ခရီးမိုင်ကီလိုနှစ်သိန်းအထိမောင်းနှင့်အသုံးပြုနိုင်ရန်ကားပိုင်ရှင်များဂရုစိုက်သင့်သည့်အချက်များ


ကားပိုင်ရှင်များသည်ကားသက်တမ်းကြာရှည်ခံရန်မှန်ကန်သည့်နည်းလမ်းမျိုးနှင့်ကိုင်တွယ်ဂရုစိုက်ပါက ခရီးမိုင်နှစ်သိန်းလောက်ထိမောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မိမိကား၏မောင်းနှင်မှုခရီးကိုပြသသည့်ဒိုင်ခွက်တွင်ပြန်ကြည့်ရမည်ဖြစ်သည်။

မိုင်ငါးသောင်းလောက်မောင်းနှင်ပြီးပါကကားတစ်စီး၏မောင်းနှင်းနိုင်စွမ်း၂၅ရာခိုင်နှုန်းလောက်အသုံးချပြီး ပြီဖြစ်သည်။

ကျန်ရှိသည့်သက်တမ်း၇၅ရာခိုင်နှုန်းကိုပြည့်ပြည့်၀၀အသုံးချချင်ပါကနည်းမှန်လမ်းမှန်ဂရုစိုက်မှုများလိုအပ် ပါသည်။

ယင်းသို့ဂရုစိုက်မှသာကား၏မောင်းနှင်နိုင်စွမ်းသက်တမ်းကိုဆွဲဆန့်ပေးရန်အခြေခံအကျဆုံးသတိပြုရမည့် အချက်လေးများဖြစ်ပါသည်။

၁။ခရီးတိုများကိုတတ်နိုင်သလောက်ရှောင်ပါ

ခရီးတိုနှင့်ခရီးရှည်မောင်းနှင်မှုများမှာအင်ဂျင်အပေါ်သက်ရောက်မှုကွဲလွဲမှုကြီးကြီးမားမားရှိပါသည်။

ခရီးတိုများမှာကား၏အင်ဂျင်မှာဖြစ်သင့်သည့်စံနှုန်းအပူချိန်ကိုမရောက်လာပါကပြသနာရှိပါသည်။

ရေ၏အင်ဂျင်မှာပေါက်ကွဲအလုပ်လုပ်မှုမှာဘေးထွက်ပစ္စည်းဖြစ်ပါသည်။

သင့်တော်သည့်အပူချိန်တွင်အင်ဂျင်မှာပူနွေးလာပြီးရေကအငွေ့ပြန်သွားပါသည်။

ရေငွေ့များကိုအင်ဂျင်အပြင်ဘက်စွန့်ထုတ်ပါသည်။

သို့သော်ခရီးတိုများတွင်သင့်တော်သည့်အင်ဂျင်အပူချိန်မရှိသောကြောင့်ရေမှာအင်ဂျင်ထဲတွင်ကျန်နေပြီး အပူစွန့်ထုတ်စနစ်မှာလည်းရေရှည်ထိခိုက်မှုများဖြစ်လာတတ်ပါသည်။

ခရီးတိုများများသွားပါက အင်ဂျင်နှိုးရခက်ရန်ဖြစ်နိုင်ခြေပိုများလာပါသည်။

အင်ဂျင်မှာသင့်တော်သည့်အပူချိန်မရှိပါကအင်ဂျင်ဝိုင်မှာလည်းလွတ်လွတ်လပ်လပ်စီးဆင်းရွေ့လျားနိုင်မှုမရှိ တော့ကြောင်းသိရသည်။

၂။သင့်တော်သည့်စက်ပြင်ဆရာကိုရှာထားပါ

မိမိကားနှင့်ပတ်သက်ပြီးအကောင်းဆုံးကိုင်တွယ်မည်ဟုယုံကြည့်သည့်စက်ပြင်ဆရာတစ်ယောက်ကို ရှာဖွေထားသင့်ပါသည်။

မိမိကားနှင့်ပတ်သက်ပြီးအလုံးစုံနားလည်သည့်စက်ပြင်ဆရာတစ်ယောက်သည့်ကား၏ကြံ့ခိုင်ရေးကို အကောင်းဆုံးပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

၃။ကားနှင့်ပတ်သက်သည့်လမ်းညွှန်ချက်များကိုသေချာဖတ်ထားရမည်

ကားတစ်စီးနှင့်တစ်စီးပါဝင်သည့်အစိတ်အပိုင်းများ၊ ပစ္စည်းများမတူညီနိုင်ပါ။

မိမိဝယ်ယူထားသည့်ကားနှင့်ပတ်သက်ပြီးအကျွမ်းတဝင်ဖြစ်နေလျှင်တောင်မှ မိမိဝယ်ယူထားသည့်ကား၏ စွမ်းဆောင်မှု၊ အားသာချက်၊ အားနည်းချက်များကို သေချာပေါက်သိမည်မဟုတ်ပါ။

ကား၏လမ်းညွှန်ချက်များကိုသေချာဖတ်ရှု့လေ့လာထားပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကိုမှတ်သားထားရမည်။

ကားပိုင်ရှင်များသည် ဘယ်အစိတ်အပိုင်းကိုဘယ်အခြေအနေတွင်ပြန်စစ်သင့်ပြီး၊ ဘယ်အချိန်မျိုးတွင်လဲလှယ်သင့်ပြီကိုသိရှိထားရန်အထောက်အကူဖြစ်စေပါလိမ့်မည်။

