Adventure Type 4x4 ကားအနေဖြင့်ပြောင်းလဲထားသည့် KIA Sorento


ကိုယ်ထည်ကိုတောရိပ်တောင်ရိပ်များနှင့် 3D Colour Paint ပြုလုပ်ထားပြီး ရှေ့နှင့်နောက်တွင် Off-Road စတိုင်လ် Custom ဘမ်ပါများတပ်ဆင်ထားသည့်အပြင်ရှေ့မီးခွက်နားတွင် Snorkel Intake ကိုပါတပ်ဆင်ထား ပါသည်။

ခေါင်းမိုးပေါ်မှဝက်ခြံကိုလည်း steel ဘားတန်းဖြင့်ပြုလုပ်ထားပြီး LED မီးတန်းလေးများတပ်ဆင်ထားပါသည်။

ဘီးများကို 17x8.5-in Beadlock Style Wheel တပ်ဆင်ထားပြီး Fender Flares နှင့်အနားကွပ်ထားခြင်းတွေ့ရပါသည်။

ကားအောက်ပိုင်း Suspension ကို Fox Racing 2.0 Coilover ရှော့ဘားနှင့် Eibach Spring များအသုံးပြုတပ်ဆင်ထားသောကြောင့် Off-Road လမ်းများတွင်အတားအဆီးမရှိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

အတွင်းခန်းကို Green Pattern နှင့်အလှဆင်ထားပြီး LED Lighting Rocker Switch နှင့်တာယာအစင်းကြောင်းပုံစံကားထိုင်ခုံစွပ်များကို တပ်ဆင်ထားပါသည်။

ထို့ပြင်ဒက်ရှ်ဘုတ်နှင့်တံခါး Panel များကိုလည်း Custom Paint ပြုလုပ်ထားပါသည်။

KIA Sorento ကို  PacWest Adventure Sorento အဖြစ်ထူးခြားစွာပြောင်းလဲအလှဆင်ထားမှုဖြစ်ပါသည်။

Read 642 times