ဒီဇိုင်းလှပမှုနှင့် ဈေးနှုန်းသက်သာမှုများကြောင့် လူကြိုက်များလားသော KIA Picanto 2013


တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ KIA က ထုတ်လုပ်ထားသည့် Picanto (သို့) KIA Morning ဟုသိကြသော တံခါးငါးပေါက်ပါ Hatchback အမျိုးအစားကားလေးသည် မြန်မာနိုင်ငံလမ်းမမာျးထက်တွင် မြင်တွေ့ရစိပ့်လာပြီး ဒီဇိုင်းလှပမှုနှင့် ဈေးနှုန်းသက်သာမှုများကြောင့် လူကြိုက်များလားသော ကားတစ်စီးဖြစ်ပါသည်။

KIA Picanto ကို လက်ရှိအချိန်အထိ မျိုးဆက်နှစ်ဆက်ထုတ်လုပ်ထားပါသည်။

ပထမမျိုးဆကကို ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ ထုတ်လုပ်နေပါသည်။

ကားကိုယ်ထည်ကို တံခါးငါးပေါက်ပုံစံဖြင့် နှစ်မျိုးထုတ်လုပ်ထားပြီး ပြည်တွင်းတွင် တံခါးငါးပေါက်ကားများသာ မြင်တွေ့ရများပါသည်။

KIA Picanto ၏ ပထမမျိုးဆက်ကို ၂၀၀၃ ခုနှစ်က ကျင်းပပြုလုပ်သော ဖရန့်ဖွတ် Motor Show တွင် စတင်ပွဲထုတ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို ဂျီနီဗာ Motor Show တွင် စတင်ပွဲထုတ်ခဲ့ပါသည်။

ထိုကားနှင့် Platform တူ ပြိုင်ဘက်ကို ပြပါဆိုလျှင် Hyundai ၏ i10 ကို ညွှန်ရမည်ဖြစ်ပါသည်။

Picanto သည် ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်အမျိုးအစား နှစ်မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

ဆလင်ဒါ သုံးလုံးထိုး 1000 CC ဓာတ်ဆီအင်ဂျင်နှင့် ဆလင်ဒါလေးလုံးထိုး 1250 CC ဓာတ်ဆီအင်ဂျင်များသာ ဖြစ်ပါသည်။

ဂီယာကိုလည်း 5 Speed Manual နှင့် 4 Speed Automatic နှစ်မျိုး ထုတ်လုပ်ထားပါသည်။

အင်ဂျင်အရွယ်အစားက ဟိုမရောက်ဒီမရောက်ဟု ပြောနိုင်သော်လည်း ဆီစားနှုန်း သက်သာမှုနှင့် Space ကျဥ်းကျဉ်းမောင်းနိုင်မှုက ရန်ကုန်မြို့မှ လမ်းမများအတွက် သင့်တော်သည်ဟု ဆိုနိုင်ပါသည်။

ကိုယ်ထည်အချိုး သေးသေးကျစ်ကျစ်နှင့် အရမ်းလန်သော အမျိုးအစားထဲတွင် မပါသော်လည်း ကားဘိးအလွိုင်းနှင့် အတွင်းခန်းပုံစံများမှာ မိုဒယ်မြင့်ကားများကဲ့သို့ ဆန်းသစ်ထားခြင်းကို တွေ့နိုင်ပါသည်။

အတွင်းခန်းမှာ လူငါးဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြုလုပ်ထားသကဲ့သို့ ဒိုင်ခွက်အစုအဝေးကို Driver ပိုပြီးမြင်သာရန် အထောက်အပံ့ပေးထားပါသည်။

မှန်ချိုးမှန်ခေါက်၊ Driver Control Door-lock၊ Steering Volume-control စနစ်မာျးကိုလည်း ထည့်သွင်းပေးထားပြီး Auto Aircon စနစ်ကို အသုံးပြုနိုင်ပါသည်။

KIA Picanto 2013 မိုဒယ်ကို ရန်ကုန်လိုင်စင်နှင့် နံပါတ်ထွက်ပြီးသား ဝယ်ယူမည်ဆိုလျှင် သိန်း ၁၃၀ နှင့် သိန်း ၁၅၀ ကြားကျသင့်မည်ဖြစ်ပါသည်။

 

Read 879 times