ကိုယ်အမည်ဖြင့် ကားထုတ်လုပ်သော Christian von Koenigsegg ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသည် ဈေးကြီးသည့် စူပါကား စီးရေ အနည်းငယ်မျှကိုသာ ထုတ်လုပ်သည်။ သို့သော် ယခုခေတ်ကားထုတ်လုပ်သူများအကြားတွင် နာမည်တစ်လုံးဖြင့် ဆက်လက်ရပ်တည်လျက် ရှိသည်။
သူ့ကုမ္ပဏီကို သူံအသက် ၂၂ နှစ်မှာ စတင်ထူထောင်ခဲ့ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းခဲ့တယ်။
သူက အခုလို အကြံပြုတိုက်တွန်းသည်။
“အလုပ်အရမ်းကြိုးစားလုပ်ကိုင်ရတယ်။ တကယ်လို့ ကျွန်တော်က အကြံပေးခွင့် ရှိတယ်ဆိုရင် ပြောပြတိုက်တွန်းချင်တာက စူးစိုက်ထားပါ လက်မလျှော့ပါနဲ့”
ရည်သန်ရာ အိပ်မက်ကို မျက်ခြည်မပြတ်စေဘဲ လုပ်ငန်းတစ်ခု လုပ်ကိုင်လည်ပတ်ခြင်းအတွက် တာဝန်အမျိုးမျိုး တာဝန်တိုင်းကို ကျွမ်းကျင်လိမ္မာအောင် လုပ်ဖို့ကလည်း အရေးကြီးတယ်လို့ ဗွန် ခိုးနီစစ်က ပြောပြပါတယ်။ သူက ကားတွေကို မြတ်နိုးတယ်။ အဲဒီလို မြတ်နိုးတဲ့စိတ်က သူ့ကို အမြဲ စိတ်အားထက်သန်အောင် လုပ်ပေးထားတယ်လို့ သူက ရှင်းပြတယ်။
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သက်သေထူပြချင်တယ်။ အနားမှာ ရှိတဲ့သူတွေကိုလည်း သက်သေထူပြချင်တယ်။ တစ်ခုခုကို ခင်ဗျား တကယ်လုပ်ချင်ပါတယ်ဆိုရင် ဘာကိုဖြစ်ဖြစ် ဖြစ်အောင် လုပ်ပြနိုင်လိမ့်မယ်” လို့ သူက ပြောပြတယ်။ သူကြိုးစားနေတာကို မယုံလို့ ရယ်မောခံရမယ်ဆိုတာကို သူ အစကတည်းက ထည့်တွက်ထားတယ်။ ဒီတော့ အစောပိုင်းကာလ လှောင်ပြောင်ရယ်မောခံရတာတွေကို သူ အလွယ်ဖြင့် သည်းခံနိုင်ခဲ့တယ်။ အဲဒီကာလမှာ သူက ကုမ္ပဏီအတွက် ကြိုးစားရုန်းကန်နေရတယ်။
Koenigsegg ကားလုပ်ငန်းကို ၁၉၉၄ ခုနှစ်မှာ ထူထောင်ခဲ့တယ်။ နှစ်နှစ်အကြာမှာ ပထမဆုံး ရှေ့ပြေးပုံစံကို ပြီးစီးခဲ့တယ်။ ဒါပေမဲ့ အဲဒီပထမဆုံးမော်ဒယ် CC8S က ၂၀၀၂ ခုနှစ်ကျမှ ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိခဲ့တယ်။ ကုမ္ပဏီက ယခုအခါ တစ်နှစ်ကို ကားစီးရေ ၁၀ စီးလောက်ပဲ ထုတ်လုပ်တယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ဂဏန်း ၇ လုံး သတ်မှတ်တယ်။
ဗွန် ကိုနီစစ်က နည်းပညာ တီထွင်ဆန်းသစ်မှုတွေ ဖန်တီးတယ်။ လတ်တလောမှာ "Light Speed Transmission" ကို တီထွင်ဆန်းသစ်ခဲ့တယ်။ ဂီယာ ချိန်းတာ မြန်ချက်က အလင်းရဲ့ အလျင်လို မြန်ဆန်တဲ့ ဂီယာစနစ်ဖြစ်ပါတယ်။ အခုပြောင်း အခုပြောင်းပြီးသား ဖြစ်သွားအောင် မြန်ဆန်တယ်။ ဘားမပါ။ ကမ်မပါတဲ့ အင်ဂျင်တွေလည်း ထုတ်လုပ်တယ်။
ကားထုတ်လုပ်ရေးလောကကြီးက လျှပ်စစ်ကားထုတ်လုပ်ရေးဆီ ဦးတည်ရွေ့လျားနေတဲ့အတွက် ကိုနီစစ်က လျှပ်စစ်ကားကို စတင်လုပ်ကိုင်ခဲ့တယ်။ နောက်ဆုံးထုတ် စူပါကား Gemera က အင်ဂျင်နဲ့ မော်တာ နှစ်မျိုးစပ် ကပြားကား ဖြစ်ပါတယ်။ စွမ်းအား ၁,၇၀၀ မြင်းကောင်ရေ ရှိတယ်။ 2.0-liter twin-turbocharged 3-cylinder အင်ဂျင် ထိုင်ပေးထားတယ်။ လျှပ်စစ်မော်တာတွေက နောက်ခံအဖြစ် အားဖြည့်တင်းပေးတယ်။