ကူဝိတ်တွင် နိုင်ငံခြားသားများထံမှ ယာဉ်မောင်းလိုင်စင် ၃ သိန်းကို သိမ်းဆည်းမည်


 

ကူဝိတ်တွင် နိုင်ငံခြားသားများထံမှ ယာဉ်မောင်းလိုင်စင် ၃ သိန်းကို သိမ်းဆည်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ကူဝိတ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသည် လစာ ကူဝိတ်ဒီနာ ၆၀၀ (ကန်ဒေါ်လာ ၂,၀၀၀ ခန့်) အောက်နှင့် တက္ကသိုလ် ဘွဲ့မရထားသူ နိုင်ငံခြားသားများ၏ ယာဉ်မောင်းလိုင်စင်များ  ရုပ်သိမ်းရေး ကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သည်ဟု အာရပ်ဘာသာသုံး Al-Jarida နေ့စဉ်သတင်းမီဒီယာက သတင်းဖော်ပြသည်။

ယခုလို လိုင်စင်များ ပြန်ရုပ်သိမ်းရသည်မှာ ယာဉ်ကြောကျပ်ခြင်းကို ဖြေရှင်းရန်အတွက် ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

ကော်မတီကို ပထမ တွဲဘက်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ယာယီကာကွယ်ရေးဝန်ကြီးတို့က ဖွဲ့စည်းခဲ့သည်။

ပုဂ္ဂလိက သတင်းရင်းမြစ်များကို ကိုးကား၍ ခွဲခြားဆက်ဆံသည့် ဆုံးဖြတ်ချက်များဖြင့် မဟုတ်ဘဲ 

လမ်းများ ပြုပြင်ခြင်းနှင့် တံတားများ ဆောက်လုပ်ခြင်းနှင့် ဥမင်များ ဖောက်လုပ်ခြင်းတို့ဖြင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်သည်။ နိုင်ငံခြားသားများကို ခွဲခြားဆက်ဆံသည့် နည်းလမ်းဖြင့် ဖြေရှင်းရိုးထုံးစံ မရှိဟု ဝေဖန်သံများ ထွက်ပေါ်နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Al-Jarida သတင်းတွင် ဝန်ကြီးဌာနသည် နိုင်ငံခြားသားများ ယဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးခြင်းကို တားထားမည်ဖြစ်ပြီး ထုတ်ပေးပြီးသား ယာဉ်မောင်းလိုင်စင် ၃ သိန်းခန့်မှာ ရုပ်သိမ်းမည့် စာရင်းတွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားသားများ၏ လစာနှင့် ပညာရေး အဆင့်အတန်းအရ ယာဉ်မောင်းလိုင်စင် တားမြစ်သည့် မူဝါဒကို ၂၀၂၁ ခုနှစ်က ကျင့်သုံးရန် ပြင်ဆင်ခဲ့ရာ ကန့်ကွက်မှုများ ပြင်းထန်သဖြင့် နောက်ဆုတ်သွားခဲ့ပြီး ယခုတစ်ဖန် ပြန်လည်ထုတ်သုံးခြင်း ဖြစ်သည်။

ကူဝိတ်နိုင်ငံတွင် နေထိုင်ကြသည့် လူဦးရေ၏ ၇၀% သည် ကူဝိတ်တွင် အလုပ်လုပ်‌သည့် နိုင်ငံခြားသားများ ဖြစ်ပါသည်။ 

Source arabianbusiness

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 219 times