Kumho အီးဗီတာယာ ရောင်းအား မြင့်တက်


Kumho အီးဗီတာယာ ရောင်းအား မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အီးဗီများသည် ဘက်ထရီ အလေးချိန် စီးထားသဖြင့် အင်ဂျင်ကားများထက် အလေးချိန်ပိုများသည်။ ရုတ်ချည်း အရှိန်တင်ရာ၌လည်း အီးဗီက အင်ဂျင်ကားထက် ပိုမြန်သည်။ သို့ဖြစ်ရာ  အီးဗီတာယာများကို ဓာတ်ဆီကားတာယာများနှင့်  မတူညီသော ဒီဇိုင်းများဖြင့် ထုတ်လုပ်ကြရသည်။

 တောင်ကိုရီးယားမှ တာယာထုတ်လုပ်သည့် Kumho Tyre Co ၏ လျှပ်စစ်ကားများအတွက် အံဝင်ခွင်ကျရှိသော အီးဗီတာယာများ ရောင်းအား မြင့်တက်နေပြီး ကုမ္ပဏီအတွင် ငွေဝင်လမ်း ဖြောင့်နေသည်။
 
Volkswagen Group နှင့် Tesla Inc ကဲ့သို့သော ကားထုတ်လုပ်သူများထံမှ အီးဗီတာယာ အမှာစာများကို Kumho လက်ခံရရှိသည်။


Kumho Tyre ၏ Majesty 9 EV Solus TA91 တာယာများကို တရုတ်ပြည်ရှိ Gigafactory Shanghai မှ ထုတ်သော Tesla ၏ Model Y ကားများတွင် တပ်ဆင်ရန် အမှာစာ ရရှိသည်။
Kumho ၏ တာယာများကို original equipment (OE) အဖြစ် Model Y တွင် အသုံးပြုသည်။
တာယာလုပ်ငန်းတစ်ခုအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်နှင့် လုပ်ငန်းကြီးထွားနိုင်ရန် OE အမှာစာများ ရနေဖို့ အလွန်အရေးကြီးသည်။

Model Y သည် လျှပ်စစ်ကားစစ်စစ် နောက်ဘီးယက် (RWD) sport utility vehicle (SUV) မော်ဒယ်ဖြစ်သည်။
Tesla ၏ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Gigafactory Shanghai မှ ထုတ်သော Model Y များကို ကိုရီးယား၊ ကနေဒါ၊ မက္ကဆီကို၊ ဩစတြေးလျနှင့် စင်ကာပူတို့ထံ ပေးပို့သည်။

၁၉ လက်မ ဘီးခွေအတွက် အီးဗီတာယာများကို Kumho Tire ၊ ကိုရီးယားမှ Hankook Tire & Technology Co. ၊ ဂျာမနီမှ ကမ္ဘာ့ စတုတ္ထအကြီးဆုံး တာယာကုမွဏီ Continental Tire တို့ထံမှ ရယူသည်။

ကိုရီးယားသို့ တင်ပို့မည့် Model Y SUV များတွင် Kumho Tire ၏ အီးဗီတာယာများ အသုံးပြုသည်။
Tesla သည် Kumho Tyre ၏ အဓိက ဖောက်သည်များထဲမှာ ပါဝင်သည်။
 
 ဖေဖော်ဝါရီလတွင်၊ Kumho Tyre သည် ၎င်း၏ Crugen EV HP71 တာယာများကို ဂျာမန်ကားထုတ်လုပ်သူ၏ လျှပ်စစ် SUV မော်ဒယ်ဖြစ်သည့် Volkswagen ID.4 အတွက် အီးဗီတာယာများ ပေးသွင်းရန် OE အမှာစာကို ရရှိခဲ့သည်။

ကိုရီးယား ကားထုတ်လုပ်သူများ ဖြစ်သည့် Kia Corp ၏ EV6 နှင့် EV9 မော်ဒယ်များအတွက်လည်းကောင်း၊  Hyundai Motor Co. ၏  Kona Electric မော်ဒယ်အတွက်လည်းကောင်း အီးဗီတာယာများ ပေးသွင်းရန် OE အမှာစာကို ရရှိထားသည်။

Kumho Tire မှ ထုတ်လုပ်သော အီးဗီတာယာအတွက် ပထမဆုံး ဈေးဦးပေါက် OE အမှာစာကို ၂၀၂၁ ခုနှစ်တွင် Kia ထံမှ ရရှိခဲ့သည်။

Kumho Tire သည် ကိုရီးယားတွင် အီးဗီတာယာများကို ပထမဆုံး ထုတ်လုပ်ခဲ့သူဖြစ်ပြီး brand အမည် "Wattrun" ဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ OE အမှာစာ မရခဲ့ချေ။
ကိုရီးယားမှ လုပ်ငန်းတူဖြစ်ပြီး Kumho Tire ထက် အရွယ်အစား ပိုကြီးမားသော Hankook Tire က အီးဗီတာယာများ ၂၀၂၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး Porsche AG, Bayerische Motoren Werke AG (BMW), Tesla, Audi AG တို့ထံမှ OE အမှာစာများ ရရှိသည်။

ယခုနောက်ပိုင်းမှ Kumho Tire သည် OE အမှာစာများ ရရှိနေပြီး လုပ်ငန်းကို တိုးချဲ့နေသည်။
ယခုနှစ် ပထမ ၆ လတွင် ဝင်ငွေလည်း ကြီးထွားခဲ့သည်။ လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၁၄၂.၆ ဘီလီယံ(ကန်ဒေါ်လာ ၁၆.၆ သန်း) ရရှိခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၅,၉၀၀% မြင့်တက်ခဲ့သည်။
Source kedglobal
 

Read 1219 times