Land Rover Discovery


အင်္ဂလန်အခြေစိုက် Land rover ကုမ္ပဏီကထုတ်လုပ်သည့် ၂၀၁၇ မော်ဒယ်လ် Full-size SUV ကားအမျိုးအစားဖြစ်သည့် The New Land Rover Discovery အသစ်စက်စက်ကားအမျိုးအစားကို ပြည်တွင်းတွင် စတင်မိတ်ဆက်ပါသည်။

မြို့ပေါ်တွင် ဇိမ်ခံကားတစ်စီးအနေဖြင့် အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သကဲ့သို့ အင်္ဂလန်၏ ခေတ်မီနည်းပညာမျိုးစုံပေါင်းစပ် ထုတ်လုပ်ထားသည့်အတွက် တောင်ဆင်းတောင်တက်လမ်းကြမ်း ခရီးကြမ်းများကို ပါ မိသားစုနှင့်သွားရန် အဆင်ပြေပါသည်။

3.0L, V6 petrol အင်ဂျင်ကို Si 6 ဂရိတ်အမျိုအစားမှာ အသုံးပြုပါသည်။

ဆလင်ဒါခြောက်လုံးထိုးအင်ဂျင်ဖြစ်ပြီး အင်ဂျင်စွမ်းဆောင်ရည်အနေဖြင့် မြင်းကောင်ရေ ၃၄၀ ရှိပြီး ရုန်းအား 450Nm ရှိပါသည်။

ဘောနက်၏ ထပ်တွင် Discovery စာတန်းပါရှိပြီး အောက်တွင် အလျားလိုက် အတန်းနှစ်တန်းပါသည့် ရှဲလ်ကို တပ်ဆင်ပါသည်။

သားရေထိုင်ခုံများဖြစ်ပြီး လျှပ်စစ်နှင့် အပူပေးသည့်စနစ်ပါရှိပါသည်။

Intelligent Seat Fold Technology စနစ်ပါရှိသည့်အတွက် ခုံအနေအထားကို အလိုအလျောက် ချိန်ညှိနိုင်သည်။

ဖုန်း အပလီကေးရှင်းကို အသုံးပြုပြီး ထိုင်ခုံကနေ ခေါ်ဆိုနိုင်ပါသည်။

Semi-autonomous safety technology နှင့် ကား၏ အတွင်းခန်းကို တည်ဆောက်ထားသည့်အတွက် ပရီမီယမ်အဆင့်မြင့် အရည်အသွေးဖြစ်ပြီး မိသားစုအားလုံးအတွက် လုံခြုံစိတ်ချရစေပါသည်။

ဗြိတိသျှနည်းစနစ်များနှင့် ဖန်တီးထားပြီး ခရီးဆောင်ပစ္စည်းထားရန် နေရာ ၂၅၀၀ လီတာ အထက်အထိ ကျယ်ဝန်းပါသည်။

SUB port ချိတ်ဆက်အသုံးပြုခြငး် ၊ ဖုန်းအားသွင်းခြင်းများအပြင် 3G WiFi ကိုလည်း ခရီးသွားရင်း အသုံးပြုနိုင်ပါသည်။

Multi-mode Terrain Response 2 System နှင့် All-Terrain Progress Control(ATPS) စနစ်များ ပါရှိသည့်အတွက် လမ်း၏ မြေအနေအထားအမျိုးမျိုးအလိုက် mode များ ပြောင်းလဲမောင်းနှင်နိုင်မည်။

ပတ်လည်အသက်ကယ်လေအိတ် စနစ်ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။

Land Rover Discovery Si6 ၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ၀န်းကျင်ရှိပါသည်။

Si6, Td4, Sd 4 နှင့် Td 6 စသည့်ဂရိတ်အမျိုးမျိုးကွဲပြားပြီး ဂရိတ်အမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ မှ ၂၃၀,၀၀၀ ၀န်းကျင်အထိရှိပါသည်။

၀န်ဆောင်မှုများအနေဖြင့် အာမခံ ငါးနှစ်ရရှိမည်ဖြစ်ပါသည်။

 

 

Read 1434 times