လုပ်ငန်းသုံး လျှပ်စစ်ကားများ Kia မိတ်ဆက်ပြသ


လုပ်ငန်းသုံး လျှပ်စစ်ကားများ Kia မိတ်ဆက်ပြသ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယားမှ ကားလုပ်ငန်း Kia သည် အိမ်စီးကား အီးဗီများကိုသာ ထုတ်လုပ်ရာမှ လုပ်ငန်းသုံးယာဉ် အီးဗီများ စတင်ထုတ်လုပ်တော့မည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဗင် မော်ဒယ် PV5 ကို ထုတ်လုပ်မည် ဖြစ်သည်။ 

 Kia PV5 ကို အမေရိကန် လပ်ဗေးဂတ်တွင် ကျင်းပသည့် CES ပွဲတွင် ပြသခဲ့သည်။ 
Kia PBV Platform Beyond Vehicle အမည်ဖြင့် ထုတ်လုပ်မည့် မော်ဒယ်စီးရီးတွင် အဦးဆုံး မော်ဒယ်အဖြစ် Kia PV5 ကို ထုတ်လုပ်မည် ဖြစ်သည်။

CES တွင် PBV များ ပြသခဲ့ရာ၌ PV5 နှင့်အတူ PV5 ထက် အရွယ်အစားငယ်သည့် PV1 နှင့် PV3 တို့ကိုလည်း ပြသခဲ့သည်။ ထို့အပြင် PV5 ထက် အရွယ်အစားကြီးသည့် PV7 ကိုလည်း ပြသခဲ့ပါသည်။ 
PV5 ဗားရှင်း အမျိုးအမျိုးကိုလည်း ပြသခဲ့ပါသည်။
PV5 သည် စွယ်စုံသုံးယာဉ် multi-purpose vehicles အဖြစ် ပွဲထုတ်ပြသပါသည်။

PBV များတွင် PV5 ကို အရင်ဆုံး ထုတ်လုပ်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယားမှ ကားစက်ရုံတွင် စတင်ထုတ်လုပ်မည်။ စစချင်းတွင် တနှစ်လျှင် အစီးရေ ၁ သိန်းခွဲ ထုတ်လုပ်မည်။ 

PV5 သည် ကိုယ်ထည်အလျား ၄.၇ မီတာ ရှိသည်။ ဈေးနှုန်းမှာ ယူရို ၃၅,၀၀၀ ဝန်းကျင်ဖြစ်ပါသည်။

Kia EV6 နှင့် Kia EV9 လျှပ်စစ်ကားမော်ဒယ်များ ထုတ်လုပ်သည့် E-GMP ပလက်ဖောင်းဖြင့် PV5 ကို ထုတ်လုပ်မည်။ 
PV5 သည် ရှေ့ဘီးယက်ဖြစ်ပြီး ဗုိ့အား 400V ကို အသုံးပြုသည်။ 

PV5 ဗားရှင်း နှစ်မျိုးကို ထုတ်လုပ်ရန် အတည်ပြုထားသည်။ တမျိုးမှာ ၇ ယောက်စီး People Mover ဖြစ်ပြီး လူစီးရန်အတွက် ဒီဇိုင်းထုတ်ထားသည်။ ကျန်တမျိုးမှာ ကုန်တင်ရန်အတွက် ဒီဇိုင်းထုတ်ထားသည်။ ကုန်ထုထည် များများ ဝင်ဆံ့ရန် အမိုးကို မြှင့်ပေးထားသည်။ 

PV5 People Mover သည် တက္ကဆီကုမ္ပဏီများအတွက် ရည်ရွယ်သည်။ တက္ကဆီလုပ်ငန်း Uber က ဝယ်ယူရန် သဘောတူထားသည်။ 

အလိုအလျောက် မောင်းနှင်သည့် တက္ကဆီဗားရှင်း ဖြစ်သည့် Robotaxi ဗားရှင်းကို ထုတ်လုက်မည်ဖြစ်ပြီး မော်ဒယ်အမည်မှာ PV5-R ဖြစိပါသည်။ ၂၀၂၈ တွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 

PV5 ကို ပစ်ကပ်ထရပ်လည်း ထုတ်လုပ်မည်။ အီးဗီ အပြင် အင်ဂျင်ဖြင့်လည်း ထုတ်လုပ်မည်။

PV5 ဗားရှင်းအမျိုးမျိုးတွင် ယာဉ်မောင်းဇုန် "driver zone" ဟု အမည်ပေးထားသည့် ခေါင်းခန်းသည် တမျိုးတည်း အတူတူ ဖြစ်သည်။ 

 


PBV ကို အဆင့် ၃ ဆင့်ဖြင့် ထုတ်လုပ်မည်။
ပထမအဆင့်တွင် PV5 ကို ထုတ်လုပ်မည်။
ဒုတိယအဆင့်တွင် PV7 ကို ထုတ်လုပ်မည်။ ၂၀၂၇ တွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။ ပုံမှန် ရှေ့ဘီးယက် ဖြစ်ပြီး ၄ ဘီးယက်ကိုလည်း ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ 800V သုံးစွဲမည်။

အဆင့်-၃ မှာ လျာထားသည့် သဘောမျှသာ ဖြစ်သည်။ ၂၀၃၂ ခုနှစ် နောက်ပိုင်းမှ စတင်မည်။ သို့ဖြစ်ရာ PV1 နှင့် PV3 အတွက် ထုတ်လုပ်ရန် အစီအစဉ် မရေးဆွဲရသေးပါ။ 

အရွယ်အစား သေးငယ်သော PV1 သည် မြို့ပြဧရိယာများတွင် ဝန်အလေးချိန် အနည်းအကျဉ်းကို  သယ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး ယာဉ်မောင်း မပါသည့် ပင်ကိုမောင်းနှင်စနစ်ဖြင့်သာ ထုတ်လုပ်မည့် လုပ်ငန်းသုံး အီးဗီ မော်ဒယ်ဖြစ်သည်။

 

 

 

 

Source autocar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 383 times