သွားတိုက်ဆေးသုံးပြီး ကားမီးခွက်တွေဆေးကြောမယ်


ကားမှန်ရှေ့က နောက်မီးခွက်တွေမှာ မိုးရေ၊ ဖုန်မှုန့်တွေကြောင့် မှုန်ဝါးလာတဲ့အခါ အလင်းရရှိမှုလည်း နည်းပါးလာစေပါတယ်။ ကားရဲ့ အလှကိုလည်းပျက်ဆီးစေပါတယ်။

အဲဒီလိုပြဿနာမျိုးကို အိမ်သုံးပစ္စည်းတွေအသုံးပြုပြီး ကိုယ်တိုင်လုပ်ဆောင်နိူင်ပါတယ်။ အိမ်သုံးသွားတိုက်ဆေးအဖြူ၊ အဝတ်ခြောက်နှစ်စ၊ ရေဖြန်းစပရေးဗူးတစ်ဗူးတို့သာ လိုအပ်မှာဖြစ်ပါတယ်။

အရင်ဆုံး မှုန်ဝါးနေတဲ့ကားမီးခွက်တွေကို စပရေးဗူးအသုံးပြုပြီး ရေနဲ့ပက်ဖြန်းပေးပါ၊ရေဆိုနေတဲ့ ကားမီးခွက်မျက် နှာပြင်ကို သွားတိုက်ဆေးအဖြူအနည်းနဲ့ အဝတ်ခြောက်သုံးပြီး ပွတ်တိုက်ပေးရပါမယ်။

ကားမီးခွက်ရဲ့မှုန်းဝါးနေတဲ့ အနေအထားပေါ်မူတည်ပြီး အချိန် ၁၀ မိနစ်ခန့်ကနေ မိနစ်၂၀ လောက်အထိပွတ်တိုက်ပေးရပါမယ်။ သွားတိုက်ဆေးပွတ်တိုက်ပြီးရင်တော့ အဝတ်သန့်ကိုသုံးပြီး မီးခွက်မှာပေကျံနေတဲ့ သွားတိုက်ဆေးနဲ့အညစ် အကြေးတွေကိုရေနဲ့ ဆေးကြောပွတ်တိုက်ရပါမယ်။

အဝတ်ခြောက်နဲ့ ကားမီးခွက်ကို ခြောက်သွားအောင်သုတ်လိုက်မယ်ဆိုရင်တော့ အရင်ကထက်ပိုပြီး ကြည်လင်တောက်ပတဲ့ကားမီးခွက် အနေအထားကို ပြန်ရလာပါလိမ့်မယ်။

ကားမီးခွက်ကို ဆေးကြောနိူ်င်တဲ့အခြားနည်းလမ်းတွေလည်းရှိပေမယ့် လောင်စာဆီ၊ စွမ်းအားမြင့်ဆီတွေကို အသုံးပြု ဆေးကြောတာတွေက ကားမီးခွက်တွေကို ထိခိုက်စေနိူင်ပါတယ်။

အဲ့ဒါကြောင့် ကားမီးခွက်ဆေးကြောဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ ဆေးရည်တွေနဲ့ ဆေးကြောတာပဲဖြစ်စေ၊ ကားဆေးကြောသန့်စင်တဲ့ဆိုင်တွေမှာ ဆေးကြောတာကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Read 3189 times