Kia Picanto


Kia Picanto ကိုလက်ရှိအချိန်အထိမျိုးဆက်နှစ်ဆက်ထုတ်လုပ်ထားပါသည်။

ပထမမျိုးဆက်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ထုတ်လုပ်လျက်ရျိပါသည်။

လက်ရှိအချိန်တွင် တတိယမျိုးဆက် ၂၀၁၈ မိုဒယ်ထွက်ရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံကိုတော့ တင်သွင်းရောင်းချခြင်း မရှိသေးပါ။

သူ၏ကိုယ်ထည်ကို တံခါးငါးပေါက်ပုံစံအပြင် တံခါးသုံးပေါက်ပုစံနှင့်ပါ ထုတ်လုပ်ထားပြီး ပြည်တွင်းတွင်တော့ တံခါးငါးပေါက်ကားများသာ မြင်တွေ့ရများပါသည်။

Kia Picanto ၏ပထမမျိုးဆက်ကို ၂၀၀၃ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် Frankfurt Motor Show တွင်စတင်ပွဲထုတ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို Geneva Motor Show တွင်စတင်ပွဲထုတ်ခဲ့ပါသည်။

သူ၏ Platform တူပြိုင်ဘက်ကို ပြပါဆိုပါက Hyundai ၏ Grand i10 ကိုညွှန်းရမည်ဖြစ်ပါသည်။

အင်ဂျင်အမျိုးအစား Picanto သည်ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်အမျိုးအစားနှစ်မျိုးကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

ဆလင်ဒါသုံးလုံးထိုး 1.0Litre ဓာတ်ဆီအင်ဂျင်နှင့် ဆလင်ဒါလေးလုံးထိုး 1.25 Liter ဓာတ်ဆီအင်ဂျင်တို့ဖြစ်ပါသည်။

ဂီယာကိုလည်း 5speed Manual နှင့် 4 Speed Automatic နှစ်မျိုးထုတ်လုပ်ထားပါသည်။

ပျမ်းမျှဆီစားနှုန်းကတော့မြို့တွင်းကို တစ်ဂါလန် ၃၉ မိုင်ဝန်းကျင်နှင့် မြို့ပြင်တွင် တစ်ဂါလန်ကို မိုင်ငါးဆယ်ဝန်းကျင် မောင်းနှင်နိုင်ပါသည်။

အင်ဂျင်အရွယ်အစားက ဟိုမရောက်ဒီမရောက်လို့ပြောနိုင်သော်လည်း ဆီစားနှုန်းသက်သာမှုနှင့် space ကျဉ်းကျဉ်းနှင့်မောင်းနှင်နိုင်မှုက ရန်ကုန်မြို့က လမ်းမများအတွက် သင့်တော်သည်ဟု ဆိုရပါမည်။

ကိုယ်ထည်အချိုး သေးသေးကျစ်ကျစ်ရှိပြီး ကားဘီးအလွိုင်းနှင့် အတွင်းခန်းပုံစံများကို မိုဒယ်မြင့်ကားများကဲ့သို့ ဆန်းသစ်ထားတာ တွေ့နိုင်ပါသည်။

အတွင်းခန်းမှာတော့လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြုလုပ်ထားသကဲ့သို့ ဒိုင်ခွက်အစုအဝေးကို ကားမောင်းသူ မြင်သာထင်သာရှိစေရန် အထောက်အပံ့ပေးထားပါသည်။

Push-start Button,မှန်ချိုးမှန်ခေါက်,Driver Control Door Lock, Steering Volume Control, Sunroof စနစ်များကိုလည်း ထည့်သွင်းပေးထားပြီး Fully Auto Aircon စနစ်ကိုအသုံးပြုနိုင်ပါသည်။

၂၀၀၅၊ ၂၀၀၆ မိုဒယ် Kia Picanto ကို ရန်ကုန်လိုင်စင်နှင့် ၀ယ်ယူနိုင်ပြီး Kilo နှင့် ကားအခြေအနေပေါ်မူတည်ပြီး သိန်း ၁၈၀ မှ သိန်းနှစ်ရာကြားတွင်ရှိပါသည်။

 

Read 1915 times