Lamborghini SUV အသစ်မှာကြားလျှင် ၁ နစ်စောင့်ရမည်ဟု စီအီးအို ပြောကြား


Lamborghini SUV အသစ်မှာကြားလျှင် ၁ နစ်စောင့်ရမည်ဟု စီအီးအို ပြောကြား


Lamborghini SUV အသစ် မှကြားလျှင် စောင့်ဆိုင်းကာလ ယခုအခါ ၁ နှစ်ကြာမည်ဖြစ်ကြောင်း Lamborghini ရဲ့ စီအီးအို Stephen Winkelmann က CNBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

Stephan Winkelmann, CEO of Lamborghini

 

ကိုဗစ်ကပ်ဘေး မတိုင်ခင်က Lamborghini အသစ်တစ်စီး မှာကြားလျှင် စောင့်ဆိုင်းချိန်မှာ ၆ လမှ ၉ လအထိ ဖြစ်ပြီး ယခုအခါ ၁ နှစ် ဖြစ်သွားပါတယ်။ 
စောင့်ဆိုင်းကာလ ပုံမှန် ဘယ်တော့ ပြန်ဖြစ်မလဲဆိုတာ မှန်းရခက်တယ်လို့ Winkelmann က ပြောကြားပါတယ်။ တန်းအမြင့်ဆုံးမှ ကားတွေ ဝယ်ယူဖို့ မှာကြားသူတွေ ပိုမိုများပြားလာနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ ထုတ်လုပ်တဲ့ကားမျိုးတွေကို ဝယ်စီးနိုင်တဲ့သူတွေ ကမ္ဘာတစ်လွှား ပိုများလာတယ်။ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူဌေးအသစ်တွေ ဖြစ်လာကြသူတွေက ဝယ်ကြတယ်။ အခုအခြေအနေက ပုံမှန်အခြေအနေ အသစ်တစ်မျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်" လို့ သူက ရှင်းပြပါတယ်။

Lamborghinis ဝယ်ယူသူတွေထဲမှာ ၇၀%က၂၀၂၅ မှာ အသက် ၄၀ နှစ် မပြည့်သေးတဲ့သူတွေ ဖြစ်တယ်လို့ သူက ပြောပြတယ်။

ခေတ်က SUV ခေတ်ရေစီးကြောင်း ဖြစ်သည့်အားလျော်စွာ Lamborghini ရဲ့ SUV မော်ဒယ် Urus ထံမှ ပြီးခဲ့တဲ့နှစ်မှာ အမြတ်အများဆုံး ရရှိခဲ့ပါတယ်။ 

၂၀၂၁ မှာ Lamborghini ရောင်းအား အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံ ရှိခဲ့ပါတယ်။ ကားစီးရေ ၈,၄၀၅ စီးထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Urus မော်ဒယ်များ ၅၀၂၁ စီး၊ Huracans ၂,၅၈၆ စီး၊ Aventadors ၇၉၈ စီး ပါဝင်ပါတယ်။ 

Lamborghini အနေဖြင့် ယခုနှစ်မှာ ချစ်ပ် ပြဿနာ မရှိဘူးလို့ Winkelmann ကပြောကြားပါတယ်။ မော်တော်ယာဉ်သုံး ချစ်ပ်အမျိုးမျိုး အလုံအလောက် မရတဲ့ ပြဿနာကို ကားထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်း အနည်းနှင့်အများ ရင်ဆိုင်နေကြရပြီး လျာထားချက်ထက် စီးရေ လျှော့ထုတ်ရခြင်း၊ ပစ္စည်းမရသဖြင့် စက်ရုံ ရက်ပိုင်း ပိတ်ထားရခြင်းများ ရှိနေပေမဲ့လည်း Lamborghini ရဲ့ မိခင်လုပ်ငန်း Volkswagen Group က ချစ်များနှင့် အခြားပစ္စည်းများကို ရရှိဖို့ Lamborghini ကို အမြင့်ဆုံး ဦးစားပေးအဖြစ် သတ်မှတ်ပေးထားပါတယ်။ ယခုနှစ်မှာ ယခင်နှစ်ထက် စီးရေပိုများများ ထုတ်လုပ်မယ်လို့ Winkelmann က ပြောကြားပါတယ်။

ကားအရောင်းသမားတွေက Lamborghini ကို ရဖို့ စောင့်ဆိုင်းရတဲ့ ကာလ ရှည်ကြာနေတဲ့အပေါ် အမြတ်ထုတ်ကြပါတယ်။ ဆောလျင်စွာ ရယူလိုပါက အပိုဆောင်းကြေး ‌အမေရိကန်ဒေါ်လာ သိန်းဂဏန်းအထိ တောင်းခံပါတယ်။ အမှာစာ ရုပ်သိမ်းတဲ့ကားကို ယူပြီး အလှည့်ကျော် ရောင်းချပေးပါတယ်။ အချို့ ကားအရောင်းသမားတွေက ဝယ်သူမရခင်ကတည်းက ကြိုကြိုတင်တင် အမှာစာ ပေးပို့ထားပါတယ်။ 

Urus ကို တစ်လအတွင်း ရချင်လို့ အမေရိကန်ဒေါ်လာ ၁ သိန်း အပိုပေးပြီး ဝယ်တဲ့သူတွေ ရှိနေပါတယ်လို့ CNBC ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

 

 

Read 1353 times