ဆွီဒင်မေ်ာတေ်ာကား ကုမ္ပဏီKoenigsegg သည်ကမ္ဘာ့အမြန်ဆုံး ဇိမ်ခံပြိုင်ကားဘွဲ့ကို စိန်ခေါ်မည့်မေ်ာတေ်ာကားသစ်တစ်စင်းကိုမိတ်ဆက်ပြသလိုက်သည်။
Koenigsegg One ဟု အမည်ပေးထားသော မော်တော်ကားသည် Supercar ဆိုသော ညွှန်းဆိုမှုမျိုးထက် သာလွန်ပြီး Megacar ဟုသတ်မှတ်ရလိမ့်မည်ဟု ကုမ္ပဏီက ညွှန်းဆိုသည်။
မော်တော်ကားတွင်အသုံးပြုထားသည့် Five-Litre V8 အင်ဂျင်က မြင်းကောင်ရေ (၁၃၂၂) ကောင်အားထိထုတ်လုပ်ပေးနိုင်သည်။
ယင်းပမာဏသည် Ford Fiesta ကားတစ်စင်း၏ အင်ဂျင်အားထက် (၁၀) ဆ ပိုများသည့်ပမာဏ ဖြစ်သည်။
One သည်ရပ်နားထားရာမှ တစ်နာရီမိုင်(၂၅၀) နှုန်းထိအရှိန်မြှင့်တင်ရန် စက္ကန့်(၂၀) သာ လိုအပ်မည်ဟုလည်း သိရသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ ကားပြပွဲတွင်စတင်မိတ်ဆက်သည့် မော်တော်ကားမျိုးကို (၅) စီးသာ တည်ဆောက်ရသေးပြီး တစ်စင်းလျှင် ပေါင်စတာလင်(၁.၆၇) သန်းစီဖြင့်ရောင်းချထားပြီး ဖြစ်သည်။
One ၏ အထူးခြားဆုံး ဝိသေသမှာ အမြင့်ဆုံး မောင်းနှင်နိုင်မည့် မြန်နှုန်းဖြစ်ပြီး တစ်နာရီလျှင် (၂၇၅) မိုင်ထိခရီးပေါက်မည်ဟုဆိုသည်။
ဇိမ်ခံပြိုင်ကားများအနက် လက်ရှိကမ္ဘာ့အမြန်ဆုံး စံချိန်မှာ Hennessey Venom GT ၏ တစ်နာရီမိုင်(၂၇၀) မြန်နှုန်းနှင့် Bugatti Veyron ၏ တစ်နာရီ(၂၆၈) မိုင်မြန်နှုန်းတို့ဖြစ်ကြသည်။
ကား၏ ဘရိတ်စနစ်မှာလည်း အထူးတလည်တီထွင်ထားပြီး အမြင့်ဆုံးနှုန်းမှ လုံးဝရပ်တန့်သွားချိန်ထိ ဘရိတ်နင်းချိန်(၁၀)စက္ကန့်သာ လိုမည်ဟုသိရသည်။
ကား၏ အမည်ကို One ဟု ပေးထားခြင်းမှာ ကား၏ စွမ်းအားနှင့်အလေးချိန်တို့ တိုက်ရိုက်အချိုးကျမှုကို ရည်ညွှန်းခြင်း ဖြစ်သည်။
Koenigsegg က မေ်ာတေ်ာကား (၅) စင်း တည်ဆောက်ထားပြီးနောက်အားလုံးအတွက်အမှာစာ ရထားပြီဖြစ်သလို နောက်ထပ်လည်း အရေအတွက် တိုးမြှင့်ထုတ်လုပ်သွားမည် ဟုကြေညာထားသည်။