အမေရိကန် အီးဗီအခွန်သက်သာခွင့် တောင်ကိုရီးယား အီးဗီဘက်ထရီလုပ်ငန်းကဏ္ဍ အခက်ကြုံ


အမေရိကန် အီးဗီအခွန်သက်သာခွင့် တောင်ကိုရီးယား အီးဗီဘက်ထရီလုပ်ငန်းကဏ္ဍ အခက်ကြုံ

အမေရိကန် ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေ (IRA) အနေဖြင့်  ကိုရီးယား လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်သူများက ၎င်းဥပဒေမှ ပေးအပ်တဲ့ ခံစားခွင့်များ ရရှိအောင် မြောက်အမေရိကမှာ ၎င်းတို့ရဲ့ ထုတ်လုပ်မှု စက်ရုံများ ထူထောင်လုပ်ကိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့တွင် ဘက်ထရီထုတ်လုပ်ရေး လုပ်ငန်းများက ဓာတ်သတ္တုများအတွက် တရုတ်နိုင်ငံမှ တင်သွင်း‌နေကြရတဲ့အတွက် ၎င်းဥပဒေမှ ပေးအပ်တဲ့ ခံစားခွင့်များ ရရှိဖို့ မသေမချာ ဖြစ်နေပါတယ်။

 

လျှပ်စစ်ကားဝယ်စီးသူတွေကို ဝင်ငွေခွန်မှာ အကြီးမားဆုံး အကျိုးခံစားခွင့်က EV tax credit ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ရာနှုန်းပြည့် အမေရိကန်ပြည်တွင်းဖြစ် အီးဗီဝယ်တဲ့သူကို ပေးမယ့် ဝင်ငွေခွန်ခရစ်ဒစ် tax credit ဖြစ်ပါတယ်။ တစ်နှစ်တာ ဝင်ငွေခွန် ပေးဆောင်တဲ့အခါ အဆိုပါအီးဗီ အသစ်ကျပ်ချွတ်ကို ဝယ်တဲ့သူဆိုရင် ပေးဆောင်ရမယ့် ဝင်ငွေခွန်ထဲမှ $7,500 နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါအီးဗီ တစ်ပတ်ရစ်ကို ဝယ်တဲ့သူဆိုရင် $4,500 နုတ်ပယ်ပေးမှာ ဖြစ်ပါတယ်။ 

ဘက်ထရီအတွက် သတ်မှတ်ချက်က  သူတို့ဝယ်စီးတဲ့ကားမှာ သုံးထားတဲ့ဘက်ထရီကို အမေရိကန်မှသော်လည်းကောင်း၊ အမေရိကန်နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမှသော်လည်းကောင်း ရယူသုံးစွဲတဲ့ ပစ္စည်း‌များကို တန်ဖိုးအားဖြင့်  အနည်းဆုံး ၄၀% ပါဝင်ရပါမယ်။ ၎င်းရာခိုင်နှုန်းက လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်သက်ရောက်မယ့် သတ်မှတ်ချက် ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် ရာခိုင်နှုန်း တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၁၇ မှာ ၈၀% ဖြစ်လာပါမယ်။ 


ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အသင်း Korea International Trade Association မှ ပြုစုထားသော အချက်အလက်များအရ ယခုနှစ် ပထမ ခုနစ်လအတွင်း ကိုရီးယားမှ အီးဗီဘက်ထရီကုမ္ပဏီများက ၎င်းတို့ရဲ့ လီသီယမ်ဟိုက်ဒရောဆိုဒ် lithium hydroxide တင်သွင်းမှုမှာ ၈၄ ဒသမ ၄ ရာခိုင်နှုန်းအတွက် တရုတ်နိုင်ငံအပေါ်  မှီခိုနေရပါတယ်။  ၎င်းတို့ရဲ့ ကိုဘော့ cobalt တင်သွင်းမှုမှာ  ၈၁ ရာခိုင်နှုန်းနှင့် သဘာဝဂရက်ဖိုက် natural graphite တင်သွင်းမှုမှာ  ၈၉ ဒသမ ၆ ရာခိုင်နှုန်း တရုတ်နိုင်ငံအပေါ်  မှီခိုနေရပါတယ်။


လောလောဆယ်မှာ ဥပဒေပါ ပြဋ္ဌာန်းချက်အရ အကျုံးဝင်မယ့် နိုင်ငံတွေထံမှ ရယူဖို့ မဖြစ်နိုင်တာ  သေချာတာကြောင့် အမေရိကန် ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေမှ ပေးအပ်တဲ့ ခံစားခွင့်တွေကို ပေးကားပေး၏ မရ ဖြစ်နေပါတယ်။

 

Source koreatimes 

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1265 times