အကောင်းဆုံး Compact SUV ဆုရရှိထားသည့် KIA sportage


ကိုရီးယားအခြေစိုက် KIA ကားကုမ္ပဏီမှထုတ်လုပ်သည့် KIA Sportage ကားသည် Myanmar Car of the Year 2017 ရွေးချယ်ပွဲတွင် အကောင်းဆုံး Compact SUV ဆုကိုရရှိထားပါသည်။

ကား၏ကိုယ်ထည်အတွင်းပိုင်း ဖရိန်များကို ပုံမှန်ထက် ၅၂.၇ ရာခိုင်နှုန်းထက်ပိုမိုခိုင်ခံ့သည့် Advanced High Strenght Steel(AHSS) ခေတ်ရှေ့ပြေး သံမဏိများနှင့် တည်ဆောက်ထားသည့်အတွက်ကြမ်းတမ်းသည့် လမ်းခရီးများတွင် စိတ်ချလက်ချမောင်းနှင်နိုင်ပါသည်။

LX, EX နှင့် SX ဂရိတ်သုံးမျိုးခွဲခြားထုတ်လုပ်ပါသည်။

LX ဂရိတ်တွင် 2.4L 1-4 အင်ဂျင်ကို အသုံးပြုသည်။

အင်ဂျင်စွမ်းဆောင်ရည် မြင်းကောင်ရေ ၁၈၁ ကောင်အား ရှိပါသည်။

ဆီစားနှုန်းများအနေဖြင့် လောင်စာဆီတစ်ဂါလန်ကို မြို့တွင်း ၂၃ မိုင်နှင့် အဝေးပြေးလမ်းတွင် မိုင် ၃၀ အထိမောင်းနှင်နိုင်ပါသည်။

EX ဂရိတ်တွင် 2.4L 1-4 အင်ဂျင်ကို အသုံးပြုသည်။

မြင်းကောင်ရေ ၁၈၁ ကောင်အားရှိပြီး ဆီစားနှုန်းအနေဖြင့် လောင်စာဆီတစ်ဂါလန်ကို မြို့တွင်း ၂၂ မိုင်နှင့် အဝေးပြေးလမ်းတွင် ၂၉ မိုင်အထိ မောင်းနှင်နိုင်ပါသည်။

SX ဂရိတ်တွင် 2.0L Turbocharged 1-4 အင်ဂျင်ကို အသုံးပြုထားပါသည်။

အတွင်းဘက်အထိ ရှည်လျားသည့် ရှေ့မီးလုံးတစ်စုံက ကျယ်ဝန်းသည့် ညပုံရိပ်များကို ထင်ရှားပြတ်သားစေသကဲ့သို့ အလိုအလျောက် ချိန်ညှိပေးနိုင်ပါသည်။

Fog Lamps နှင်းခွဲမီးများပါရှိသကဲ့သို့ LED Daytime Running Lights(DRL) မီးလုံးများပါရှိပါသည်။

စပီကာခြောက်လုံးပါသည့် JBL အဆင့်မြင့်အသံစနစ်ပါရှိပြီး AM/FM, MP3 တို့နှင့်ချိတ်ဆက်အသုံးပြုနိုင်သည်။

ငါးလက်မ သို့မဟုတ် ခုနှစ်လက်မ touchscreen ပါရှိပါသည်။

နောက်တံခါးသည် smart power tail gate စနစ်ဖြစ်သည့်အတွက် စမတ်ကီးယူဆောင်ပြီး ရပ်လိုက်ရုံနှင့် နောက်ဖုံးတံခါးက အလိုအလျောက်ပွင့်လာပါသည်။

ကြိုးမလိုပဲဖုန်းအားပေးသည့်စနစ် wireless charger ပါရှိပါသည်။

လုံခြုံရေးစနစ်များဖြစ်သည့် Intelligent Stability and Control Systems, Blind spot Detection (BSD) System/Lane Change Assist, Rear Cross Traffic Alert (RCTA), Lane Departure Warning System (LDWS), Auto-nomous Emergency Braking(AEB) စနစ်များပါရှိပါသည်။

အသက်ကယ်လေအိတ်စနစ်ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၇ မော်ဒယ်လ် KIA Sportage ကားကို ၀ယ်ယူသူအမည်ပေါက်၊ ရန်ကုန်လိုင်စင်နှင့် ၀ယ်ယူရရှိနိုင်ပြီး ငါးနှစ်အရစ်ကျစနစ်နှင့်လည်း ၀ယ်ယူနိုင်ပါသည်။

၀ယ်ယူသူများအနေဖြင့် အာမခံငါးနှစ်ရရှိမည်ဖြစ်ပြီး KIA ကားပြခန်းများတွင် ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Read 844 times