Hyundai Motor မှ ပထမဆုံး အီးဗီဆီဒင် စတင်ထုတ်လုပ်
Hyundai Motor ရဲ့ ပထမဆုံး လျှပ်စစ်ဆလွန်း Ioniq 6 ကို တောင်ကိုရီးယားဈေးကွက်မှာ အနိမ့်ဆုံးဈေး ကန်ဒေါ်လာ ၄၁,၉၅၉ ဖြင့် စတင်ရောင်းချပါမယ်။
Hyundai Motor က Tesla Inc ကြီးစိုးထားတဲ့ လျှပ်စစ်ကားစျေးကွက်မှ ကြီးမားသောဝေစုကို ရယူရန် အထောက်အကူပြုပေးမယ့် ပထမဆုံး လျှပ်စစ်ဆလွန်း Ioniq 6 ကို ကြာသပတေးနေ့ (ဇူလိုင် ၁၄) တွင် မိတ်ဆက်ခဲ့ပါတယ်။
Hyundai Motor Group ရဲ့ ထီးရိပ်အောက်မှ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kia Corp နှင့် ပရီမီယံ brand ဖြစ်တဲ့ Genesis တို့ရဲ့ လျှပ်စစ်ကားမော်ဒယ်တွေကိုပါ ထည့်တွက်ရင် Hyundai Motor Group မှာ လျှပ်စစ်ကားမော်ဒယ် ၃၀ ကျော် ရှိနေပြီး Ioniq 6 က မော်ဒယ်တစ်ခုအဖြစ် ပါဝင်ပါတယ်။
Hyundai Motor Group က ၂၀၃၀ မှာ ကမ္ဘာ့အီးဗီဈေးကွက်ရဲ့ ၁၂% ကို ဝေစု ရရှိဖို့ ရည်မှန်းထားပါတယ်။
Hyundai ရဲ့ ဆီဒင်က လက်ရှိ crossover နှင့် SUV အပြင် နောက်ထပ်အမျိုးအစား တစ်မျိုး တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။ Tesla ရဲ့ အရောင်းရဆုံး Model 3 ဆီဒင်ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အီးဗီ ပြည်ပတင်ပို့မှုမှာ Hyundai နှင့် Kia တို့က ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ဈေးကွက်ဝေစု ၁၃.၅% ရရှိထားပြီး ဒုတိယနေရာ ရရှိထားပါတယ်။ Tesla က ၂၂% ဖြင့် ပထမ နေရာမှာ ရှိနေပါတယ်။
တောင်ကိုရီးယားဈေးကွက်မှာ Ioniq 6 ကို ရောင်းဈေး ဝမ် ၅၅ သန်း ($41,950 )မှ ဝမ် ၆၅ သန်းအထိ သတ်မှတ်ထားပါတယ်။
Ioniq 6 ဆီဒင်က ခရီးတာ ၆၁၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ Ioniq 5 crossover ထက် ၃၀% ပိုပါတယ်လို့ Hyundai က ပြောကြားပါတယ်။
ဘက်ထရီ ဓာတုဗေဒက အတူတူ ဖြစ်ပေမဲ့ စွမ်းအင်သိပ်သည်းမှု တိုးမြှင့် ပေးထားကြောင်း Hyundai အမှုဆောင် ဒုဥက္ကဋ္ဌ Kim Yong Wha က ပြောကြားပါတယ်။
Ioniq 6 ဆီဒင်မှာ ရွေးချယ်စရာ ဘက်ထရီ ၂ မျိုး စီစဉ်ပေးထားပါတယ်။ 53kWh နှင့် 77.4 kWh တို့ ဖြစ်ပါတယ်။
ယခုနှစ်မှာ SK Innovation ရဲ့ SK On ဘက်ထရီကို အသုံးပြုပြီး နောက်နှစ်မှာ LG Energy Solution ရဲ့ ဘက်ထရီကို အသုံးပြုမယ်လို့ Hyundai က ပြောကြားပါတယ်။
တောင်ကိုရီးယားနိုင်ငံ Asan စက်ရုံမှာ ထုတ်လုပ်ပါမယ်။
တောင်ကိုရီးယား ပြည်တွင်းဈေးကွက်မှာ ယခုနှစ်အတွင်း စတင်ရရှိနိုင်မှာဖြစ်ပြီး အမေရိကန်ဈေးကွက်မှာတော့ နောက်နှစ် ပထမ ၃ လပတ်ကျမှ စတင်ရရှိမှာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Telegram Channel
Source:asia.nikkei