Lamborghini က လျှပ်စစ်မော်တာပါသည့် ကားများသာ ထုတ်လုပ်မည်ဟုပြောကြား


Lamborghini က လျှပ်စစ်မော်တာပါသည့် ကားများသာ ထုတ်လုပ်မည်ဟုပြောကြား


ဓာတ်ဆီအင်ဂျင် သုံးသည့်ကားများ ထုတ်လုပ်မှုသည် ယခုနှစ် နောက်ဆုံးဖြစ်ကြောင်း၊ နောက်နှစ်မှစ၍ လျှပ်စစ်မော်တာပါသည့် ကားများကိုသာ ထုတ်လုပ်တော့မည် ဖြစ်ကြောင်း၊ hybrid (HEV) ကားမော်ဒယ်များနှင့်  plug-in hybrids (PHEV)ကားမော်ဒယ်များဖြင့် စတင်မှာဖြစ်ကြောင်း Lamborghini က  ထုတ်ပြန်ကြေညာပါတယ်။ စီအီးအို Stephan Winkelmann က အပြည့်အဝ လျှပ်စစ်ကားကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး တံခါး၄ ပေါက် ကား ဖြစ်မယ်လို့ အတည်ပြု ပြောကြားပါတယ်။

အီတလီ စူပါကား ပြုလုပ်သူ Lamborghini က စွမ်းဆောင်ရည် မြင့်မားတဲ့ကားမျိုးကို ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ်အဖြစ် ထုတ်လုပ်မယ့် စိတ်ကူးကို နှစ်အတန်ကြာ ြငင်းပယ်ခဲ့ပြီး ယခု မူပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

 ၂၀၁၈ မှာ Lamborghini ရဲ့ နည်းပညာပိုင်းဆိုင်ရာ အရာရှိချုပ် Maurizio Reggiani က
 "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စူပါ အိမ်စီးပြိုင်ကားတွေ ပေးအပ်ဖို့ ဖြစ်ပါတယ်။ အဲဒီ အရည်အသွေး သတ်မှတ်ချက်ကို စွမ်းအင်နဲ့ ပါဝါအတွက် ဘက်ထရီတွေ သုံးပြီး ထုတ်လုပ်ရင် တန်းမမီပါဘူး"
လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Lamborghini ရဲ့မိခင်ကုမ္ပဏီ Volkswagen က လျှပ်စစ်မော်တာဖြင့် မောင်းနှင်တဲ့ ၄ ဘီးယက် ပြိုင်ကား VW ID.R ကို ထုတ်လုပ်ပြီး အမြန်နှုန်းဆိုင်ရာ စံချိန်အချို့ကို စံချိန်ချိုးနိုင်ခဲ့ပါတယ်။

Volkswagen I.D. R Pikes Peak


စီအီးအိုရဲ့ ပြောကြားချက်အရ Lamborghini ရဲ့ လျှပ်စစ်မော်တာကားမော်ဒယ်များ ထုတ်လုပ်မယ့် အစီအစဉ်အရ

  • ၂၀၂၃ မှာ Aventador Hybrid 
  • ၂၀၂၄ မှာ Urus Plug-in Hybrid 
  • ၂၀၂၅ မှာ Huracán Hybrid in 2025
  • ၂၀၂၈ မှာ မော်ဒယ်အမည် မသတ်မှတ်ရသေးသော အပြည့်အဝလျှပ်စစ် အိမ်စီးပြိုင်ကား

တို့ ထုတ်လုပ်သွားဖို့ လျာထားပါတယ်။
 

Read 743 times