Kia Sorento တွင် ဖြစ်ပေါ်တတ်သော ပြဿနာများ


ကိုရီးယားအခြေစိုက် Kia ကားကုမ္ပဏီက ထုတ်လုပ်သော Kia Sorento ကားအမျိုးအစားမှာ carcomplaints.com ၏ အဆိုအရ ၂၀၁၂မော်ဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ကြောင်းသိရပါသည်။

၂၀၁၂ Sorento ကို မိုင်၆၀၀၀၀ မောင်းနှင်ပြီးသောအခါ အင်ဂျင်ပိုင်းဆိုင်ရာပြဿနာများ အဖြစ်များပါသည်။

ရှေ့မီးလုံးများ ချို့ယွင်းခြင်း

၂၀၀၃မော်ဒယ်မှ ၂၀၁၅မော်ဒယ်အထိ Sorentoကားကို မိုင်၈၀၀၀၀ ၀န်းကျင် မောင်းနှင်ပြီးသောအခါ ရှေ့မီးလုံးတစ်လုံး သို့မဟုတ် နှစ်လုံးစလုံး ချို့ယွင်းသည့်အတွက် အသစ်လဲလှယ်ရပါမည်။

Crankshalf Pulley Bolt ပြဿနာဖြစ်ခြင်း

၂၀၀၃မော်ဒယ်မှ ၂၀၀၆မော်ဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသောအခါ အဖြစ်များပါသည်။

ကားကိုစတင်စက်နှိုးသည့်အခါ ခက်ခဲခြင်း၊ အင်ဂျင်တုန်ခါခြင်း၊ အင်ဂျင်အနီးတစ်ဝိုက်မှ rattle အသံမြည်ခြင်းများ ဖြစ်ပေါ်လာခြင်းသည် Crankshalf Pulley Bolt ချို့ယွင်းခြင်း ဖြစ်ပါသည်။

AC compressor ပြဿနာဖြစ်ခြင်း

၂၀၀၃မော်ဒယ်မှ ၂၀၁၃မော်ဒယ်အထိ မိုင်တစ်သိန်းဝန်းကျင်မောင်းနှင်ပြီးသောအခါ အဖြစ်များပါသည်။

အဲကွန်းဖွင့်ထားသည့်အခါ အသံမြည်ခြင်း သို့မဟုတ် တုန်ခါခြင်းမှာ အဲကွန်းစနစ်တွင်ပါ၀င်သော AC compressor အပါအဝင် အစိတ်အပိုင်းများ ချို့ယွင်းနေခြင်းကြောင့် ဖြစ်ပါသည်။

ဂီယာပြဿနာဖြစ်ခြင်း

၂၀၀၆မော်ဒယ်မှ ၂၀၀၉မော်ဒယ်အထိ မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသောအခါ ဂီယာချိန်း၍ မရခြင်း သို့မဟုတ် ဂီယာချိန်းသည့်အခါ နှေးကွေးခြင်းများ အဖြစ်များပါသည်။

ထိုသို့ဖြစ်ပါက ဂီယာဝိုင်ကို စစ်ဆေးသင့်ပါသည်။

သတ်မှတ်ထားသော အရည်အသွေးအတိုင်း သတ်မှတ်ထားသည့် ပမာဏရှိ မရှိ စစ်ရမည်ဖြစ်သကဲ့သို့ ဂီယာစနစ်ကိုလည်း စစ်ဆေးရမည်ဖြစ်ပါသည်။

SRS မီးလင်းခြင်း

၂၀၀၃ မော်ဒယ်မှ ၂၀၁၁မော်ဒယ်အထိ မိုင်တစ်သိန်းဝန်းကျင်မောင်းနှင် ပြီးသောအခါ အဖြစ်များပါသည်။

 SRS မီးလင်းခြင်းသည် ၂၀၁၁မော်ဒယ်တွင် အများဆုံး ဖြစ်ပါသည်။

Airbag အသက်ကယ်လေအိတ်စနစ် ချို့ယွင်းခြင်း သို့မဟုတ် ဘက်ထရီ အသစ်ဟောင်းလဲပြီးသည့်အခါ SRS မီးလင်းခြင်းမျိုးအဖြစ်များပါသည်။

