ကီရာဆိုရန်တို(Kia  Sorento) ကားအမျိုးအစားမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာ ၉ ချက်


ကိုရီးယားအခြေစိုက်ကီရာ (KIA) ကားကုမ္မဏီက ထုတ်လုပ်တဲ့ကီရာဆိုရန်တို(Kia  Sorento) ကားအမျိုးအစားမှာ carcomplaints. com ရဲ့အဆိုအရ ၂၀၁၂ မော်ဒယ်ဟာ ကွန်ပလိန်းအများဆုံးဖြစ်တယ်။၂၀၁၂ မော်ဒယ် ဆိုရန်တိုကို မိုင် ၆၀,ဝဝဝ မောင်းနှင်ပြီးတဲ့အခါ အင်ဂျင်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ်များပါတယ်။


(၁) ရှေ့မီးလုံးတွေ ချို့ယွင်းတာ
၂၀ဝ၃ မော်ဒယ်ကနေ ၂၀၁၅ မော်ဒယ်အထိဆိုရန်တိုကားကို မိုင် ၈၀,ဝဝဝ ဝန်းကျင်မောင်းနှင် ပြီးတဲ့အခါ အဖြစ်များပါတယ်။ အဲဒါက ရှေ့မီးလုံးတစ်လုံး ဒါမှမဟုတ် နှစ်လုံးစလုံး ချို့ယွင်းတဲ့ အတွက် အသစ်လဲလှယ်ရတာများပါတယ်။


(၂) Crankshalf Pulley Bolt ပြဿနာ
၂၀ဝ၃ မော်ဒယ်ကနေ၂၀ဝ၆ မော်ဒယ်အထိမိုင်တစ်သိန်းကျော် မောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ ကားကိုစတင်စက်နှိုးတဲ့အခါခက်ခဲတာ၊ အင်ဂျင်တုန်ခါတာ၊ အင်ဂျင်အနီးဝန်းကျင်က ရက်တယ်လ် (rattle) အသံမြည်တာတွေဖြစ်လာပါတယ်။ အဲဒါဟာ Crank-shalf Pulley Bolt ချို့ယွင်းတာဖြစ်ပါတယ်။


(၃) အေစီကွန်ပရက်ဆာပြဿနာ
၂၀ဝ၃ မော်ဒယ်ကနေ ၂၀၁၃ မော်ဒယ်အထိ မိုင်တစ်သိန်းဝန်းကျင်မောင်းနှင်ပြီးတဲ့အခါ အဖြစ် များပါတယ်။ အဲကွန်းဖွင့်ထားတဲ့အခါ  အသံမြည်တာ ဒါမှမဟုတ် တုန်ခါလာတာတွေပါ။ အဲကွန်း စနစ်မှာ ပါဝင်တဲ့အေစီကွန်ပရက်ဆာ (AC compressor)အပါအဝင် အစိတ်အပိုင်းတွေကို စစ်ဆေးပြုပြင်ရပါမယ်။


(၄) ဂီယာပြဿနာ
၂၀ဝ၆ မော်ဒယ်ကနေ ၂၀ဝ၉ မော် ဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးတဲ့အခါ ဂီယာချိန်းလို့မရတာ ဒါမှမဟုတ် ဂီယာချိန်းတာ နှေးကွေးနေတာအဖြစ်များပါတယ်။ ဂီယာဝိုင်ကိုစစ်ဆေးသင့်ပါတယ်။ သတ်မှတ်ထားတဲ့အရည်အသွေးအတိုင်း သတ်မှတ်ထားတဲ့ ပမာဏရှိမရှိ စစ်ဆေးလဲလှယ်ရမှာဖြစ်သလို ဂီယာစနစ်ကိုလည်းစစ်ဆေးပြုပြင်ရပါမယ်။


(၅) အက်စ်အာရ်အက်စ် မီးလင်းတာ
၂၀ဝ၃ မော်ဒယ်ကနေ၂၀၁၁ မော်ဒယ်အထိမိုင်တစ်သိန်းဝန်းကျင် မောင်းနှင်ပြီးတဲ့အခါအဖြစ်များပါတယ်။ ၂၀၁၁ မော်ဒယ်တွေမှာအများဆုံးဖြစ်ပါတယ်။ အဲဒါက အက်စ်အာရ်အက်စ် (SRS) မီးလင်းလာတာပါ။ အဲဘက် (airbag) အသက်ကယ်လေအိတ်စနစ် ချို့ယွင်းတာ ဖြစ်တယ်။ ဘက်ထရီအသစ်အဟောင်းလဲလှယ်ပြီးတဲ့အခါတွေမှာလည်း အက်စ်အာရ်အက်စ်မီးလင်းတာ အဖြစ်များပါတယ်။ကွန်ပျူတာထိုးစစ်ပြီးချို့ယွင်းတဲ့အစိတ်အပိုင်းတွေ ပြုပြင်တာလဲလှယ်တာ ပြုလုပ်ရပါမယ်။


