လုပ်သားရှားပါးမှုကြောင့် ရင်းဂစ် ၄ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း မလေးရှား ကားအစိတ်အပိုင်းထုတ်လုပ်သူများ


လုပ်သားရှားပါးမှုကြောင့် ရင်းဂစ် ၄ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း မလေးရှား ကားအစိတ်အပိုင်းထုတ်လုပ်သူများအသင်းးပြောကြား


ပြီးခဲ့သော ၂ နှစ်အတွင်း လုပ်သားရှားပါးမှုကြောင့် မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်သူများ တစ်နှစ်လျှင် ရင်းဂစ် ၂ ဘီလီယံ တင်ပို့မှု ဆုံးရှုံးခဲ့ကြောင်း မလေးရှား မော်တော်ယာဉ် အစိတ်အပိုင်း အစိတ်အပိုင်းများ ထုတ်လုပ်သူများအသင်း Malaysian Automotive Component Parts Manufacturers Association (MACPMA) မှ သိရသည်။

မလေးရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို ၂ ရာခိုင်နှုန်း ပံ့ပိုးပေးသည့် လုပ်ငန်းများ နှေးကွေးခြင်းကြောင့် မော်တော်ယာဉ်များ ထုတ်လုပ်ပြီးစီးဖို့ကိုလည်း နှောင့်နှေးစေသည်ဟု အသင်းကြီး၏ ဥက္ကဋ္ဌ Chin Jit Sin က ပြောသည်။

မော်တော်ယာဥ်အစိတ်အပိုင်းလုပ်ငန်း ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍသည် ၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်မှု  ရင်းဂစ် ၂၆.၂ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၆၀ကျော်သို့ တာယာများအပါအဝင် တစ်နှစ်လျှင် ရင်းဂစ် ဘီလီယံဖိုး မော်တော်ယာဉ် အစိတ်အပိုင်းများကို တင်ပို့ခဲ့သည်။

ဥက္ကဋ္ဌက ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနထံ  ပေးပို့သည့် စာတွင် “အလုပ်သမားရှားပါးမှုကြောင့် တင်ပို့ရောင်းချမှု အများအပြားဟာ စက်ရုံတွေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းလောက်သာ လည်ပတ်နေတာကြောင့် အမှာစာတွေကို တခြားနိုင်ငံများထံ ပေးပို့ခဲ့ကြပါတယ်။  ပို့ကုန်ရောင်းချရမှု တနှစ်ကို ရင်းဂစ် ၂ ဘီလီယံလောက် ဆုံးရှုံးသွားတဲ့အတွက် မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအနေဖြင့်  အရမ်းစိုးရိမ်ပူပန်နေပါတယ်” ဟု ၎င်းက တင်ပြထားသည်။ 

လုပ်သားရှားပါးမှု ဆိုးရွားနေသည့်အတွက်ကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရခြင်းများ၊ ထုတ်လုပ်နိုင်စွမ်း ရှိသည်ထက် လျှော့ချထုတ်လုပ်နေကြရခြင်းများ ဖြစ်ပေါ်နေပြီး  ထုတ်လုပ်သူများ စွမ်းရည်မြင့်မားစွာ မထုတ်လုပ်နိုင်ခြင်းကြောင့် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ  စီးပွားရေး ပြန်လည်ဦးမော့လာမှုကို နှောင့်နှေးစေကြောင်း  Chin က ပြောကြားခဲ့သည်။

“ကားထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍမှာ ကားတစ်စီးကို တည်ဆောက်ဖို့အတွက် အရေအတွက် ထောင်ချီတဲ့ အစိတ်အပိုင်းတွေကို အရေအတွက် ရာနဲ့ချီနေတဲ့  ထုတ်လုပ်သူများက ယာဉ်အစိတ်အပိုင်းများ  ထုတ်လုပ်ပေးနေတဲ့ အပေါ်မှာ မူတည်နေပါတယ်။ အဲဒီအတွက် ရာနှုန်းပြည့် လုပ်ငန်းလည်ပတ်နိုင်ကြဖို့  လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

“လုပ်သားရှားပါးမှုကြောင့် အလုပ်ရပ်နားထားရချိန်နဲ့  လုပ်ငန်းလည်ပတ်မှု ကမောက်ကမဖြစ်လို့  ကုန်ကျစရိတ် ထောင်းနေတဲ့ အခြေအနေတွေက ကပ်ဆိုးတစ်ခုလို ဖြစ်နေတယ်။  အဲဒီအခြေအနေဟာ  ကားဝယ်လက်တော်တော်များများထံ သူတို့ရဲ့ မော်တော်ယာဉ်တွေကို ပေးနိုင်ဖို့ အချိန်ပိုကြာကြာ စောင့်ခိုင်းရစေပါတယ်” ဟု Chin က ပြောကြားခဲ့သည်။

မော်တော်ယာဉ် အစိတ်အပိုင်းထုတ်လုပ်သည့် ကဏ္ဍသည် အလုပ်သမားရှားပါးမှု ဆိုးဝါးနေခြင်းအား ဖြေရှင်းရာတွင် ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၏ အကူအညီကို မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားသည်။

 #MyanmarAutomobileGuide

Read 897 times