ကိုရီးယားတွင် အီးဗီအားသွင်းပွိုင့် ၂ သိန်းခွဲအထိ ရှိလာ


ကိုရီးယားတွင် အီးဗီအားသွင်းပွိုင့် ၂ သိန်းခွဲအထိ ရှိလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ မှ ထုတ်ပြန်သည့် အချက်အလက်များအရ ကိုရီးယားတွင် လျှပ်စစ်ကားများအတွက် အားသွင်းပွိုင့် အရေအတွက် ၂၄၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ကားများ ရေပန်းစားလာနေသည်ကို အားသွင်းပွိုင့်များ များပြားခြင်းက အထောက်အကူ ဖြစ်စေသည်။ 
အဆိုပါ ဝန်ကြီးဌာနများတွင် စာရင်းပေးသွင်းခြင်း မပြုသည့် အားသွင်းပွိုင့်များလည်း ရှိနေသေးသဖြင့် တကယ်ရှိနေသည့် အရေအတွက်သည် ၂ သိန်းခွဲဝန်းကျင်အထိ ရှိနိုင်သည်ဟု ယူဆရသည်။
.
တောင်ကိုရီးယားနိုင်ငံတွင် အီးဗီအားသွင်းပွိုင့် အရေအတွက်သည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ခုရေ ၃၀၀ မျှသာ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ခုရေ ၁ သိန်းကျော်သွားသည်။ 
.
ဒေသအလိုက် ပိုင်းခြားပြီးကြည့်မည်ဆိုလျှင် ဆိုးလ်မြို့တော် ပတ်ပတ်လည်တစ်ဝိုက်တွင် အီးဗီအားသွင်းပွိုင့် အရေအတွက် အများဆုံး ဖြစ်သည်။ ခုရေ ၆၀,၈၇၃ ရှိသည်။ ဆိုးမြို့တော်တွင် ခုရေ ၄၂,၆၁၉ ရှိသည်။ ဘူဆန်မြို့တွင် ခုရေ ၁၃,၃၇၀ ရှိသည်။
.
ဒေသတွင်း သုံးစွဲသည့် အီးဗီစီးရေနှင့် အားသွင်းပွိုင့် အရေအတွက်တို့ကို အချိုးချကြည့်ပါက ဂျေဂျူးကျွန်းသည် အချိုးအစား အနည်းဆုံး ဖြစ်သည်။ ၀.၂၇၇ မျှသာ ရှိသည်။ ဆိုးလ်မြို့တော်တွင် ၀.၆၆ ရှိသည်။ 
တောင်ကိုရီးယား အလယ်ပိုင်းရှိ Sejong သည် အချိုးအစား အများဆုံး ဖြစ်သည်။ ၀.၈၅ ရှိသည်။ 
.
တောင်ကိုရီးယားတွင် ဟိုက်ဒရိုဂျင်လောင်စာသုံးကားများ သုံးစွဲလျက် ရှိရာ ယခုအခါ ဟိုက်ဒရိုဂျင် ဖြည့်တင်းနိုင်သည့် နေရာများ ပိုများလာနေသည်။  ၂၀၂၂ ခုနှစ်တွင် ၂၂၉ ခု ရှိခဲ့ပြီး ပြီးခဲ့သည့် မေလတွင် ၂၄၄ ခု ရှိသည်။ 

Source Yonhap
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 333 times