Land Cruiser ဟိုက်ဘရစ်မော်ဒယ်အသစ် တိုယိုတာ ထုတ်ဖော်ပြသ


Land Cruiser ဟိုက်ဘရစ်မော်ဒယ်အသစ် တိုယိုတာ ထုတ်ဖော်ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Toyota သည် အစဉ်အလာကြီးမားသည့် အထင်ကရ SUV မော်ဒယ် Land Cruiser ၏ ပထမဆုံး ဟိုက်ဘရစ်ဗားရှင်း ကို ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂)တွင် ထုတ်ဖော်ပြသခဲ့ပါသည်။
မြောက်အမေရိကနှင့် အခြားအဓိကဈေးကွက်များတွင် ရောင်းချမည်။
 ၁၉၅၁ ခုနှစ်ကတည်းက စတင်ခဲ့သည့် Land Cruiser ကို အရွယ်အစား ငယ်ပေးထားသည်။
 ဂျပန်နိုင်ငံရှိ စက်ရုံ ၂ ရုံမှာ ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ရောင်းချသွားမည် ဖြစ်သည်။
 
ဆီစားသက်သာသည့် ဟိုက်ဘရစ် မော်ဒယ်အသစ်ကို အမေရိကန်တွင် မော်ဒယ်အဟောင်း  Land Cruiser ပိုင်ရှင်တို့ အလဲအထပ်လုပ်ပြီး ဝယ်စီးနိုင်အောင် စီစဉ်ပေးမည်ဟု ဆိုသည်။

Land Cruiser နှင့် Alphards မော်ဒယ်များသည် တိုယိုတာအတွက် အမြတ်အစွန်း မြင့်မားသည့် ကားများ ဖြစ်သည်။

Land Cruiser အသစ်ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံမှာ စတင်ရောင်းချနိုင်မည်ဖြစ်သည်။ အမေရိကန်တွင် ၂၀၂၄ ခုနှစ် နွေဦးတွင် စတင်ရောင်းချမည်။
Land Cruiser မော်ဒယ်အသစ်ကို ဟိုက်ဘရစ်အပြင်၊ ဓာတ်ဆီ၊ ဒီဇယ် ဗားရှင်းများလည်း ထုတ်လုပ်မည်။ 

 

 

 

 

 

 


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2354 times