Land Rover Discovery Sport 2.0 SE


၂.၀ ဒီဇယ်အင်ဂျင်နဲ့ ဘယ်မောင်း အော်တိုဂီယာပါ။ အရောင်ကတော့ Corris Grey ၊ Fuji White ၊ Scotia Grey ဆိုပြီး သုံးရောင်ရှိပါတယ်။ အတွင်းခန်းမှာတော့ ပြောင်လက်နေတဲ့ Ebony Partial Leather ထိုင်ခုံ ၊ Leather စတီယာတိုင်၊ Ebony Dashboard ၊ Ebony Carpet တို့ဖြင့် အလှဆင်ထားပါတယ်။

Land Rover Discovery Sport 2.0 SE ကို UK ရှိ Land Rover ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အနောက်ဘက်တံခါးအပါအဝင်တံခါး ၅ ပေါက် နှင့် ထိုင်ခုံ ၇ ခုံ ပါတဲ့ SUV body အမျိုးအစားဖြစ်ပါတယ်။

အနောက်ခန်းမှာတာ့ ခေါင်းမှီလို့ရပြီး ၆၀/၄၀ ကျယ်တဲ့ ထိုင်ခုံများကိုတပ်ဆင်ပေးထားပါတယ်။ စတီယာတိုင်မှာ Phone Control ၊ Cruise Control ၊ Bluetooth Audio Stream ခလုပ်များပါဝင်ပါတယ်။ တောင်အဆင်းလမ်းတွေမှာထိန်းချုပ်နိုင်မဲ့ (HDC) system၊ လမ်းအခြေနေပေါ်မူတည်ပြီး ထိန်းချုပ်နိုင်မယ့် (ATPC) system နဲ့ Eco/Stop/Start system တွေလည်းထည့်သွင်းပေးထားပါသေးတယ်။

SD card ထည့်သွင်းအသုံးပြုလို့ရတဲ့ Information System TFT TouchscreenTV ၊ နောက်ကြည့်ကင်မရာ၊ ရှေ့ နောက် Parkin Sensors တို့လဲပါဝင်ပါတယ်။ထို့အပြင် ရှေ့ခန်းရောနောက်ခန်းမှာပါ 12 Volt Power Point ပါဝင်ပါသေးတယ်။

Power Windows (ရှေ့၊နောက်)၊ ရာသီဥတုပေါ်မူတည်ပြီးပြောင်းလဲပေးတဲ့ Auto Aircon၊ Automatic Low light Sensing Xenon Headlights ၊ Headlight Power Wash ၊ Front Fog Lights များလည်းပါဝင်ပါတယ်။

၁၈လက်မရှိသော တစ်မူထူးခြားတဲ့ Aero Viper Silver Alloy တွေကိုတပ်ဆင်ထားပြီး လေအလျော့အတင်းကိုထိန်းချုပ်နိုင်တဲ့ (TPSM) System ကိုလဲအသုံးပြုထားပါသေးတယ်။ Land Rover Discovery Sport 2.0 SE ဟာ အစရှိတဲ့ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားတဲ့ကားတစ်စီးဖြစ်ပါတယ်။

Read 528 times