၂၀၂၅ တွင် လမ်းပေါ်မှာ  အီးဗီတက္ကဆီ စီးရေ ၁၀,၀၀၀ ရှိနေရန် ကိုရီးယား  ရည်မှန်း


၂၀၂၅ တွင် လမ်းပေါ်မှာ  အီးဗီတက္ကဆီ စီးရေ ၁၀,၀၀၀ ရှိနေရန် ကိုရီးယား  ရည်မှန်း

 

တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ တောင်ကိုးရီးယားတွင်  ယခုနှစ် ပထမ ၇ လအတွင်း ကနဦးမှတ်ပုံတင်သော အသစ်စက်စက်တက္ကစီများ၏ သုံးပုံတစ်ပုံကျော်သည် လျှပ်စစ်ယာဉ်များဖြစ်ကြသည်။   CarIsYou ဒေတာစင်တာ၏ လေ့လာဆန်းစစ်ချက်အရ ၂၀၂၂ ပထမ ၇ လတွင် ကနဦးမှတ်ပုံတင်သည့် အသစ်ကျပ်ချွတ် တက္ကဆီ ၂၀,၂၈၆ စီး ရှိသည့်အနက် ၇,၃၉၄ စီးသည် အီးဗီများ ဖြစ်ကြသည်။ ရာခိုင်နှုန်းအားဖြင့် ၃၆.၄% ရှိသည်။

 

လျှပ်စစ်တက္ကဆီ အရေအတွက် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။  တက္ကဆီကုမ္ပဏီများထက် တသီးပုဂ္ဂလ တက္ကဆီပိုင်ရှင်များက အီးဗီကို ပိုမိုသုံးစွဲကြသည်။ ကနဦးမှတ်ပုံတင်သည့် လျှပ်စစ်တက္ကဆီများတွင် ၈၆.၈% သည် တသီးပုဂ္ဂလ တက္ကဆီပိုင်ရှင်များ ဖြစ်ပြီး ၁၃.၂% သည် တက္ကဆီကုမ္ပဏီများ၏ လျှပ်စစ်တက္ကဆီများ ဖြစ်သည်။  ၂၀၁၃ ခုနှစ်တွင် တောင်ကိုရီးယားတွင် မှတ်ပုံတင်ထားသော လျှပ်စစ်တက္ကဆီ တစ်စီးမျှ မရှိခဲံချေ။ ၂၀၁၄ တွင် ၉ စီး ရှိလာခဲ့ပါသည်။ ၂၀၁၅ တွင် ၄၅ စီး ရှိလာသည်။ ၂၀၁၉ တွင် ဂဏန်း ၄ လုံး ဖြစ်လာခဲ့ရာ ၁,၀၂၉ စီး ရှီိလာခဲ့သည်။

၂၀၂၁ တွင် ၄ ဆ နီးပါး တိုးလာခဲ့ရာ ၄,၉၉၃ စီး ရှိသည်။  သို့ဖြစ်ရ ကိုရီးယားအစိုးရ ရည်မှန်းထားသည့် လျှပ်စစ်တက္ကဆီစီးရေ တစ်သောင်း ဖြစ်စေရေးပန်းတိုင်သို့ ရောက်ရန် တစ်ဝက်ခရီးသို့ ရောက်ရှိပြီ ဖြစ်သည်။  လျှပ်စစ်တက္ကဆီများကို မော်ဒယ်အရ ကြည့်လျှင် Hyundai Motor ၏ အထင်ကရ  Ioniq 5  ကို လူကြိုက်အများဆုံး ဖြစ်သည်။ Ioniq 5  လျှပ်စစ်တက္ကဆီ စီးရေ ၃,၄၅၃ ရှိသည်။  ဒုတိယအများဆုံးဖြစ်သည့်  Kia EV6  လျှပ်စစ်တက္ကဆီ စီးရေ  ၂,၄၃၄ ရှိသည်။ တတိယနေရာတွင် Hyundai Niro EV လျှပ်စစ်တက္ကဆီ စီးရေ ၁,၇၀၂  ရှိသည်။

 

Hyundai ၏ တန်းမြင့် အမှတ်တံဆိပ်ဖြစ်သည့် Genesis မော်ဒယ် G80  ၂ စီး ၊  GV70 မော်ဒယ် လျှပ်စစ်တက္ကဆီ တစ်စီး ရှိသည်။  ကိုရီးယားသည် ၂၀၂၅ ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု ကင်းစင်သော တက္ကစီ အစီးရေ စုစုပေါင်း  ၁၀.၀၀၀ ကို လမ်းမပေါ်တွင် ရှိနေစေရန်  သံန္နိဋ္ဌာန်ဖြင့် ကာဗွန် ထပ်မထုတ်လွှတ်ရေး အနာဂတ်ဆီသို့ အရှိန်တင် မောင်းနှင်နေသည်။  Hyundai Motor နှင့် Kia တို့အပြင် ဆိုးလ်မြို့တော်အစိုးရ၊ SK Energy၊ ပုဂ္ဂလိက တက္ကစီအသင်း Private Taxi Association နှင့် ကော်ပိုရိတ်တက္ကစီအသင်း Corporate Taxi Association တို့နှင့်လည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ကိုရီးယား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက  ကြေညာခဲ့သည်။

 

အဆိုပါအသင်းအဖွဲ့များနှင့် ကုမ္ပဏီများက အစိုးရ  ရည်မှန်းချက် ဖြစ်သည့် ၂၀၃၀ ခုနှစ်တွင် ၎င်းတို့၏ ကာဗွန် ထပ်မထုတ်လွှတ်ရေးကို အောင်မြင်စေရန် ကူညီပေးကြမည် ဖြစ်ပါသည်။ တောင်ကိုရီးယားတွင် တက္ကဆီ ၂၅၀,၀၀ စီး နီးပါးသည် LPG ကို အသုံးပြုကြငသည်။ လျှပ်စစ်တက္ကဆီ စီးရေ  ၅,၀၀၀ ခန့် ရှိသည်။  အစိုးရက လက်ရှိ တက္ကဆီစီးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို မီးခိုးမထုတ်သည့်ကားမော်ဒယ်များဖြင့် အစားထိုးပြောင်းလဲခြင်းဖြင့် စတင်ရန် ဆုံးဖြတ်ထားသည်။ သို့ဖြစ်ရာ စုစုပေါင်း စီးရေ ၁၀,၀၀၀ ကို မီးခိုးထုတ်လွှတ်မှုမဲ့ ကားမော်ဒယ်များဖြင့် အစားထိုးရမည် ဖြစ်သည်။

 

Seoul City  နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့က လျှပ်စစ်တက္ကဆီ ဝယ်ယူသူတိုင်းအား ထောက်ပံ့ကြေး ပေးအပ်သည်။ SK Energy က အားသွင်းတိုင်များကို သွားရေလာရေး အဆင်ပြေသည့် နေရာများတွင် တိုးချဲ့ ထားရှိလျက် ရှိသည်။ Hyundai နှင့် Kia တို့က တက္ကဆီဆွဲဖို့ သင့်လျော်သည့် ဒီဇိုင်းဖြင့် အီးဗီများ ထုတ်လုပ်ပေးမည် ဖြစ်သည်။

 

Source: wapcar

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 1345 times