LAND CRUISER PRADO


Land Cruiser Prado ၏ ရှေ့ရှလ်(Grille) ကို ဒေါင်လိုက်တန်းများနှင့် ဒီဇိုင်းဖန်တီးထားခြင်းမှာ တခြားကားများနှင့် ကွဲပြားသွားစေပါသည်။

လမ်းအနေအထားမရွေး မောင်းနှင်အသုံးပြုနိုင်အောင် Group Clearance ကိုခပ်မြင့်မြင့်ပြုလုပ်ထားပြီး Off-Road လမ်းများတွင်မောင်းနှင်သည့်အခါ ငြိမ့်ညောင်းမှုရှိစေရန်အတွက် Electronically Controlled Kinetic Dynamic Suspension စနစ်ကိုအသုံးပြုထားပါသည်။

ဘေးခြေနင်းတန်းနှင့် နောက် Spoiler ဒီဇိုင်းမှာ Sport ဆန်သော SUV ကားတစ်စီး၏ အသွင်ကိုဖော်ကျူးနေပါသည်။

အတွင်းခန်းကျယ်ကျယ်ဝန်းဝန်းနှင့်ခေတ်မီလှပပြီး အသုံးပြုရလွယ်ကူအောင် ဖန်တီးပေးထားပါသည်။

အတွင်းခန်းတွင် လူခုနှစ်ဦးလိုက်ပါ စီးနင်းနိုင်ပြီး ထိုင်ခုံများကို လိုအပ်သကဲ့သို့ ထားရှိအသုံးပြုနိုင်အောင် စီမံထားပါသည်။

ရှေ့ဒက်ရှ်ဘုတ်တွင် Multi-information Display ဒိုင်ခွက်များနှင့် 4.2 လက်မအရွယ် TFT ကာလမျက်နှာပြင်မှ ယာဉ်နှင့် ပတ်သက်သောအချက်အလက်များကို ပြည့်ပြည့်စုံစုံဖော်ပြပေးသောကြောင့် မောင်းနှင်ရ လွယ်ကူစေပါသည်။

Smart Entry & Start System ဖြစ်သောကြောင့် ယာဉ်၏တံခါးအဖွင့်၊အပိတ် သော့တံမလိုပဲ ကားနားရောက်သည်နှင့် လော့ခ်ဖွင့်နိုင်မည်ဖြစ်ပြီး Push-Start နှင့်အလွယ်တကူစက်နှိုးအသုံးပြုနိုင်ပါသည်။

Leather Steering မှ Audio စနစ်ကို ထိန်းချုပ်အသုံးပြုနိုင်ပြီး ခုနှစ်လက်မ ဖန်သားမျက်နှာပြင်မှ ရုပ်သံစနစ်၊ လမ်းပြစနစ်၊ AM/FM ရေဒီယိုစနစ်နှင့် DVD စနစ်များကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် External Audio Input စနစ်ကိုလည်းထည့်သွင်းထားပြီးအဆင့်မြင့် အသံစနစ်အတွက် AVN-Type စပီကာ ၁၄ လုံးပါ JBL Synthesis Premium Surround Sound စနစ်ကိုအသုံးပြုထားပါသည်။

Land Cruiser Prado မှာ 3.0LL4 ဒီဇယ်အင်ဂျင်တပ်ဆင်အသုံးပြုထားပြီး အချိန်မရွေး 4WD Drive Mode ကို အသုံးပြုနိုင်သည့် Full Time 4 WD စနစ်ကို အသုံးပြုထားပါသည်။

အမြင့်ဆုံးထွက်ရှိမည့် စွမ်းအားမှာ အင်ဂျင်တစ်မိနစ်လည်ပတ်အား 3400Rpm တွင်မြင်းကောင်ရေ ၁၆၁ ကောင်အားကိုထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

ဂီယာမှာ 5-Speed Super-Intellilgent ECT with Sequential Shift/4-speed Automatic Transmission ကိုအသုံးပြုထားပါသည်။

ယာဉ်၏ လုံခြုံရေးအတွက် SRS Airbags ၊ Blind Spot Monitor ၊Pedestrian Protection၊ Crash Safety၊ Emergency Brake Signal၊ Vehicle Stability Control စသောအဆင့်မြင့်လုံခြုံရေးစနစ်များနှင့် စီးနင်းသူများကို အကောင်းဆုံးလုံခြုံမှုပေးထားပါသည်။

Land Cruiser Prado ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၂၈,၀၀၀ ဝန်းကျင်တွင်ရှိပြီးမြန်မာနိုင်ငံ၏ တရားဝင် Toyota ကားအရောင်းပြခန်းတွင်ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားသည်ကိုတွေ့ရပါသည်။

Source:Automobile journal

Read 2178 times