(၆) အင်ဂျင်မီးမကူးတာ
၂၀ဝ၃ မော်ဒယ်ကနေ ၂၀၁၂ မော် ဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးတဲ့အခါ အဖြစ်များ ပါတယ်။ Ignition coil ချို့ယွင်းတဲ့အတွက်အင်ဂျင်မီးမကူးတာပါ။ချို့ယွင်းချက်ရှိတဲ့ကွိုင်ကို အသစ်လဲလှယ်ရပါမယ်။


(၇) စပီကာတွေ အသံမလာတာ
၂၀၁၁ မော်ဒယ်ကနေ၂၀၁၇ မော်ဒယ်အထိမိုင်၆၀,ဝဝဝ ကျော်မောင်းနှင်ပြီးတဲ့အခါဖြစ်တတ်ပါတယ်။ ကီရာဆော်ရန်တိုမှာပါရှိတဲ့ယာဉ်လမ်းကြောင်းပြစနစ်ဟာ ရုတ်တရက် ချို့ယွင်းသွားပြီး စပီကာတွေပါ အသံမလာတော့တာပါ။ အဲသည်အသံစနစ်ဟာ ယာဉ်လမ်းကြောင်းပြ စနစ်၊ စီဒီပလေယာ၊ ရေဒီယို၊ဂြိုဟ်တုဆက်သွယ်ရေးစနစ်နဲ့တယ်လီဖုန်းတို့နဲ့ချိတ်ဆက်အသုံးပြုပါတယ်။အဲသည်စနစ်အားလုံးနဲ့ ဆော့ဖ်ဝဲချိတ် ဆက်မှုအားလုံး စစ်ဆေးပြုပြင်ရပါမယ်။ တစ်ခါတစ်ရံမှာ ဘက်ထရီနဲ့ချိတ်ဆက်တဲ့အပိုင်းက လွတ်သွားတဲ့အတွက် ပါဝါမဝင်တာလည်းဖြစ်နိုင်ပါတယ်။


(၈) အီလက်ထရစ်ကယ်ပြဿနာ
၂၀ဝ၅ မော်ဒယ်နဲ့ ၂၀ဝ၇ မော်ဒယ် ဆိုရန်တိုကားကိုမိုင် ၈၀,ဝဝဝ ကျော်မောင်းနှင်ပြီးတဲ့အခါ အီလက်ထရစ်ကယ်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ်များပါတယ်။ အဲဒါက ကားစက်စတ င်နှိုးရခက် ခဲတာ၊ ရှေ့မီးလုံးနဲ့နောက်မီးလုံးတွေဖွင့်လို့ ရလိုက် မရလိုက်ဖြစ်တာ။ ပါဝါတံခါးနဲ့ ပါဝါနောက် ကြည့်မှန်တွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုးတွေပါ။ ဝါယာရင်းစနစ်နဲ့ ဖျူးစ်တွေကိုစစ်ဆေးြ ပုပြင်ရပါမယ်။


(၉)  အင်ဂျင်က အသံမြည်တာ
၂၀ဝ၃ မော်ဒယ်ကနေ ၂၀၁၁ မော်ဒယ်အထိ မိုင်တစ်သိန်းမောင်းနှင်ပြီးတဲ့အခါအဖြစ်များတယ်။ အင်ဂျင်စက်စတင်နှိုးလိုက်တဲ့အခါ  အင်ဂျင်က ပုံမှန်မဟုတ်တဲ့ အသံတွေမြည်လာတာပါ။  အင်ဂျင်ကိုအချိန်အတော်ကြာရပ်တန့်ထားပြီးမှ စက်ပြန်နှိုးတဲ့အခါမျိုးမှာပိုအဖြစ်များပါ တယ်။ စက်နှိုးပြီး လေးငါးစက္ကန့်အတွင်းမှာ အသံမြည်တာပါ။  အင်ဂျင်ကိုစက်ရပ်ပြီး အင်ဂျင်ဝိုင်အနေ အထားကိုစစ်ဆေးသင့်ပါတယ်။  အင်ဂျင်ဝိုင်ဟာ ပုံမှန်အနေအထားအတိုင်း စစ်ဆေးတွေရှိတယ် ဆိုရင်တော့ timing chain tensioner ရဲ့ပြဿနာကြောင့် အသံမြည်နေတာပါ။

 

Read 589 times