Kia Telluride ရဲ့ အမိုး ရွက်ဖျင်တဲ


 2020 Kia Telluride က တွဲဘက်အပိုအဖြစ် သီးခြားရောင်းချတဲ့ အမိုးရွက်ဖျင်တဲကို Roofnest Falcon လို့ အမည်ပေးထားတယ်။ နှစ်ယောက်အိပ် အရွယ်အစားဖြစ်ပြီးမိနစ်ပိုင်းအတွင်း ရွက်ဖျင်တဲကို အပြီးအစီး ပြုလုပ်နိုင်တယ်။ 

 

နှစ်ယောက်အိပ်လို့ ဆိုပေမဲ့ ပူးပူးကပ်ကပ် အိပ်ရမယ့် သဘောရှိတယ်။ အကျယ်က လက်မ ၅၀ ပဲ ရှိတယ်။ အရှည်ကတော့ လက်မ ၉၀ ရှိတယ်။ 

 

အိပ်ရာက အထူ သုံးလက်မ ရှိတယ်။ 

 

အမြင့် ကလက် ၆၀ ရှိတယ်။ ခေါင်သိမ်းထားချိန်မှာတော့ အထူ ၇ လက်မ ရှိတယ်။

 

ဖျင်တဲကို စတီးချောင်းတွေနဲ့ ဘောင်လုပ်ပေးထားပြီး ရေလုံနဲ့ ကင်းဗတ်အသားနဲ့ လုပ်ပေးထားတယ်။

 

အလေးချိန်က ပေါင် ၁၄၀ ရှိတယ်။ ကားခေါင်မိုးပေါ်ကို တက်ဖို့ ပေါ့ပေါ့ပါးပါး အလူမီနီယမ် လှေကားတစ်ခု ပါတယ်။

 

ဆန့်ထုတ်လိုက်ရင် အရှည် ၈ပေခွဲရှိတယ်။ ထိုးသွင်းပြီး သိမ်းထားချိန်မှာတော့ ၁ ပေ သာသာ ရှိတယ်။

 

 ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၃၉၅   ဖြစ်ပါတယ်။

Read 600 times