ရန်ကုန်တွင်ပြေးဆွဲရန်ကိုရီးယားကျောင်းကားအစီးရေ ၂၀၀ တင်သွင်းမည်


ကိုရီးယားနိုင်ငံထုတ်ကျောင်းကားအစီးရေ ၂၀၀ ကိုရန်ကုန်မြို့တွင်းပြေးဆွဲမည့်ကျောင်းကားပြေးဆွဲမှု အစီအစဉ်အတွက်တင်ပို့မည်ဟုကိုရီးယားနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီ (KOTRA)ကမေလ ၂၂ရက်တွင်ကြေညာခဲ့သည်။

ကိုရီးယားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏အဆိုအရ ၂၉ ဦးစီးနိုင်သောကိုရီးယားနိုင်ငံထုတ် Country Bus ကားအစီး ၂၀၀ တင်ပို့ရောင်းချမည်ဖြစ်သည်။
ကိုရီးယားထိပ်တန်းကားထုတ်လုပ်သည့် ဟွန်ဒိုင်းကုမ္ပဏီထုတ်ဘတ်စ်ကားများကိုတင်သွင်းမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် KOTRA တို့၏ အစီအစဉ်အရသင်္ဘောဖြင့်တင်ပို့မည့်ကားများသည် ဇွန်လကုန်တွင်မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှုဖြင့် အဆိုပါကားများရောင်းဝယ်မှုတွင် POSCO Daewoo နိုင်ငံတကာကုမ္ပဏီလည်းပါဝင်သည်။

ယင်း၂၉ ဦးစီးဘတ်စ်ကားများကို ရန်ကုန်မြို့တွင်းပြေးဆွဲမည့်ကျောင်းကားများအဖြစ်ပြေးဆွဲမည်ဖြစ်ကြောင်း KOTRA  ပြောကြားချက်ကိုယွန်ဟက်သတင်းဌာနကဖော်ပြထားကြောင်းသိရသည်။

Read 741 times