ဒေါ်လာ (၁.၉) သန်းလောက် တန်ကြေးရှိတဲ့ Lamborghini Limited Edition


Lamborghiniရဲ့ Centenario စူပါကား တစ်စီးဟာ အမေရိကန်မြေကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Centenarioတွေဟာ အီတလီ စူပါကား ကုမ္ပဏီရဲ့ နာမည်ကျော် Aventadorတွေကို အခြေခံ အဆင့်မြှင့် ဖန်တီးထားတဲ့ Limited Editionတွေ ဖြစ်ပါတယ်။ ကုမ္ပဏီ စတင်ထူထောင်ခဲ့သူ ဖျူရစ်ဆီယို လမ်ဘော်ဂျီနီရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြု ထုတ်လုပ်ထားတဲ့ ကားတွေကိုစုစုပေါင်း အစီးရေ ၄၀ သာ ရောင်းချမှာ ဖြစ်ပါတယ်။

Centenario အစီး ၄၀ ကိုမှ Coupe အမျိုးအစား ၂၀ နဲ့ အမိုးဖွင့် မူကွဲ ၂၀ စီသာ ထုတ်လုပ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်မှာ ထုတ်လုပ်မှု စတင်ပြီး တစ်စီးကို ဒေါ်လာ ၁.၉ သန်းလောက် တန်ကြေးရှိတဲ့ Centenarioတွေထဲ

က တစ်စီးဟာ အခုတော့ အမေရိကန်မြေကို ပထမဆုံးအကြိမ် ဆိုက်ရောက်လာပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က နယူးပို့တ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ Lamborghini အရောင်းပြခန်းက ဒီကားကို ထုတ်ဖော် ပြသလိုက်ပါတယ်။ ဒါပေမဲ့ ကားပိုင်ရှင် ဘယ်သူဖြစ်မယ် ဆိုတာကိုတော့ တိတိကျကျ မကြေညာခဲ့ပါဘူး။ Lamborghiniဟာ Centenario အစီး ၄၀ လုံးအတွက်  အမှာစာတွေ လက်ခံရရှိထားပြီး ကားအားလုံး ရောင်းထွက်ပြီးသား ဖြစ်ပါတယ်။

Centenarioတွေမှာ မြင်းကောင်ရေ ၇၅၉ ကောင်အား V12 အင်ဂျင်တွေကို တပ်ဆင်ထားပြီး ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၈ စက္ကန့်အတွင်း အရှိန်မြှင့်နိုင်ပါတယ်။ ဒီစူပါကားတွေဟာ အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၂၁၇ မိုင်ထိ မောင်းနှင်နိုင်စွမ်း ရှိနေတယ်။ Lamborghiniက Centenario တစ်စီးစီကို ကုမ္ပဏီရဲ့ Ad Personam ဝန်ဆောင်မှု အသုံးပြုပြီး ဝယ်ယူသူ စိတ်ကြိုက် မွမ်းမံပြောင်းလဲမှုတွေ ပြုလုပ်ပေးတယ်လို့လည်း သိရပါတယ်။

 

Read 3276 times