အဆင့်မြင့်နည်းပညာများနှင့် KTM 390 Duke


ကမ္ဘာကျော် သြစတြီးယးအမှတ်တံဆိပ်ဖြစ်တဲ့ KTM ဆိုင်ကယ်တွေထဲက KTM 390 Duke ဆိုင်ကယ်အမျိုးအစားဟာ ယခုနှစ် မန္တလေးဈေးကွက်ထဲ ဘီးကြီး Crazy တွေကြား စီးနင်းသူများပြားလာပါတယ်။

 

နည်းပညာပိုင်းကို များစွာအဆင့်မြင့်ထားပြီး ဖုန်းတစ်လုံးနီးပါးလို Function မျိုးစုံ အသုံးပြုနိုင်သလို မန္တလေးဈေးကွက်အတွင်း ရေပန်းစားနေတာကြောင့် ဆိုင်ကယ်ချစ်သူများအတွက် ၎င်းဆိုင်ကယ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

KTM 390 Duke မှာ အထူးခြားဆုံးက ABS Brake System သုံးထားတာဖြစ်ပြီး Slipper Clutch စနစ်တွေ၊ Ride by Wire စနစ်တွေ၊ TFT Display စနစ်တွေလည်း ထည့်သွင်းထားပါတယ်။

 

ABS Brake System ထည့်သွင်းထားလို့ အရှိန်ဘယ်လောက်ပဲ မောင်းနှင်ပါစေ ဆိုင်ကယ်ရဲ့ပြေးနှုန်းအပေါ်မှာ အခြေခံဖိအားအနည်းအများကို အန္တရာယ်အကင်းဆုံးဖြစ်အောင် တိတိကျကျ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

Slipper Clutch System ပါရှိတဲ့အတွက် ဘရိတ်အုပ်လိုက်တဲ့အခါမှာ တရွတ်တိုက်လျှောပါသွားတာမျိုး မဖြစ်စေဘဲ ဆိုင်ကယ်ရဲ့ အရှိန်နှုန်းကို ကလပ်ပြားကပါ တစ်ဆင့်ခံပြီး ထိန်းသိမ်းပေးမှာဖြစ်လို့ အညက်ညောဆုံးဖြစ်အောင် အရှိန်လျော့ပေးမှာလည်း ဖြစ်ပါတယ်။

 

ဆိုင်ကယ်အများစုဟာ လီဗာစနစ်ကို သံမဏိကြိုးကနေတစ်ဆင့် အင်ဂျင်ရဲ့ လေတံခါး အပိတ်/ဖွင့် လုပ်ပေးကြပေမဲ့ ယခု KTM 390 Duke မှာ Ride by Wire စနစ်သုံးထားတဲ့အတွက် လီဗာဆွဲတိုင်း ဝါယာကြိုးကနေ ဆင်ဆာနဲ့ အာရုံခံပြီး အင်ဂျင်ကို သတင်းအချက်အလက် အမှန်အကန်ဆုံးဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

၎င်းစနစ် ပါရှိခြင်းက လီဗာလျှော့ရင် လျှော့သလို ဆိုင်ကယ်ရဲ့အရှိန်ကို တိတိကျကျ ထိန်းချုပ်စေမှာ ဖြစ်ပါတယ်။

 

နောက်ထက်ထူးခြားချက်အနေဖြင့် ဖုန်း Touch Screen လို အသုံးပြုနိုင်တဲ့ လTFT Display ပါရှိတဲ့အတွက် ကိုယ့်မောင်းနှင်မှုပုံစံအလိုက် Setting ချိန်နိုင်ပြီး Audio System တွေနဲ့ ဖုန်းတစ်လုံးနီးပါး အသုံးပြုနိုင်တဲ့ Function မျိုးစုံကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

ယခု KTM 390 Duke သည် ယခင်KTM ဆိုင်ကယ်တွေနဲ့မတူတဲ့ဒီဇိုင်းက ရှေ့မီးကြီးခေါင်းခြမ်းဖြစ်ပါတယ်။

 

ရှေ့မီးကြီးကို ဂြိုလ်သားခေါင်းပုံစံ နှစ်မြွှာခွဲထားသလို မီးလင်းအား အကောင်းဆုံးပေးစွမ်းနိုင်တာကြောင့် မြင်သူတိုင်း ဆန်းသစ်နေမှာ ဖြစ်တယ်လို့ KTM ကုမ္ပဏီက ပြောပါတယ်။

 

အရင်ထွက်ရှိထားတဲ့ KTM ဆိုင်ကယ်တွေလိုပဲ ယခု KTM 390 Duke မှာလည်း တာယာကို လမ်းကြမ်း၊ လမ်းချော ရာသီမရွေးသုံးနိုင်အောင် ထုတ်လုပ်ထားပြီး အရင်တပ်ဆင်နေကျ အိပ်ဇောနေရာမှာ ပါဝါအိပ်ဇော ပြောင်းလဲတပ်ဆင်ပေးထားပါတယ်။

 

တစ်စီးလုံးကို ခြုံပြောရရင် ယခု KTM 390 Duke ရဲ့ဒီဇိုင်းက Highway မောင်းနှင်တဲ့အခါ စွမ်းဆောင်ရည် အကောင်းဆုံးပေးနိုင်တဲ့ ကမ္ဘာကျော် ဆိုင်ကယ်ဘီးကြီးတွေနည်းတူ အရည်အသွေးပိုင်းရော ဒီဇိုင်းပိုင်းပါ အများကြီးမြင့်တင်ထားတာ တွေ့ရပါတယ်။

 

ယခု မန္တလေးမြို့မှာ ရေပန်းစားနေတဲ့ KTM 390 Duke ဆိုင်ကယ်အမျိုးအစားကို မြန်မာကျပ်ငွေ ၆၈ သိန်းနဲ့ မန္တလေးဈေးကွက်ထဲမှာ ရောင်းချပေးနေပြီး အင်ဂျင် ၂ နှစ် အာမခ့ပေးထားသလို Ktm ဆိုင်ကယ် အရောင်းပြခန်းတိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။
  automobile

Read 1505 times