၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ထွက်ပေါ်လာသော Lamborghini ကားများ

Lamborghini ကားကို အီတလီလူမျိုး လုပ်ငန်းရှင်တစ်ယောက်မှ စတင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ကားဇုန်ထဲတွင် ငယ်ရွယ်ပြီး အကြောက်အလန့်ကင်းမဲ့သူဟု တင်စားနိုင်သကဲ့သို့ စွန့်ဦးတီထွင်ခဲ့သူဖြစ်ပါသည်။

ထိုသူ၏ ကားများသည် ရှားပါး၍ လက်တွေ့ဆန်ပြီး အပြင်ပန်းပုံစံမှာ ကြည့်ကောင်းလွန်းလှပါသည်။

ကုမ္ပဏီနှင့် ကားများအကြောင်းသည် နှစ်များအလိုက်ပြောင်းလဲခဲ့သော်လည်း အံ့အားသင့်သွားစေသည့် Horsepower နှင့် စတိုင်လ်မှာ ပြောင်းလဲမသွားကြောင်းသိရပါသည်။

ထိုကြောင့် အလန်းစားပုံစံများနှင့် လူငယ်ကြိုက်များသော အကောင်းဆုံးသော Lamborghini ကား ၅ စီးကို Automobile Directory စာဖတ်ပရိတ်သတ်များအတွက် စုစည်းဖော်ပြပေးလိုက်ပါသည်။

 

(1) Lamborghini Murcielago

2001 တွင် ထုတ်လုပ်ခဲ့သည့် Murcielago သည် Lamborghini ၏ Flagship တစ်ခုဖြစ်ခဲ့ပါသည်။

Murcielago သည် mid-engine V12 format ၏ ရင်းနှီးမှုကိုယူပြီး အမြန်နှုန်းကို ဖွင့်ပေးနိုင်သော wing-like air vent ပုံစံမျိုးကို ထပ်ထည့်ထားပါသည်။

ထိုကားသည် Audi စတင်တာဝန်ယူပြီးနောက်ပိုင်းတွင် ပထမဆုံးသော Lamborghini မော်ဒယ်ဖြစ်လာခဲ့ပါသည်။

ယခင် Lamborghini များထက် အရည်အသွေးလည်း ပိုမိုကောင်းမွန်လာပြီး ထုတ်လုပ်မှုများအတွင်းတွင် တိုးတက်ပြောင်းလဲလာခဲ့ပါသည်။

661-horsepower ၊ 213-mph LP670-4 စူပါအမြန်နှုန်းများ ပါဝင်လာခဲ့ပါသည်။

 

(2) Lamborghini Gallardo LP550-2 Valentino Balboni

Lamborghini သည် ၂၀၀၃ ခုနှစ်တွင် entry-level Gallardo ကို ထုတ်လုပ်ခဲ့ပြီး ထိုနောက်တွင် နောက်ပိုင်းဆင့်ပွားများ တည်ဆောင်ခဲ့ပါသည်။

ထူးခြားသော မော်ဒယ်တစ်ခုမှာ Lamborghini ၏ စမ်းသပ်မောင်းနှင်သူ Valentino Balboni ကို ဂုဏ်ပြုပေးရန် တည်ဆောက်ခဲ့သော special edition ဖြစ်ပါသည်။

မြန်ဆန်သောကားများ ထုတ်လုပ်သည့်အပို်င်းတွင် အချိန်ကြာမြင့်စွာ ကုန်ဆုံးခဲ့သည့်အတွက် လိုက်လျောညီထွေဖြစ်ရန် LP550-2 Valentino Balboni ကို ထုတ်လုပ်ပေးခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်းတွင်

ပထမဆုံးသော rear-wheel drive Lamborghini တစ်ခုဖြစ်လာခဲ့ပါသည်။

ထို့ကြောင့် ယနေ့ခေတ်၏ Huracan LP580-2 ကိုလည်း ဆက်လက်ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

 

 (3) Lamborghini Sesto Elemento

Sesto Elemento ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ အီတလီဘာသာဖြင့် ခြောက်ခုမြောက်အရာဟု ဆိုသည့်အတွက် carbon ၏ atomic number ကို ညွှန်ပြပေးနေခြင်း ဖြစ်ပါသည်။

Lamborghini Sesto Elemento မှာ carbon fiber နှင့် ပတ်သတ်၍ ကျွမ်းကျင်မှုကို ပြသရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုပစ္စည်းများကို အသုံးပြုခဲ့သည့်အတွက် အလေးချိန်သည် ၂၂၀၂ ပေါင်သာ ရှိခဲ့ကြောင်း သိရပါသည်။

V10 eingine ကို အသုံးပြုခြင်းအားဖြင့် Sesto Elemento သည် ၂ စက္ကန့်ခွဲတွင် 0 to 60 mph ကို မောင်းနှင်နိုင်သောကြောင့် ထုတ်လုပ်သမျှကားများထဲတွင် အမြန်ဆုံးကားတစ်စင်းဖြစ်သွားစေခဲ့ပါသည်။

Lamborghini သည် အရေအတွက်ကို ၂၀သာ ထုတ်လုပ်ခဲ့ပြီး ခြေရာခံရန်အတွက်သာ အသုံးပြုခဲ့ပါသည်။

 

(4) Lamborghini Aventador LP750-4 Superveloce

V12 Lamborghini Supercars ကို လိုက်ပြီး ၂၀၁၁ တွင် ထုတ်လုပ်ခဲ့သည့် Aventador သည် Murcielago ၏ နောက်ထွက် ကားတစ်စီးဖြစ်ပါသည်။

၂၀၁၅ တွင် LP750-4 Superveloce version မထုတ်ခင်အထိ ထိုကား၏ အလားအလာကို ကောင်းကောင်းမရခဲ့ကြောင်း သိရပါသည်။

Superveloce သည် ကား၏ လုပ်ဆောင်ချက် အလွန်များဖြင့် ပါဝါကို အားမြှင့်တင်ထားပြီး အလေးချိန်ကိုလည်း လျှော့ထားကြောင်းသိရပါသည်။

 

(5) Lamborghini Huracan Performante

Superveloce သည် Aventador ၏ လုပ်ဆောင်ချက်အမြင့်ဆုံး iteration တစ်ခုဖြစ်သကဲ့သို့ Performante မှာ Huracan ၏ ကြံ့ခိုင်မှုအား အကောင်းဆုံးဗားရှင်း ဖြစ်ပါသည်။

ထိုကားသည် Lamborghini များတွင် မမြင်ဖူးသောနည်းပညာများကို အသုံးပြုထားပါသည်။

Carbon Fiber အသစ်များကို အလေးချိန်လျှော့ရန်အတွက် အသုံးပြုထားပြီး ကား၏ အမြန်နှုန်းကို ကျသွားစေခြင်းမရှိသော ခေတ်မီ active aerodynamics စနစ်ကို ထည့်သွင်းထားပါသည်။

ထို့ကြောင့် Performante သည် Nurburgring တွင် အမြန်ဆုံးဆုကို Legendary German racetrack တွင် 6:52.01 နှင့် ရရှိသွားပါသည်။

 

Read 1115 times