Kia Picanto 2017


ကိုရီယားအခြေစိုက် Kia ကားကုမ္ပဏီမှ ထုတ်လုပ်ထားသော ၂၀၁၇ မိုဒယ် Kia Picanto ကားအမျိုးအစားသည် Hill Start Assist Control (HAC) စနစ်ပါရှိသည့်အတွက် တောင်တက်ခရီးများတွင် အလွယ်တကူ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

အတက်ခရီးများတွင် နောက်ပြန်လိမ့်မဆင်းသွားစေရန် HAC စနစ်က ထိန်းချုပ်ပေးထားသည့်အတွက် လီဗာနှင့် ဘရိတ်ကို စိုးရိမ်စရာမရှိဘဲ မောင်းနှင်နိုင်ရန် အကူအညီပေးပါသည်။

တောင်အဆင်းခရီးများတွင်လည်း အရှိန်လွန်လိမ့်ဆင်းသွားခြင်းမျိုးမဖြစ်စေရန် ထိန်းချုပ်ပေးနိုင်ပါသည်။

သေးငယ်သောကားလေးထဲတွင် မြင့်မာသော စွမ်းဆောင်ရည်များ ရရှိစေရန် နည်းပညာများနှင့် အဆင့်မြှင့်တင်ထားပါသည်။

၂၀၁၇ မိုဒယ် Kia Picanto ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၉၉၀၀ ရှိပြီး မြန်မာကျပ်ငွေ သိန်း ၂၇၀ ဝန်းကျင်ရှိပါသည်။

အင်ဂျင်အနေဖြင့် 1.2 L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး အော်တိုဂီယာလေးချက် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ရှဲလ်နှင့် မီးလုံးနှစ်ဖက်ချိတ်ဆက်ပြီး သွက်လက်သော ဒီဇိုင်းဖြစ်အောင် ပုံဖော်ထားပါသည်။

အလယ်တွင် KIA ၏ Logo တံဆိပ် တပ်ဆင်ထားပါသည်။

ရှေ့မီးလုံးများသည် Halogen Lamps များဖြစ်၍ ကျယ်ဝန်းပြတ်သားသော ညပုံရိပ်များကို တွေမြင်စေနိုင်ပါသည်။

အနက်ရောင်ဘန်ပါနှင့်အတူ Daylight  Daytime running Light မီးလုံးများ တပ်ဆင်ထားပါသည်။

ကိုယ်ထည်ဖရိန်များကို ခေတ်မီအဆင့်မြင့်ကြံ့ခိုင်မာကြောသော သံမဏိ (Advanced High-Strength Steel (AHSS) and Hot Stamped Steel ) များနျင့် တည်ဆောက်ထားပါသည်။

ထိုင်ခုံငါးလုံးပါရှိပြီး စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်သော ခလုတ်ပါရှိသောကြောင့် သက် သောင့်သက်သာဖြစ်စေပါသည်။

ဒက်ရှ်ဘုတ်ကို အဆင့်မြှင့်ထားပြီး ဒိုင်ခွက်များမှ ရှင်းလင်းပြတ်သားသော အချက်အလက်များ တွေ့မြင်စေနိုင်ပါသည်။

ခုနစ်လက်မ ရောင်စုံ Touch screenနှင့် အဆင့်မြင့် အသံစနစ်ပါရှိပြီး Bluetooth, MP3  AUX နှသ်ြ USB များနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Trip Computer ပါရှိသော Supervision Cluster တပ်ဆင်ပေးထားပါသည်။

ခေါင်မိုးတွင် အဖွင့်အပိတ်ပြုလုပ်နိုင်သော (sunroof) ပါရှိသည့်အတွက် သဘာဝလေ ထုနဲ့ သဘာဝမြင်ကွင်းတွေကို ထိတွေ့ ခံစားနိုင်သည်။

ပါဝါဝင်းဒိုး၊ ပါဝါထိုင်ခုံ၊ ပါဝါစတီယာရင် စနစ် ဖြစ်ပြီး Full Automatic Aircon (DFA) စနစ်ပါရှိသည့်အတွက် ကားအတွင်းခန်း အပူချိန်ကို လျှော့ချပေးပါသည်။

Steering Volume Control စနစ်ပါရှိသည့်အတွက် အသံစနစ်များကို စတီယာရင်မှ ထိန်းချုပ်ပေးနိုင်သည်။

သော့တံမလိုဘဲ ခလုတ်နှိပ်စက်နှိုးနိုင်သော Push Start Button စနစ်ပါရှိပြီး မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ ယာဉ်၏တည်ငြိမ်မှုရရှိစေရန် ဘီးတစ်ခုချင်းစီ၏ အမြန်နှုန်းကို စောင့်ကြည့်ထိန်းချုပ်ပေးနိုင်သော Electronic Stability Control စနစ် ပါရှိပါသည်။

SRS အသက်ကယ်လေအိတ်စနစ်ပါရှိပြီး အသက်ကယ်လေအိတ်ခြောက်လုံးအထိပါရှိသည့်အတွက် လုံခြုံစွာဖြင့်မောင်းနှင် နိုင်ပါသည်။

 

Read 1062 times