မိသားစုနှင့် ခရီးထွက်ရာတွင် သင့်တော်သော KIA Stinger


အားသာချက်အနေဖြင့် ပုံမှန်ဆလွန်းကားများထက် နောက်ခန်းကျယ်ဝန်းသည့်အတွက် မိသားစုနှင့် ခရီးဝေးသွားရန် အဆင်ပြေပါသည်။

အသစ်စက်စက် Stinger ကို 2.0 L နှင့် 3.3 L အင်ဂျင်နှစ်မျိုးရွေးချယ်နိုင်ပါသည်။

2.0 L ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၇၆၀၀၀ ဝန်းကျင်နှင့် 3.3 L ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၉၅၀၀၀ ဝန်းကျင်ရှိပါသည်။

ဝယ်ယူသူများအနေဖြင့် ခုနစ်နှစ် သို့မဟုတ် ကီလိုတစ်သိန်းခွဲ အာမခံရရှိမည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၏ Car of the year ဆုကိုရရှိထားသော KIA Stinger ကို 2.0 L ဓာတ်ဆီအင်ဂျင်နှင့် 3.3 L ဓာတ်ဆီအင်ဂျင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပါသည်။

2.0 L turbocharged ဆလင်ဒါလေးလုံးထိုးအင်ဂျင်ဖြစ်ပြီး အော်တိုဂီယာ ရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

3.3 L Twin turto V6 အင်ဂျင်မှာ အင်ဂျင်၏ အမြင့်ဆုံးစွမ်းဆောင်ရည် 6000 RPM တွင် 365 HP ရှိပြီး Toraue ရုန်းအားအနေဖြင့် 1300 မှ 4500 RPM မှာ 376 lb-ft ရှိပါသည်။

ရပ်တည်နေရာမှ ၄.၇ စက္ကန့်အတွင်း တစ်နာရီ ၆၀ မိုင်နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

Dual-Continuous Variable Valve Timing (D-CVVT) အင်ဂျင်ဖြစ်ပါသည်။

ကား၏ အပြင်ပိုင်းကို လေခွင်းအားကောင်းသော လိုင်းများ ထည့်သွင်းထားပြီး ပြိုင်ကားတစ်စီး၏ ဒီဇိုင်းမျိုးပေါ်လွင်နေစေပါသည်။

ရှေ့လေဝင်ပေါက်ကျယ်ဝန်းပြီး ဆန်ခါရှဲလ်နှစ်ခုတွင် ပုံစံမျိုး တပ်ဆင်ထားပြီး ခရိုမီယမ် အနားကွပ်ထားပါသည်။

ရှဲလ်၏ အထက်အလယ်တည့်တည့်တွင် KIA ၏ လိုဂိုကို တပ်ဆင်ထားပါသည်။

ထိုခုံများသည် အီလက်ထရစ်အပူအအေးပေးစနစ်ပါရှိပြီး စိတ်ကြိုက်အနေအထားချိန်ညှိနိုင်ပါသည်။

မမ်မိုရီစနစ်ပါရှိသည့်အတွက် စိတ်ကြိုက်အနေအထားကို မှတ်သားထားနိုင်ပါသည်။

ကားဘီးအနောက် လိမ့်မသွားအောင် ကာကွယ်ပေးသော စနစ်ပါရှိပါသည်။

Smart, Eco, Comfort, Sport စသော မောင်းနှင်မှုပုံစံလေးမျိုးပါရှိသည့်အတွက် mode လေးမျိုးပြောင်းလဲမောင်းနှင်နိုင်ပါသည်။

လူငယ်ကြိုက်ပြိုင်ကားပုံစံအတိုင်း မြန်နှုန်းမြင့် မောင်းနှင်နိုင်သကဲ့သို့ Eco mode ကို အသုံးပြုပြီး ဆီစာနှုန်း ချွေတာမောင်းနှင်နိုင်ပါသည်။

အာရုံခံကိရိယာ (sensors) များ အသုံးပြုပြီး ယာဉ်မောင်းသူမမြင်နိုင်သော မျက်ကွယ်အရပ်က ဝင်ရောက်လာသော အရာဝတ္တုများကို ကြိုတင်အာရုံခံသတိပေးနိုင်သော blindspot detection စနစ်ပါရှိပါသည်။

Wireless charging စနစ်ပါရှိသည့်အတွက် အားသွင်းကြိုးမလိုဘဲ ယာဉ်မောင်းနှင်စဉ် ဖုန်းအားသွင်းနိုင်ပြီး Bluetooth System ပါရှိသည့်အတွက် ဖုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

တာယာလေးလုံးစလုံးသည် ၁၉ လက်မ Michelin Pilot Sport 4 Summer Tires များ အသုံးပြုထားပြီး မြန်နှုန်းမြင့် မောင်းနှင်နေရာမှ ရပ်တန်လိုက်သည့် ဒဏ်များကို ခံနိုင်ရည်ရှိပါသည်။

 

Read 12333 times