KIA Myanmar Showroom ဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်လိုက်သည့် Sportage-GT ကားသစ်


KIA Myanmar Showroom မှ ၂၀၁၈ မိုဒယ် Sporty Compact SUV Sportage-GT ကားသစ်ကို ဇန်နဝါရီလဆန်းမှစ၍ စျေးကွက်အတွင်း ရောင်းချပေးနေကြောင်း သိရပါသည်။

KIA Sportage-GT ကားသစ်သည် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ၊ ဒီဇယ်အင်ဂျင်ဖြစ်ပြီး ဆီတစ်ဂါလန်ကို ၂၁ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။

Sportage-GT ကို Sport ဆန်ဆန် ဒီဇိုင်းပုံစံနှင့် Luxury Function များ စုံလင်စွာ အချိုးကျ ပေါင်းစပ်ဖွဲ့စည်းထားပြီး ငါးယောက်စီး SUV ကားအမျိုးအစားဖြစ်ကာ Leather Seat များ တပ်ဆင် ထားသည့်အတွက် Cloth Seat များထက် ပိုမို၍သက် သောင့်သက်သာ စီးနင်းနိုင်မည်ဖြစ်သည်။

KIA Sportage-GT ကားသစ်သည် 6 Speed Auto Transmission ဖြစ်ပြီး သေသပ် လှပသော အသွင်အပြင်၊ ရှေ့မြင်ကွင်းကို ပိုမိုကောင်းမွန်အောင် မြင်တွေ့နိုင်သော အနေအထား၊ အသံများကို ကြည်လင်ပြတ်သားစွာ နားဆင်နိုင်သော JBL Sound System စနစ်၊ အသုံးဝင်သော Function ခလုတ်များနှင့်အတူ ရှစ်လက်မ အရွယ်အစား LCD Screen ၊ Aircon Auto ၊ Apple Carplay နှင့် Back Camera မျဉ်းကွေးများ ပါသော ခုနစ်လက်မ TFT-LCD Display တို့ ပါဝင်မည် ဖြစ်သည်။

KIA Sportage-GT Line တွင် Fog Lamp ကို Sporty ပုံစံဖြင့် နည်းပညာမြင့်မားသော LED မီးသီးလေးလုံး တပ်ဆင်းထားသောကြောင့် မြူဆိုင်းနေသောအချိန်တွင် ရှေ့ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။

လုံခြုံရေးစနစ်များတွင် ညအချိန်မောင်းနှင်ရာ၌ အန္တရာယ်ကင်းစေရန်အတွက် မောင်းနှင်သော အရှိန်အပေါ် မူတည်ပြီး အလင်းအနီးအဝေးကို အလိုအလျောက်ချိန်ဆပေးခြင်း၊ စတီယာရင်ကွေ့သည့် ဘက်ကို အလင်းဖြာပေးသည့် Dynamic Bending Light System ပါရှိခြင်း၊ Hill Assist Control(HAC) ပါဝင်သောကြောင့် တောင်အမြင့်ပိုင်းများမှ မောင်းနှင်ဆင်းသက်ရာတွင် ကားကိုယ်ထည်မှာမည်သို့ပင် အရှိန်များနေစေ ကာမူကား၏ Acceleration နှုန်းအား လျှော့ချပေးသည့် စနစ်ပါဝင်ခြင်း၊ All Wheel Drive အသုံးပြုထားသောကြောင့် Driving Performance ပိုမိုကောင်းမွန်ခြင်း၊ လမ်းကြမ်းများတွင် ငြိမ်သက်စွာ မောင်းနှင်နိုင်ခြင်း၊ လမ်းပေါ်တွင် ဘီးချော်/စလစ်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊ Heated Steering Wheel ဖြစ်သောကြောင့် စတီယာရင် မချော်ဘဲ သက်သောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊ Bluetooth Hands-free System ပါဝင်သောကြောင့် ကားမောင်းနှင်လျှင် အန္တရာယ်ကင်းစွာ ဖုန်းပြောနိုင်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။

Smart Power Tailgate System မှာ Smart Key Switch ကို လုံးဝထိစရာမလိုဘဲ ကားအနောက်ဘက် တစ်မီတာအတွင်း သော့နှင့်အတူရှိပါက ငါးစက္ကန့်အတွင်း နောက်ဖုံး Auto ပွင့်သောကြောင့် စျေးဝယ်ထွက်သည့် အခါမျိုးတွင်ဖြစ်စေ၊ လက်ထဲတွင်ပစ္စည်းများ အပြည့်ကိုင်ထားသော အခြေအနေမျိုးတွင်ဖြစ်စေ ကားသော့ကို ရှာနေစရာမလိုဘဲ ပိုမို အဆင်ပြေစေနိုင်မည်ဖြစ်သည်။

KIA Myanmar Sportage-GT Sporty Compact SUV ကို အမေရိကန်ဒေါ်လာ ငါးသောင်းခွဲဝန်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ခုနစ်နှစ် အာမခံနှင့်အတူ ကီလိုမီတာတစ်သိန်းခွဲ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Read 3397 times