KIA ၏ နောက်ဆုံးမိုဒယ်ဖြစ်သော KIA Sorento GT Line ကို အရစ်ကျဝယ်ယူနိုင်


ပြည်တွင်းတွင် ပထမဆုံးခုနစ်နှစ်အာမခံစနစ်နှင့်အတူ ၂၀၁၈ GT Line ကားအမျိုးအစားများဖြစ်သော Sorento GT, Sportage GT, နှင့် Optima GT များကို KIA ကားအရောင်းပြခန်းက စတင်မိတ်ဆက်ရောင်းချခဲ့ပါသည်။

ပြိုင်ကားဆန်သော ဒီဇိုင်းနှင့် အဆင့်မြင့်ဇိမ်ခံစနစ်မျိုးစုံ ပေါင်းစပ်ထားသော ဇိမ်ခံပြိုင်ကားအမျိုးအစားများ ဖြစ်ပါသည်။

၂၀၁၈ မိုဒယ် Sorento GT ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၆၅၀၀၀ ရှိပါသည်။

ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းတွင်ရှိသော ကီရာ ကားအရောင်းပြခန်းတွင် ဝယ်ယူရရှိနိုင်ပါသည်။

2.2 L ဒီဇယ်အင်ဂျင်ကို အသုံးပြု၍ လောင်စာဆီ တစ်ဂါလန်ကို ၂၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး အော်တိုဂီယာ ရှစ်ချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။

အမေရိကန်သယ်ယူပို့ဆောင်ရေး အစိုးရအဖွဲ့က ပေးအပ်သော US EPA smart way award ဆုကို ရရှိထားပြီး KIA Sorento GT Line သည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မ ှုအနည်းဆုံး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောက်ရှောက်မှုနှင့် ကိုက်ညီသော ကားတစ်စီးအဖြစ် သတ်မှတ်ခံရပါသည်။

၂၀၁၈ မိုဒယ် အသစ်စက်စက် KIA Sorento GT Line ကားအမျိုးအစားသည် ခေတ်မီသော ပုံစံအသွင်အပြင်နှင့် အဆင့်မြင့်နည်းစနစ်များ ပေါင်းစပ်ထားသည့်အတွက် သက်သောင့်သက်သာနှင့် ဘေးအန္တရာယ်ကင်းအောင် မောင်းနှင်စီးနင်းနိုင်ပါသည်။

All Wheel Drive အသုံးပြုထားသောကြောင့် လမ်းကြမ်းများတွင် ငြိမ်သက်စွာမောင်းနှင်နိုင်ပြီး ဘီးချော်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါသည်။

ကျယ်ဝန်းသော ဆန်ခါရှဲလ်၏ အလယ်တွင် Kia ၏ Logo တံဆိပ်တပ်ဆင်ထားပါသည်။

နှင်းခွဲ fog light မီးလုံးများပါရှိပြီး အလိုအလျောက်ခေါက်သိ်မ်းနိုင်သော ပါဝါနောက်ကြည့်မှန်နှင့် ယာဉ် နောက်ပိုင်း အချက်ပြမီးများကို ဆန်းသစ်သော ဒီဇိုင်းများနှင့် တပ်ဆင်ထားပါသည်။

ခုနစ်ယောက်စီးကားအမျိုးအစားဖြစ်သည့်အတွက် မိသားစုနှင့် ခရီးဝေးသွားရန် သင့်တော်ပြီး Wireless charger system ပါရှိသည့်အတွက် အားသွင်းကြိုးမလိုဘဲ ဖုန်းအားသွင်းနိုင်ပါသည်။

အတွင်းခန်းထိုင်ခုံများသည် Leather Seat ဖြစ်သောကြောင့် သက်သောင့်သက်သာရှိပြီး လိုအပ်သော အနေအထားကို ချိန်ညှိပေးနိုင်သည့်အပြင် ထိုင်ခုံအတွင်း လေပူလေအေးစနစ်ပါရှိပါသည်။

ကားအတွင်းခန်းကို သပ်ရပ်လှပအောင် ပြင်ဆင်ထားပြီး အသုံးဝင်ဖန်ရှင်ခလုတ်များနှင့်အတူ ရှစ်လက်မ တာ့ချ်စခရင်ပါရှိသည့်အတွက် အသုံးပြုလိုသော ဖန်ရှင်များကို မောင်းနှင်နေရင်း အလွယ်တကူ အသုံးပြုနိုင်ပါသည်။

Blind Spot detection စနစ်သည် မမြင်နိုင်သော နေရာမှ ထုတ်ပေါ်လာသည့်အရာများကို အာရုံခံပေးနိုင်ပါသည်။

Smart power tailgate system သည် smart key switch စမတ်ကီးခလုတ်ကို လုံးဝထိစရာမလိုဘဲ ကားအနောက်ဘက်တစ်မီတာအတွင်းတွင် Key နှင့်အတူရှိနေပါက ငါးစက္ကန့်အတွင်း နောက်ဖုံးအော်တိုပွင့်ပါသည်။

360 surround view camera ပါရှိသောကြောင့် ရှေ့နောက် ဘေးအပေါ်မြင်ကွင်းအားလုံးကို ငှက်တကောင် အမြင့်မှကြည့်နေသကဲ့သို့  ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါသည်။

Parking guideline ပါရှိသည့်အတွက် ပါကင်ထိုးရ လွယ်ကူစေပါသည်။

Manual ကို ပြောင်းလဲအသုံးပြုသည့်အခါ စတီယာရင်က နောက်ရွှေ့အသုံးပြုရန် မလိုဘဲ ဂီယာကို Manual ပြောင်းပြီးပါက puddle shifter gear ကို အတိုးအလျှော့ပြုလုပ်ရုံဖြင့် မောင်းနှင်နိုင်ပါသည်။

Android auto, Apple car play နှင့် Back camera မျဉ်းကွေးပါရှိသော ခုနစ်လက်မ TFT-LCD display ပါရှိပါသည်။

အသက်ကယ်လေအိတ် ခြောက်လုံးအထိပါရှိသည့်အတွက် အန္တရာယ်ကင်းကင်းဖြင့် မောင်းနှင်နိုင်ပါသည်။

 

Read 2589 times