ကားကြီး/ကားလတ်/ကားသေး တွေရဲ့ ကီလိုတွေကအတူတူပဲလား


ကားလေး တစ်စီးက ကားကြီးက သူ့ကိုကျော်တဲ့အခါမှာ၊ သူ့ကားလေးရဲ့ ကီလိုကတစ်ရာရှိနေတာမို့ သူ့ကိုကျော်တဲ့ကားကြီးရဲ့ကီလိုက တစ်ရာကျော်ရမယ်ဆိုပြီး၊ အမြန်လမ်းကသတ်မှတ်ထားတဲ့ ကီလိုထက်ကျော်ပြီးမောင်းနှင်တာကိုရိုက်ထားတဲ့ Video ပါ။ အဲ့ Video Post အောက်မှာပြောထားတာတွေမှာ ကားကြီးနဲ့ ကားလေး ကီလိုကတူပါ့မလား၊ ကားလေးကီလိုနဲ့ကားကြီး ကီလိုမတူဘူးဆိုတာတွေကိုမြင်တွေ့ရပါတယ်။

ကားတစ်စီးရဲ့ အမြန်နှုန်းဆိုတာ၊ ခရီးလမ်းကြောင်းတစ်ခုအတွင်း ထိုကားရွေ့လျားနေသောနှုန်းဖြစ်ပါတယ်။ ကားတစ်စီးရဲ့အမြန်နှုန်းကို Speedometer နဲ့တိုင်းတာပါတယ်။ Speedometer တွေဟာကားဂီယာဘောက်နဲ့ဆက်သွယ်ထားတာပါ။ ကားရဲ့ဘီးတွေနဲ့ဆက်သွယ်ထားတာမဟုတ်ပါဘူး။ ဒါကြောင့် ကားလေး/ကားလတ်/ကားကြီး တွေရဲ့ ဒိုင်ခွက်မှာလာပြတဲ့အမြန်နှုန်းတွေဟာအတူတူပါပဲ။ ကားလေး ၁၀၀ ဆိုရင်၊ ကားကြီး/ကားလတ်လည်း ၁၀၀ ပါပဲ။ ဘီးကြီး/ဘီးသေးကြောင့် ဘီးလည်ပတ်တဲ့အပတ်ရေ ကွာခြားသွားတာပဲ ရှိတာပါ။


ဆိုင်ကယ်မှာဆိုရင်တော့ အမြန်နှုန်းပြတာတွေဟာ ဘီးအသေး/အကြီးပေါ်မူတည်ပြီးပြောင်းလဲသွားနိုင်ပါတယ်။ ဆိုင်ကယ်ရဲ့ အမြန်နှုန်းပြတဲ့ ဒိုင်ခွက်ရဲ့ကြိုးဟာ ရှေ့ဘီးနဲ့ဆက်သွယ်ထားတာမို့ပါ။ ကြုံတုန်းလေးအမြန်လမ်းပေါ်က ကီလိုဖမ်းတဲ့ကင်မရာလေးတွေအလုပ်လုပ်ပုံကိုပါ ပြောပြပေးလိုက်ပါမယ်။ ထိုကင်မရာလေးတွေထဲမှာ Radar Gun ပါဝင်ပါတယ်။

ကားတစ်စီးမောင်းနှင်လာပြီဆိုရင် ထို Radar Gun ကနေမျက်စိနဲ့မမြင်နိုင်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တန်းတစ်ခုကို အလင်းရဲ့အလျင်အတိုင်းကားဆီကို ပစ်လွှတ်လိုက်ပါတယ်။ ထိုရောင်ခြည်တန်းကားကို ကားမှ Reflects ပြန်လုပ်လိုက်ပါတယ်။ ထိုရောင်ခြည်တန်း အကွာအဝေးကို၊ ကြာတဲ့အချိန်နဲ့စားလိုက်ပြီး၊ သင့်ကားရဲ့တစ်နာရီအတွင်းမောင်းနှင်နေတဲ့ ကီလိုကိုစက်မှာပြပေးတာပါ။

Speedometer ကော ကီလိုဖမ်းတဲ့ကင်မရာတွေပါ ကားတစ်စီးရဲ့အမြန်နှုန်းကို 100% တိကျစွာမပြနိုင်ပါဘူး။ ကားတစ်စီးရဲ့မောင်းနှင်နေတဲ့ အမြန်နှုန်းထက်လျော့မပြအောင်တော့ Speedometer ထုတ်လုပ်တဲ့ Company တွေကပြုလုပ်ထားကြပါတယ်။

PS: Speedometer နဲ့ပတ်သက်လာရင် တကယ်ပြောမယ်ဆိုရင်တော့ ပုဂံရာဇဝင်ကိုပြောရသလို၊ ဓားထမ်းပြီး ငြင်းရမယ့်သဘောမျိုးရှိပါတယ်။ ခုကျွန်တော်တို့ရှင်းပြထားတာက ယေဘုယျသဘောမျိုးပဲရှိပါသေးတယ်။ သင်တို့ရဲ့ ထင်မြင်ချက်တွေကိုလည်း Comment မှာငြင်းခုန်လို့ရပါတယ်။ ဓားတော့မပါကြေးပေါ့…

Read 9019 times