ထို့ပြင်ဘယ်လိုစက်ဆီ၊ချောဆီအမျိုးအစားကိုရွေးချယ်သင့်သည်ကိုနားလည်ထားသည့်အခါ ကား၏ကြံ့ခိုင်မှုကိုရေရှည်ထိန်းသိမ်းရာရောက်လာပါလိမ့်မည်။

၄။ကားကြံ့ခိုင်မှုအတွက်သတ်မှတ်အချိန်ဇယားအတိုင်းစစ်ဆေးပါ

မိမိကားကိုဘယ်အချိန်တွင်ဘယ်အပိုင်းကိုပြန်စစ်မလဲဆိုသည်ကိုအသင့်တော်ဆုံးအချိန်ဇယားတစ်ခုရေးဆွဲ သတ်မှတ်ထားသင့်ပါသည်။

ကား၏ကိုယ်ထည်ပိုင်းအပြင်စွမ်းဆောင်ရည်ပိုင်းအတွက်ပြုပြင်ထိန်းသိမ်းမှုများကိုပါဂရုတစိုက်လုပ်ဆောင် သင့်ပါသည်။

ထို့နောက်ကား၏ကူးလန့်၊ ဘရိတ်၊ ပါဝါစတီယာရင်၊ ချောဆီ၊ ဆီသန့်စနစ်၊ နောက်ကြည့်မှန်များကိုလည်း မှန်မှန်စစ်ဆေးပေးရန်လိုအပ်ပါသည်။

အထက်တွင်ပြောကြားထားသည့်အတိုင်းစက်ပြင်ဆရာတစ်ယောက်ပိုင်ဆိုင်ထားမှုမှာ ယင်းလုပ်ဆောင်မှုများကို အကောင်းဆုံးအကူအညီပေးနိုင်မည်ဖြစ်သည်။

၅။ကား၏အပြောင်းအလဲကိုအမြဲဆန်းစစ်ပါ။

မိမိကားပုံမှန်မဟုတ်ဘဲတစ်ခုခုပြောင်းလဲနေပါက လိုအပ်သည့်စစ်ဆေးမှုများလုပ်သင့်ပါသည်။

ကားအောက်ပိုင်းတွင်ဆီယိုခြင်းမျိုးပေါ့ပေါ့ဆဆမရှိသင့်ပဲ မိမိကားပုံမှန်အတိုင်းအလုပ်လုပ်နိုင်အောင် သတိထားထိန်းသိမ်းခြင်းမှာဆိုးဆိုးရွားရွားပြသနာများကြုံမလာနိုင်အောင်ကြိုတင်ကာကွယ်ရာလည်းရောက် ပါသည်။

 စက်ပြင်ဆရာဆီစောစောပေးပို့နိုင်ခဲ့မည်ဆိုပါကအပ်နှင့်ထွင်းရမည့်ကိစ္စပုဆိန်နှင့်ပေါက်ရသလို မဖြစ်အောင်တားဆီးနိုင်မည်ဖြစ်သည်။

၆။ကားကုမ္ပဏီ၏အသံကိုနားစွင့်ပါ

မိမိကားကိုထုတ်လုပ်သည့်ကားကုမ္ပဏီဆီမှာကြေညာချက်များကိုဂရုတစိုက်စောင့်နားထောင်သင့်ပါသည်။

ကားကုမ္ပဏီများကယင်းတို့ထုတ်လုပ်ထားသည့်ကားမော်ဒယ်တချို့မှာချို့ယွင်းချက်၊ အားနည်းချက်များရှိသည့်အခါ ပြန်လည်သိမ်းယူပြီးပြင်ဆင်ပေးတာမျိုးလုပ်လေ့ရှိပါသည်။

အထူးသဖြင့်ကား၏စွမ်းဆောင်ရည်ပိုင်း၊ လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီးအားနည်းချက်များကို ပြင်ဆင်ပေးဖို့ကြေညာပါကအရေးတကြီးတုံ့ပြန်ဆက်သွယ်သင့်ပါသည်။

၇။ကားကိုသန့်သန့်ရှင်းရှင်းထားပါ။

ကားအတွင်းပိုင်းရောအပြင်ပိုင်းပါသန့်ရှင်းတောင်ပြောင်နေခြင်းမှာကိုယ်တိုင်မောင်းရချိန်တွင် စိတ်ကြည်လင်ကျေနပ်စေရုံသာမကကားကိုရေရှည်အသုံးခံဖို့ပါအထောက်အကူဖြစ်စေပါသည်။

ကားတွင်ရှိသည့်ဖုန်များ၊ အညစ်အကြေးများ၊ ပိုးမွှားများ၊ ဓာတုပစ္စည်းအကြွင်းအကျန်များ၊ ဆားဓာတ်များကို ရှင်းလင်းထားသည့်အခါကိုယ်ထည်ဆွေးမြည့်မှုကို ကာကွယ်ပြီးသားဖြစ်စေပါသည်။

ကားအတွင်းပိုင်းအပြင်အဆင်များဖြစ်သည့်သားရေများ၊အဝတ်များကိုလည်းသန့်သန့်ရှင်းရှင်းထားပေးသည့်အခါ ကားနှင့်ပတ်သက်သည့်အစိတ်အပိုင်းတစ်ခုခုပျက်စီးကျိုးပဲ့နေခြင်း သို့မဟုတ် ပျောက်ဆုံးနေပါကချက်ချင်း သတိပြုမိနိုင်မည်ဖြစ်ပါသည်။

 

Read 4105 times