ထိုအခါ ကွန်ပျူတာထိုးစစ်ပြီး ချို့ယွင်းသည့် အစိတ်အပိုင်းကို ပြုပြင်ခြင်း အသစ်လဲခြင်းများ ပြုလုပ်ရပါသည်။

အင်ဂျင်မီးမကူးခြင်း

၂၀၀၃မော်ဒယ်မှ ၂၀၁၂မော်ဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင် ပြီးသည့်အခါ Ignition coil ချို့ယွင်းသည့်အတွက် အင်ဂျင်မီးမကူးခြင်းဖြစ်ပါက ချို့ယွင်းချက်ရှိသော ကွိုင်ကို အသစ်လဲလှယ်ရပါသည်။

စပီကာများ အသံမလာခြင်း

၂၀၁၁မော်ဒယ်မှ ၂၀၁၇မော်ဒယ်အထိ မိုင်၆၀၀၀၀ကျော် မောင်းနှင်ပြီးသောအခါ Kia Sorento တွင်ပါရှိသော ယာဉ်လမ်းကြောင်းစနစ်သည် ရုတ်တရက်ချို့ယွင်းသွားပြီး စပီကာများပါ အသံမလာတော့ခြင်း ဖြစ်ပါသည်။

ထိုအသံစနစ်သည် ယာဉ်လမ်းကြောင်းပြစနစ်၊ စီဒီပလေယာ၊ ရေဒီယို၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်နှင့် တယ်လီဖုန်းများဖြင့် ချိတ်ဆက်အသုံးပြုရသောကြောင့် ထိုစနစ်အားလုံးနှင့် ဆော့ဖ်ဝဲ ချိတ်ဆက်မှုအားလုံး စစ်ဆေးပြုပြင်ရပါမည်။

တစ်ရံတစ်ခါတွင် ဘက်ထရီနှင့် ချိတ်ဆက်ထားသောအပိုင်းက လွတ်သွားသည့်အတွက် ပါ၀ါမဝင်ခြင်းမျိုး ဖြစ်နိုင်ပါသည်။

အီလက်ထရစ်ကယ်ပြဿနာများဖြစ်ခြင်း

၂၀၀၅မော်ဒယ်နှင့် ၂၀၀၇မော်ဒယ် Sorento ကားကို မိုင်၈၀၀၀၀ကျော် မောင်းနှင်ပြီးသောအခါ အီလက်ထရစ်ကယ်ပိုင်းဆိုင်ရာ ပြဿနာများ အဖြစ်များပါသည်။

ကားစတင်နှိုးရခက်ခဲခြင်း၊ ရှေ့မီးလုံးနှင့် နောက်မီးလုံးများ ဖွင့်ရလိုက် မရလိုက်ဖြစ်ခြင်း၊ ပါ၀ါတံခါးနှင့် ပါ၀ါနောက်ကြည့်မှန်များ ပုံမှန် အလုပ်မလုပ်ခြင်းများ ဖြစ်ပေါ်လာပါက ၀ါယာရင်းစနစ်နှင့် ဖျူးစ်များကို စစ်ဆေးပြုပြင်ရပါမည်။

အင်ဂျင်မှ အသံမြည်ခြင်း

၂၀၀၃မော်ဒယ်မှ ၂၀၁၀မော်ဒယ်အထိ မိုင်တစ်သိန်းမောင်းနှင်ပြီးသည့်အခါ အင်ဂျင်စက် စတင်နှိုးချိန်တွင် အင်ဂျင်မှ ပုံမှန်မဟုတ်သော အသံမြည်လာခြင်းမျိုး ဖြစ်တက်ပါသည်။

အင်ဂျင်ကို အချိန်အတော်ကြာရပ်တန့်ထားပြီးမှ စက်ပြန်နှိုးသောအခါတွင် ပိုအဖြစ်များပါသည်။

စက်နှိုးပြီး လေးငါးစက္ကန့်အတွင်းမှာ အသံမြည်ခြင်းဖြစ်ပါသည်။

ထိုအခါ စက်ရပ်ပြီး အင်ဂျင်ဝိုင်အနေအထားကို စစ်ဆေးသည့်ပါသည်။

အင်ဂျင်ဝိုင်သည် ပုံမှန်အနေအထားတိုင်းစစ်ဆေးတွေ့ရှိပါက timing chain tensioner ၏ ပြဿနာကြောင့် အသံမြည်ခြင်းဖြစ်ပါသည်။

 

Read 1387 times