ကိုရီးယား ဈေးကွက်ထဲ Lexus ပထမဆုံးအီးဗီ မောင်းနှင်ဝင်ရောက်


ကိုရီးယား ဈေးကွက်ထဲ Lexus ပထမဆုံးအီးဗီ မောင်းနှင်ဝင်ရောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဟိုက်ဘရစ်အပိုင်းတွင် ရှေ့ဆောင်ဖြစ်သော Lexus သည် ၎င်း၏ ပထမဆုံးသော သီးသန့်အီးဗီစစ်စစ် ဖြင့် ကိုရီးယားနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်ထဲသို့ မောင်းနှင်ဝင်ရောက်သည်။

 Lexus သည် ကိုရီးယားဈေးကွက်အတွက် RZ 450e SUV ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၂၁)က မိတ်ဆက်ခဲ့သည်။

RZ 450e SUV  သည် Lexus ၏ ပထမဆုံး လျှပ်စစ်ကားစစ်စစ်မော်ဒယ် ဖြစ်ပြီး အီးဗီအတွက်သာ ရည်ရွယ်သည့် e-TNGA ပလက်ဖောင်းဖြင့် တည်ဆောက်ထားသည်။

 RZ 450e သည် ၇၁.၄ ကီလိုဝပ်-နာရီ ဘက်ထရီသုံးထားပြီး အားတစ်ကြိမ်သွင်းလျှင် ၃၇၇ ကီလိုမီတာ (၂၃၄ မိုင်) မောင်းနှင်နိုင်သည်ဟု ကိုရီးယား သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက အချက်အလက် ထုတ်ပြန်သည်။
 ပါဝါ 312 hp ရှိပြီး ရုန်းအား ၄၄.၄ ကီလိုဂရမ်-မီတာအထိ ထုတ်ပေးနိုင်သည်။
"Lexus က ကိုရီးယားဈေးကွက်အတွက် သင့်လျော်တဲ့ လျှပ်စစ်ကားတွေ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု Lexus International ၏ ဥက္ကဋ္ဌ Takashi Watanabe က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

RZ 450e ဈေးနှုန်းမှာ ဝမ် ၈၄.၈ သန်း($65,640) ဖြစ်ပါသည်။

 ယခုနှစ်တွင် ကိုရီးယားဈေးကွက်မှာ RZ 450e SUV အစီး ၁၅၀ ရောင်းချနိုင်ဖို့ ရည်မှန်းထားသည်။ 

Lexus ၏ ကမ္ဘာတစ်လွှား အရောင်းရဆုံးဖြစ်ပြီး ၇ နှစ်ရှိပြီဖြစ်သည့်  RX  ကို အပြည့်အဝ မွမ်းမံထားသည့် RX စီးရီးကိုလည်း မိတ်ဆက်ခဲ့ငည်။

  • hybrid RX 350h
  • plug-in hybrid RX 450h+
  • hybrid RX 500h F Sport Performance

ဗားရှင်း ၃ မျိုး မိတ်ဆက်သည်။

RX 450h+ တွင် 2.5-liter ဆလင်ဒါ ၄ လုံး ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသည်။ 18.1-kilowatt-hour လျှပ်စစ်မော်တာ တစ်လုံးပါသည်။ ဘက်ထရီဖြင့် ၅၆ ကီလိုမီတာအထိ သွားနိုင်သည်။
 RX 350h ဈေးနှုန်းမှာ ဝမ် ၉၇.၄ သန်း ဖြစ်ပါသည်။
Toyota နှင့် Lexus တို့သည် ကိုရီးယားတွင် ယမန်နှစ်က စုစုပေါင်း ကားအစီးရေ ၁၃,၈၅၁ စီး ရောင်းချခဲ့သည်။
 
Toyota နှင့် Lexus တို့သည် ကိုရီးယားတွင် ယမန်နှစ်က ရောင်းချခဲ့သည့် ကားအားလုံး၏ ၉၈ ရာခိုင်နှုန်းသည် ဟိုက်ဘရစ်အမျိုးအစားများဖြစ်သည်။
 
Source koreajoogangdaily
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 483 times