V 10 Engine နဲ့ Lamborghini ရဲ့ Hurancan Evo


ကမ္ဘာကျော် Lamborghini ပြိုင်ကားကုမ္ပဏီက Midcycle Refresh အနေဖြင့် ထုတ်လုပ်ထားတဲ့ Huracon Evo ကို အထူးဆန်းသစ်လှပတဲ့ Redesign ပုံစံဖန်တီးထားပြီး ခေတ်ရှေ့ပြေး Vehicle Dynamic Control စနစ်ကိုလည်း ပထမဆုံးထည့်သွင်းထားပါတယ်။

အရှေ့Bumper မှာတော့ ကြီးမားတဲ့ လေစုပ်ပေါက်များဖြင့် ကိုတွေ့မြင်ရမှာပါ။ Lamborghini ၏ Hexagon Design များကိုတော့ ပြတင်းတံခါးများ ၊ ကားဘေးဖက်လေထွက်ပေါက်များ၊ အသစ်ဖန်တီးမှုဖြစ်တဲ့ အနောက်ဖက်ဒီဇိုင်း၊ Twin Exhaust Tips နှင့် Spoiler များတွင် ထည့်သွင်းဖန်တီးထားမှာဖြစ်ပါတယ်။

ယခင် Hurancan Model များထက်ပို၍ လေခွင်းပေးနိုင်တဲ့ ကိုယ်ထည်နဲ့ ထူးခြားစွာဖန်တီးထားပါတယ်။ အင်ဂျင်အနေဖြင့် မြင်းကောင်ရေအား ၆၄၀ ထိထုတ်ပေးနိုင်တဲ့ 5.2 L V10 Engine ကို တပ်ဆင်ထားပါတယ်။ 0 to 60 mph ကို 2.9 seconds အတွင်း အမြန်ဆုံးရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။ Supercar ဖြစ်တဲ့အတွက် Top speed ကတော့ 202 mph ထိမောင်းနှင်နိုင်မှာပါ။ အင်ဂျင်ရုန်းအားကို မျှဝေမောင်းနှင်နိုင်တဲ့ AWD System ကိုလည်း ထည့်သွင်းထားပါတယ်။

Strada ၊ Sport ၊ Corsa Race ၊ Track Mode အစရှိတဲ့ Dynamic System အားလုံးကို Setup ပြုလုပ်စေခြင်းဖြင့် ယာဉ်မောင်းဆန္ဒရှိတဲ့ Driving Dynamic များကို မြန်ဆန်စွာသယ်ဆောင်ပေးနိုင်သည့် Vehicle Dynamic Control စနစ်ကိုလည်း စတင်ထည့်သွင်းလာမှာပါ။

အလားတူ အဆင့်မြှင့်တင်ထားတဲ့ 2.0 Version of Lamborghini Piatta forma Inerziale စနစ်လည်းပါရှိလာမှာဖြစ်ပါတယ်။ Carbon forged Composites ဖြင့်ပြုလုပ်ထားတဲ့ ယင်း Hurancan Evo ကိုတော့ ယခုနှစ်နွေရာသီမှာ USD 261274 ဖြင့် U.S.A Market တွင် စတင်ရောင်းချမှာဖြစ်ပါတယ်။

 

Read 471 times