ်သည်။ 
Stellantis အမည်အောက်တွင် နာမည်ရ ကားအမှတ်တံဆိပ် ၁၄ ခု ပါသည်။ နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ကားများ ရောင်းချလျက်ရှိပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် ကားစက်ရုံများ ရှိသည်။

 

 

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ Leapmotor သည် ရောင်းအားအရ ဥရောပ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သူ Stellantis NV နှင့် ပူးပေါင်းကြောင်း ကြေညာချက် ထုတ်ပြန်သည်။

Stellantis သည် Leapmotor မှ ရှယ်ယာ ၂၀  ရာခိုင်နှုန်း ဝယ်ယူရန်အတွက် တွင် ယူရို ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁.၅၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့တွင် နေရာ နှစ်နေရာ ရရှိမည်။ 
Leapmotor International ၏ စီအီးအိုကို Stellantis က ခန့်အပ်မည်။ 

ဖက်စပ်လုပ်ငန်း Leapmotor International တွင် Stellantis က ရှယ်ယာ ၅၁% ပိုင်ဆိုင်မည်။ ကျန်သည့် ၄၉% ကို Leapmotor က ပိုင်ဆိုင်မည်။

Leapmotor International သည် ကားများ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် အာဏာကုန် လွှဲအပ်ခြင်း ခံရမည်။ Leapmotor ၏ တရုတ်ပြည်မှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍဖြင့် ကားများ ထုတ်လုပ်ခွင့် အပြည့်အဝ ရရှိမည်။

Stellantis သည် Leapmotor International မှ ထုတ်လုပ်မည့် ကားများအပြင် Leapmotor က တရုတ်ပြည်မှာ ရောင်းချနေသည့် ကားမော်ဒယ်များကိုလည်း ကမ္ဘာ့ဈေးကွက်မှာ ရောင်းချပေးမည်။ ၎င်းအစီအစဉ်ကို ဥရောပဈေးကွက်တွင် စတင်မည်။
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 538 times